ဝက်စတူး နှင့် မုန့်ညှင်း
ဝက်စတူး နှင့် မုန့်ညှင်း
ဝက်စတူးနှင့် မုန့်ညှင်းဟင်းသည် ချက်ရတာလွယ်ကူပါတယ်။ ၀တ်ရည် အိမ်သားတွေ ကြိုက်နှစ်သက်လို့ အမြဲတမ်းလိုလိုချက်လေ့ရှိပါတယ်။ ၀က်စတူး နဲ့ မုန့်ညှင်းကို အရသာကလည်း ကောင်းမွန်တာမို့ လုပ်စားကြည့်ရအောင်…
ပါဝင်သောပစ္စည်းများ
၁။ ၀က်သား၃ထပ်သား – ၄၀ကျပ်သား
၂။ ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
၃။ ပျားရည် – စားပွဲတင်ဇွန်း ၃ဇွန်း
၎။ ပဲငံပြာရည် အနောက် – စားပွဲတင်ဇွန်း ၂ဇွန်း
၅။ ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
၆။ နတ်နတ်ပွင့် – ၂ခု
၇။ မှိုခြောက်ပွင့်အမဲ – ၇ခု (အတုံးလေးများ တုံးပေးပါ) (ရေနွေးဖြင့် ပြုတ်ပေးပါ)
၈။ ကော်မှုန့်
၉။ မုန်ညှင်း – ၂စည်း (ရေနွေးဖြင့် ဖျော်ပေးပါ)
ချက်ပြုတ်နည်း
၁။ ၀က်သုံးထပ်သား များကို အတုံးကြီးကြီး တုံးပါ။ ၀က်သားကို ဆူးဖြင့်ထိုးပေးပါ။
၂။ ပြီးလျှင် ၀က်သုံးထပ်သားအားလုံးကို ( ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ သကြား (လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ခရုဆီ၊ ပဲငံပြာရည်အနောက်၊ ပျားရည်၊ ရှာလကာရည်၊ နတ်နတ်ပွင့် ) ထည့်ရောနုယ်ပေးပြီး ၃နာရီခန့် ရေခဲသေတ္တာထဲတွင် နုပ်ထားပေးပါ။
၃။ မချက်ခင် ရေခဲသေတ္တာထဲမှ နာရီဝက်ခန့် ကြိုထုတ်ထားပါ။
၎။ ပြီးမှ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့် နုယ်ထားသော ၀က်သုံးထပ်သားကို ထည့်မွှေပေးပါ။
၎။ ဆီပြန်လျှင် ရေကို ၀က်သုံးထပ်သားမြုပ်သည်အထိထည့် မီးပြင်းပြင်းဖြင့်တည်ထားပေးပါ။ ရေခန်းပြီး ဆီပြန်လာလျှင် မှိုခြောက်ပွင့်အမဲများ ထည့်မွှေပေးပါ။ ၃ကြိမ်ခန့် ရေထပ်ထည့်ပြီး တည်ပေးပါ။
၅။ ၀က်သုံးထပ်သားနူးအိလာပြီး ဆီပြန်လာပြီးဆိုလျှင် ဆော့ရည်အနည်းငယ်ချန်၍ မီးပိတ်လိုက်ပါ။
၆။ ၀က်သုံးထပ်သားကို ပါးပါးလှီးပြီး ပန်းကန်ပြားကြီးကြီးပေါ်တွင် စီထည့်လိုက်ပါ။ ပြီးလျှင် မှိုခြောက်များကို အပေါ်မှ စီထည့်ပါ။
၇။ ပြီးလျှင် ဆော့ရည်ကို ပြွက်ပြွက်ဆူအောင်တည်ပြီး ကော်ရည်၁ဇွန်းကိုေ၇ဖြင့်ဖျော်၍ ဒယ်ထဲထည့်ပေးပြီး မွှေပေးပါ။
၈။ ၀က်သုံးထပ်သားထည့်ထားသော ပန်းကန်ပြားထဲသို့ မှိုခြောက်တုံးများထည့်လိုက်ပါ။
၉။ ပြီးနောက် ဆော့ရည်များကို လောင်းချလိုက်ပါ။
၉။ ပြီးလျှင် မုန့်ညှင်းများကို ပန်းကန်ဘေးတွင် စီထားလိုက်ပါ။
၁၀။ စားချင်စဖွယ်ကောင်းပြီး အရသာရှိသော ၀က်စတူး နှင့် မုန့်ညှင်းကို ရရှိပါပြီး။
47 comments
  1. hmone gyi says:
    yummy yummy yummy looking nice too will try it one as it seem easy 😉
  2. de lote kaung tal pork belly ko bar loe comment ma give kyae bar late
  3. Ei Mon says:
    ကြည့်ပြီးသရေတွေကျနေလို့ comment မပေးနိုင်ကြတော့တာထင်တယ်… …….
    ဒီsiteကဟင်းချက်နည်းတွေနဲဒီမှာလုပ်စားနေတာကြာပြီ….:D ဟင်းချက်ကောင်းတယ်အပြောခံရတိုင်းမဝတ်ရည်ကိုကျေးဇူးတင်မိတယ်…..ကျေးဇူးပါနော်…နောက်လဲစိတ်ချမ်းသာကိုယ်ချမ်းသာစွာနဲ့ဟင်းချက်နည်းအသစ်တွေထက်တင်နိုင်ပါစေ……
  4. pharoanic says:
    ရှာလကာရည် သုံးရင် ချဉ်တဲ့အရသာပါနေမလား
    ဘာလို့သုံးရပါသလဲ သိချင်လို့ပါ
    • chowutyee says:
      ချဉ်တဲ့အရသာ နည်းနည်းလေးပဲပါတာပါ။ တကယ်အရသာက ချိုပါတယ်။ လိုအပ်လို့ ထည့်ထားတာပါ.. ကျေးဇူးပါ.. 🙂
    • saungangel says:
      ရှာလကာရည်က အသားကို နူးလွယ်စေတယ် ၀က်သားပေါ့ အရသာ အနေနဲ့ မထည့်တဲ့ အတွက် မချဉ်ပါဖူး
  5. မီးလေး says:
    စားချင်စရာကြီးနော် ဗိုက်ဆာနေတာနဲ့ ဟင်းဟင်း
  6. serenawilaim says:
    • chowutyee says:
  7. 42 says:
    ဆားက လက်ဖက်ရည်ဇွန်း၁၀ဇွန်းဆိုတာဟုတ်ပါသလားခင်ဗျာ
    ဆားအချိုးကို တချက်လောက်ပြန်ပြီး confirm လုပ်ပေးပါလား
    ကျေးဇူးပါ
    • chowutyee says:
      ဆော်ရီးပါနော်.. ပြန်ပြင်ထားပါတယ်.. ပြန်ဖတ်ကြည့်လိုက်ပါနော်.. 🙂
  8. usai says:
    Please explain how to make ဆော့ရည် .
  9. arkar phyu says:
    love this one. i was reading to my Hubby and he said cook for him on my Day off 🙂
  10. ဇော်ဇော် says:
    ရေခဲသေတ္တာကအပေါ်လားအောက်လားအမ…..ဘယ်ထဲထဲ့ပေးရမလဲသိဘူးနော်
    • admin says:
      ရေခဲသေတ္တာ အောက်ထပ်မှာပါ
      • ဇော်ဇော် says:
  11. La Min says:
    Thanks for sharing .. Let me share naw…
    • admin says:
      Please share!
      • Aye Swe says:
        Some people use fore leg of pig for cocking, which is better?
        • admin says:
          ဟုတ် တချို့လည်း ၀က်ခြေထုတ်ရိုးနဲ့ ချက်တာရှိပါတယ်။ ကိုယ်ကြိုက်တာနဲ့ လုပ်စားလို့ရပါတယ်။ တမျိုးစီပေါ့..
  12. Sint says:
    ဆော့ရည်က ခရမ်းချဉ်သီးဆော့လား sis
    • admin says:
      ဆော့ရည်ဆိုတာ ၀က်စတူးချက်ထားတဲ့ အရည်ကို ပြောတာပါ..
  13. may kyaw says:
    ပျားရည် မရှိရင် ဘာထည့်လို့ ရလဲ sis
    • admin says:
      ပျားရည်မရှိရင် သကြားထည့်လို့ရပါတယ်..
  14. sai lashio says:
    အရင်မီးကင်ရတယ်၊တူးသွားမှာမစိုးရိမ်ပါနဲ့၊ကင်ပြီးရင်ရေအေးထဲထည့်စိမ်၊ဓါးဦးချွန်နဲ့တူးသွားတဲ့
    နေရာတွေကိုအသာခြစ်လိုက်ရင်ပြောင်သွားမှာပါ။ပြီးရင်ပဲငန်ပြာရည်အနောက်၊သကြားလိုသလောက်
    ဟင်းခတ်မှုန့်၊ဂျင်းဓါးပြားရိုက်ထည့်၊ရေထည့်ပြီးမီးပြင်းပြင်းနဲ့တည်၊ခနလေးနဲ့နူးတယ်၊ကြက်သွန်ဖြူနီ
    ကတော့နောက်မှထည့်ပေါ့။အပေါ်ကနည်းနဲ့တော့မတူဘူးပေါ့၊ကျနော်အမြဲတမ်းချက်စားတဲ့နည်းပါ။
  15. sai lashio says:
    မမေကျော်
    ဟန်နီ မရှိရင် စူးဂါး(နတ် ဒါမ မဟုတ် သကြား)ထည့်လည်းရပါတယ်။ခွိ
  16. sai says:
    ဒီထက်လက်ပေါက်ခြေပေါက်ကပ်တဲ့နည်းရှိသေးတယ်၊သိချင်ရင်လက်ညှိုးထောင်၊ထောင်တဲ့လက်ညှိုး ပျားအုံထိုး။ဟိ…….စတာပါ
  17. ye kyaw says:
    ရေခဲသေတ္တာ ထဲ ၃ နာရီဆိုတော့ မကြာလွန်းဘူးလား
    • admin says:
  18. john Ye' says:
    nice dish
  19. snow says:
    အစ်မရေ
    စမ်းချက်ပြီးပြီ
    ပဲငံပြာရည်က စားပွဲတင် ၂ဇွန်း ဆိုတော့ ဟင်းကအရမ်းမဲသွားတယ် :.(
    အစ်မပုံကလို အရောင်မလှဘူ:
    • admin says:
      ဟုတ်လား sis.. ပဲငံပြာရည် အနောက် (လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ပဲငံပြာရည် အကြည်(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပြီ ပြန်ချက်ကြည့်ပါအုန်း.. 🙂
  20. သိမ့် says:
    အမရေ အမဟင်းတွေခုကစပြီးစမ်းချက်နေတယ်
    သူပြန်လာရင်ချက်ကျွေးရနော်
    အမကိုကျေးဇူးအများကြီးတင်ပါတယ်
  21. သိမ့် says:
    အမရေ အမဟင်းတွေခုကစပြီးစမ်းချက်နေတယ်
    သူပြန်လာရင်ချက်ကျွေးရအောင်လို့
    အမကိုကျေးဇူးအများကြီးတင်ပါတယ်
  22. ohnmar swe says:
    ဝတ်ရည်ရဲ့ချက်နည်းလေးတွေနဲ့ချက်ရတာအရမ်းအဆင်ပြေပါတယ်ဟင်းချက်စာအုပ်လဲဝယ်ထားပါတယ်
    • admin says:
      ဟင်းချက်စာအုပ် အားပေးလို့ ကျေးဇူး အများကြီးတင်ပါတယ်. 🙂
  23. KMmyint says:
    ရှဲ့ရှဲ့
Leave a Reply
Your email address will not be published. Required fields are marked *