‘ဂျပန် တို့ဟူးကင်’

‘ဂျပန် တို့ဟူးကင်’

အကင်မျိုးစုံ ရှိတဲ့ထဲမှာ ဂျပန်မှာလည်း လူကြိုက်များပြီ လူတိုင်း အကြိုက်တွေ့စေမယ့် ဟင်းလျာသစ်လေးကတော့ ဂျပန်တို့ဟူးကင် လေးပဲဖြစ်ပါတယ်။ တို့ဟူးကို ကင်စားလို့ ရပါ့မလား၊ ကောင်းပါ့မလားလို့ မေးစရာလေးတွေတော့ ရှိပါတယ်။ ၀တ်ရည် အရင်က တို့ဟူးကို ဟင်းချိုချက်တယ်၊ ဟင်းချက်ဖူးတယ်။ ခုကင်စားကြည့်မှ သူအရသာက ချိုစိမ့်ပြီ တကယ်လျှာလည်သွားမယ့် အရသာမျိုးပါ။ လုပ်နည်းကလည်း လွယ်တာမို့ တူတူလုပ်စားကြည့်ရအောင်…

 

ပါဝင်သောပစ္စည်းများ [Ingredients]

  • ဂျပန်တို့ဟူး [tofu]                                     ♦ ၁ဘူး
  • ကော်မှုန့် [corn flour]                               ♦ စားပွဲတင်ဇွန်း တ၀က် (ရေအနည်းငယ်ဖြင့် ရောမွှေထားပါ)
  • နှမ်း [sesame seed]                                ♦ အနည်းငယ်

ဆော့တွင် ပါဝင်ပစ္စည်းများ [Sauce Ingredients]

  • လီမွန်ရည် [orange juice]                                     ♦ စားပွဲတင်ဇွန်း ၈ဇွန်း
  • ပဲငံပြာရည်အကြည် [light soysauce]                    ♦ စားပွဲတင်ဇွန်း ၆ဇွန်း
  • သကြား [sugar]                                                   ♦ စားပွဲတင်ဇွန်း ၅ဇွန်း
  • နှမ်းဆီ [sesaem oil]                                            ♦ စားပွဲတင်ဇွန်း ၂ဇွန်း
  • ကြက်သွန်ဖြူ [garlic]                                            ♦ ၂မွှာ (နှုတ်နှုတ်စဉ်းပေးပါ)
  • ဂျင်း [ginger]                                                       ♦ ၂ပြား (မထူမပါးလေး လှီးပေးပါ)
  • နတ်နတ်ပွင့် [star anise]                                      ♦ ၂ခု

 

 

ချက်ပြုတ်နည်း [Cooking Recipes]

၁။ အရင်ဆုံး လုပ်ရမှာက တို့ဟူးလေးတွေကို လက်မ၀က်ထက် အနည်းငယ်ပါးပြီ လှီးပေးပါ။

၂။ ပြီးမှ တို့ဟူးများကို တ၀က်ပြန်ဝက်ပေးပြီ ပန်းကန်လုံးတစ်ခုထဲ ထည့်ထားပေးပါ။

၃။ တို့ဟူးကို နုပ်ထားရန် ဆော့ကို စလုပ်ပါမည်။ ဆော့အတွက် ပါဝင်ပစ္စည်းများ ဖြစ်သော (လီမွန်ရည်၊ ပဲငံပြာရည်၊ သကြား၊ နှမ်းဆီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ နတ်နတ်ပွင့်) တို့အားလုံးကို ခွက်တစ်ခုထဲသို့ ရောထည့်လိုက်ပါ။

၎။ ပြီးနောက် ဆော့ထည့်ထားသော ခွက်အတွင်းကို မွှေတံဖြင့် သမအောင် (သကြားများ ပျော်အောင်) အထိ မွှေပေးပါ။

၅။ ဆော့ရပြီဆိုလျှင် တို့ဟူးပန်းကန်ထဲသို့ ဆော့ရည်များကို လောင်းထည့်ပေးပြီ ၁နာရီခန့် ရေခဲသေတ္တာထဲတွင် နုပ်ထားပေးပါ။

၆။ တို့ဟူးကင်ရာတွင် မီးသွေး၊ ဂက်(စ်)၊ လျှပ်စစ်မီးဖို ကိုယ်ကြိုက်နှစ်သက်ရာကို အသုံးပြုနိုင်ပါသည်။

ရ။ စကင်တော့မည် ဆိုလျှင် နုပ်ထားသော တို့ဟူးတစ်ခုကို ၀ါးတံစို့ နှစ်ခုထည့်ပြီ ကင်ရန် စီထားပေးပါ။

၈။ ပြီမှ ခွက်ထဲမှ ဆော့ရည်များကို ဒယ်ထဲထည့်၍ အပူပေးပြီ ပူလာလျှင် ကော်ရည်များကို လောင်းထည့်ကာ ခွက်တစ်ခုထဲ ပြန်ထည့်ထားပါ။

၉။ ကင်မည့် အပြားကို ဆီအနည်းငယ် သုတ်ပေးပါ။ ပြီလျှင် တို့ဟူးများကို စကင်လို့ရပါပြီ။

၁၀။ ကင်နေစဉ် အတွင်း တို့ဟူးမျက်နှာပြင်များကို ချက်ထားသော ဆော့ရည်များကို သုတ်ပေးပါက ပိုမိုကောင်းမွန်သည်။

၁၁။ အညှိရောင်သန်းလာသည်အထိ ၂မိနစ်ခြားတစ်ခါလောက် လှည့်လှည့်ပေးပါ။

၁၂။ တို့ဟူးကင်များ ရပြီ ဆိုလျှင် ဆော့ရည်အနည်းငယ် သုတ်ပေးပြီ အပေါ်မှ နှမ်းလေးများ ဖြူး၍ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ….

Tip: ကျန်သည့် တို့ဟူးဆော့ရည်ကို ဆော့အဖြစ် တွဲစားပါက ပိုမိုကောင်းမွန်သည်။

 

12 comments

  1. share bar lar…new thing lay…like tal…treat me hee

  2. မြတ် says:

    အထူးအဆန်းလေးမို့ လုပ်စားဖို့ကြိုးစားလိုက်အုံးမယ်နော် ၊
    ပို့ပေးတဲ့အတွက် အများကြီးကျေးဇူးတင်လျှက်

  3. shinlay says:

    တို့ ဟူးဆိုကြိုက်ပါတယ်။ လုပ်စားကြည့်ပါမယ်။

  4. darlay says:

    ဝတ်ရည် ! ဂျပန်တို့ဖူးကဘယ်လိုဟာမျိုးလဲဟင်. ပဲပြားကိုပြောတာလား

    • chowutyee says:

      ဟုတ်ကဲ့ ဂျပန်ပဲပြားပါ။ ဒါပေမယ့် ဂျပန်ပဲပြားက ပိုနူးညံ့ပြီ စားလို့ကောင်းတယ်.. CityMart မှာ လေးထောင့်တုံး ဂျပန်ပဲပြားလို့ မေးပြီဝယ်လို့ရပါတယ်.. 😀

  5. မသေးမျှင် says:

    သရေကျစရာ ကောင်းလွန်းသော Website 😀

Leave a Reply

Your email address will not be published. Required fields are marked *