တို့ဟူးပေါင်း

တို့ဟူးပေါင်း

ဒါကတော့ ကိုရီးယားစတိုင် တို့ဟူးပေါင်းလေးပါ။ ကိုရီးယားမှာ တို့ဟူးကို စွတ်ပြုတ်၊ အကင်၊ ဟင်း မျိုးစုံ လုပ်စားသည့်အထဲတွင် တိုဟူးကို ပေါင်းသည့်နည်းလေးဖြင့် မိတ်ဆက်ပေးပါရစေ။ အရသာက ချိုစပ်လေးနှင့် စားချင်စဖွယ်လေးပါ။ ၀တ်ရည်ကတော့ ထမင်းနဲ့စားတဲ့အခါ ဟင်းရံအဖြစ်တွဲဖက် စားသုံးပါတယ်။ အချိန်တိုတိုဖြင့် လုပ်စားနိုင်တာမို့ ဒီဟင်းလျာကို အားလုံး ကြိုက်နှစ်သက်ကြမှာပါ…

ပါဝင်ပစ္စည်းများ

တို့ဟူး – ၃၀၀ဂရမ်

ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

ပဲငံပြာရည်အကြည် – လက်ဖက်ရည်ဇွန်း ၄ဇွန်း

နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း

သကြား – လက်ဖက်ရည်ဇွန်း တ၀က်

ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)

ချက်ပြုတ်နည်း

၁။ တို့ဟူးကို ဓားဖြင့် ၂ပိုင်းပိုင်းလိုက်ပါ။ ( လှိုင်တွန့်ဓား ရှိပါက ဘေးသားများကို လှိုင်တွန့်များ ဖြစ်အောင် အနည်းငယ် လှီးဖြတ်ပေးပါ။)

၂။ ထို့နောက် ပန်းကန်တစ်ခုထဲ ထည့်၍ ပေါင်းအိုးဖြင့် ၁၅မိနစ်ခန့် မီးများများဖြင့် ပေါင်းပေးထားပါ။

၃။ ပြီမှ ဆော့ရည်အတွက် (ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ နှမ်းဆီ၊ သကြား၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်) တို့ကို ခွက်တစ်ခုထဲ ရောမွှေထားပါ။

၎။ တို့ဟူးများ ပေါင်းပြီလျှင် အပေါ်မှ ဆော့များကို လောင်းချပေးပြီ ကြက်သွန်မြိတ်လေးများ ဖြူးပေးလိုက်ပါ။

၅။ အရသာရှိပြီ ကျန်းမာရေးနှင့် ညီညွှတ်သည့် တို့ဟူးပေါင်းကို စားသုံးနိုင်ပါပြီ…

22 comments

  1. myattun naing says:

    တို့ဖူးဖြူလား တို့ဖူးဝါလား
    အဖြူဆို မလုပ်တတ်ဘူးဗျ
    ဖက်ထုတ်ကြော်လုပ်လိုက်တာ ဘတ်ဂျက်နဲနဲခိုက်သွားတယ်
    စမ်းတာတစ်ခါ ကြွားချင်လို့လုပ်တာတစ်ခါ
    ဘာပဲဖြစ်ဖြစ်-ကျေးဇူးအများကြီးတင်တယ်

    • chowutyee says:

      တို့ဟူးဖြူပါ…. တို့ဟူးတွေ Citymart မှာ Bean Curd ဆိုပြီ ၀ယ်လို့ရတယ်။ ဟီးဟီး budget နည်းနည်း ထိခိုက်သွားလို့ ဆော်ရီးနော်။ ၀တ်ရည်လည်း ဒီအတိုင်းပဲ စမ်းလိုက်၊ ကြွားချင်လို့ ထပ်လုပ်လိုက်နဲ့ … 🙂

  2. hanlay says:

    ပုံစံကတော့ကောင်းတယ် ညီမကတို့ဟူးမကြိုက်တော့ခက်သားအမရဲ့

    • chowutyee says:

      ဟန်လေး တို့ဟူးက မိန်းခလေးနဲ့ တည့်တယ်။ ကျန်းမာရေးလည်း ညီညွှတ်တယ်… ရှဲရှဲနော်.. 😀

  3. mgthant says:

    တို့ဟူးပေါင်း ကောင်းမှ ကောင်း

  4. ma phoo says:

    I like it very much wut yee …
    thank u so much naw…

  5. TTSweet says:

    လာလည်၊ လာကြည့်၊ လာစား … အဲလေ …စားလို့မှမရတာ … သွားရေကျ ပြန်သွားပါတယ်။

    တို့ဟူး (ပဲပြား)တော့ ကြိုက်ပါတယ်။ မစားဖူးတော့ ဘယ်လို အရသာမှန်းမသိဘူး။ ဒီမှာ ပဲပြားလဲ ဈေးကြီးသဗျ။

  6. khin says:

    you are very clever.့please let me know the method of chichen leg noodle.

  7. shaheda says:

    တို့ဟူးက အ၀ါရောင်နဲ့ လုပ်လို့ ရမလား အမ…အဖြူကို မတွေ့ဖူးဘူး အမေ….

  8. shaheda says:

    အဖြူရောင်ကို မတွေဖူးဘူးလို့ အမ..

  9. အမ … ဂျပန် တို့ဖူးနဲ့ ကိုရီးယာ တို့ဖူးက ဘာကွာလည်းအမ 🙂

  10. ကျော်ဝေယံဖြိုး says:

    မဝတ်ရည်ရေ……ပဲခေါက်ဆွဲ စားချင်လိုက်တာဗျာ

    • admin says:

      တခါမှ မလုပ်စားဖူးသေးဘူး။ လုပ်စားပြီတာနဲ့ ချက်နည်းနဲ့တကွ တင်ပေးလိုက်ပါ့မယ်

  11. fatty says:

    ငရုတ်သီးမှုန့်က အရောင်တင်မှုန့်လား ဟင်

Leave a Reply

Your email address will not be published. Required fields are marked *