ကြက်တောင်ပံကင်

ကြက်တောင်ပံကင်

 

New Year ပါတီမှာ လုပ်စားဖို့ နောက် အကင်သစ် တမျိုးတင်ပေးလိုက်ပါတယ်။ အကင်ဆိုလျှင် ကြက်တစ်ကောင်လုံး၏ အကောင်းဆုံး အစိတ်အပိုင်းဖြစ်တဲ့ ကြက်တောင်ပံကင်ကို လူကြိုက်များကြပါတယ်။ ကြက်တောင်ပံကို ၀ါးတံစို့ဖြင့် ကင်တာမို့ ကြက်တောင်ပံ မျက်နှာပြင်ပိုမို မီးနှင့်ထိတွေ့လျှင် ပိုပြီ စားလို့ကောင်းလေပါပဲ။ အရသာကလည်း ချဉ်ချိုလေးနဲ့ ထောပတ်အနံ့လေးပါ သင်းနေပါတယ်။ ပါတီပွဲတွေ လုပ်တော့မယ်ဆိုရင် ဒီကြက်တောင်ပံကင်လေးကို လုပ်စားကြည့်ဖို့ မမေ့ကြနဲ့နော်…

 

ပါဝင်ပစ္စည်းများ [Ingredients]

  • ကြက်တောင်ပံ [chicken wings]                ♦ ၈ခု
  • ကြက်သွန်မြိတ် [spring onion]                 ♦ ၁စည်း (ပါးပါး လှီးထားပါ)

ဆော့ရည် ပါဝင်ပစ္စည်းများ

  • ထောပတ် [butter]                                    ♦ စားပွဲတင်ဇွန်း ၈ဇွန်း
  • ကြက်သွန်ဖြူ [garlic]                                ♦ ၄မွှာ (နှုတ်နှုတ်စဉ်းထားပါ)
  • ဂျင်း [ginger]                                           ♦ စားပွဲတင်ဇွန်း ၁ဇွန်း (ထောင်းထားပါ)
  • ထိုင်းငရုတ်သီးဆော့အစပ် [thai hot sauce]               ♦ စားပွဲတင်ဇွန်း ၈ဇွန်း (သို့) ကြိုက်နှစ်သက်ရာ ဆော့အစပ်
  • သံပရာရည် [lime juice]                            ♦ စားပွဲတင်ဇွန်း ၃ဇွန်း
  • ငရုတ်ကောင်းမှုန့် [black pepper]             ♦ လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား [salt]                                               ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း

 

ကင်နည်း [Grill Recipes]

၁။ အရင်ဆုံး ကြက်တောင်ပံများကို ၀ါးတံစို့များဖြင့် မျက်နှာတစ်ခုလုံးဆန့်ထုတ်အောင် ပုံတွင်ပါသည့်အတိုင်း သီထားလိုက်ပါ။

၂။ ပြီနောက် ဆော့ရည်စချက်ပါမည်။ ဒယ်ထဲ ထောပတ် (စားပွဲတင်ဇွန်း ၃ဇွန်း)ထည့်ပြီ ပျော်သွားလျှင် ကြက်သွန်ဖြူ၊ ဂျင်းများကို ထည့်ပြီ မွှေပေးပါ။

၃။ ပြီနောက် ကျန်ထောပတ်၊ ထိုင်းဆော့၊ သံပရာရည်၊ ဆား၊ ငရုတ်ကောင်းမှုန်ပတို့ကို ထည့်ပြီ ဆူလာလျှင် မီးပိတ်ထားလိုက်ပါ။

၎။ ဆော့ရည်ကို ခေတ္တမျှ အအေးခံပြီ အခန်းအပူချိန်တွင် ထားထားပေးပါ။

၅။ ပြီမှ ကြက်တောင်ပံပေါ်သို့ ဆော့ရည်များကို လောင်းချလိုက်ပါ။

၆။ ရေခဲသေတ္တာထဲတွင် ၁နာရီခန့်ကြာအောင် နှပ်ထားပေးပါ။

ရ။ ကင်မည်ဆိုလျှင် မီးကင်ပြားကို ဆီအရင်သုတ်ထားပေးပါ။ မီးသွေး (သို့) ဂက်(စ်) ကြိုက်ရာဖြင့် ကင်နိုင်ပါသည်။

၈။ မကင်ခင် ကြက်တောင်ပံနှင့် နှပ်ထားသော ဆော့ရည်များကို မီးဖြင့် အနည်းငယ် အပူပြန်ပေးပြီ ခွကတစ်ခုထဲတွင် ထည့်ထားပေးပါ။

၉။ မီးကင်ပြားပေါ်သို့ ကြက်တောင်ပံများကို တဖက်ကို ၈-၁၂မိနစ်ထိ မိနစ်၂၀ခန့် ကျက်သည်အထိ ကင်ပေးပါ။

၁၀။ ကြက်တောင်ပံကင်များကျက်ပြီ ဆိုမှ ခုနက ပြန်အပူပေးထားသော ဆော့ရည်များကို လောင်းချပြီ အပေါ်မှ ကြက်သွန်မြိတ်လေးများ ဖြူးပေးကာ သုံးဆောင်နိုင်ပါပြီ…

25 comments

  1. wwmoe says:

    လွယ်ပြီးစားကောင်းတာမို့ အရမ်းကြိုက်တယ်။

  2. ခင်ယမုံ says:

    ကြက်တောင်ပံကင်လေးကိုအရမ်းကြိုက်တာပေါ့..
    လုပ်စားမယ်ညီမလေး..ကျေးဇူး
    ဝက်သားနဲ့ ဝက်ခေါက်ကင်နည်းလေးတွေပါ သိချင်ပါတယ်ညီမလေးရယ်..
    ညီမလေး အဆင်ပြေတဲ့နေ့ကျရင်ပြောပြပါအုံးနော်..
    🙂

  3. yuki says:

    ကျေးဇူးပဲ ဝတ်ရည်..ကြိုးစားလိုက်ဦးမယ် ကင်ဖို့. ….

  4. moe says:

    ကျေး ဇူးပါ ညီမလေးရေ ကိုးရီးယား ကြက် အချိုကြော်ကတော့ ပွဲဦးထွက်နာမည်ကောင်း ရနေပြီ ခု လာပြန်ပြီပေါ့ ကြက်တောင်ပံကင်

    လက်တွေ့ စမ်းသတ်လိုက် အုန်းမယ်

  5. seem easy to make and yummy 🙂

  6. tinzar says:

    ငါးကင်လည်းရေးပေးအုံးနော်….newyear လုပ်စားမလို့ပါ…:)

  7. nitar says:

    hello sis.. today i went to city mark to find thai hot sauce.. but the staff dont know it and i cant able to find.. can u show me the photo of Thai hot sauce ?.. and can i use vinegar instead of lime juice..?

    • admin says:

      vinegar က အနံ့ထွက်လို့ သံပရာရည်ထည့်တာ ပိုအဆင်ပြေမယ် ထင်တယ်။ Thai hot sauce က အစပ်ဆိုရတယ်။ ဘယ် တံဆိပ်ပဲ ဖြစ်ဖြစ်ပါ။ ၀တ်ရည်သုံးတဲ့ တံဆိပ်မှ မဟုတ်ဘူး၊ ကိုယ်ကြိုက်တဲ့ တံဆိပ်ကို သုံးလို့ရပါတယ်.. ကျေးဇူးပါနော်

  8. […] ကြက်တောင်ပံကင် […]

  9. zar chi says:

    အစ်မရေ အဲဒါတွေကြောင့်ချစ်နေရတာ 😛
    နောက်အဆင်ပြေရင်ဆီထမင်းထိုးနည်းလေးတင်ပေးပါနော်

  10. Nyo Nyo says:

    ကြက်ဥကင်လုပ်နည်းလေးလဲအဆင်ပြေရင်တင်ပေးနော်

  11.ွှThan Than Mu says:

    New Year မှာလုပ်စားကြည့်မယ်နော် ။

  12. moe hein says:

    Thanks very much ma wut yee for my new year party

  13. […] ကြက်တောင်ပံကင် […]

  14. ayeayemaw says:

    ငါးကင် လုပ်နည်း accountထဲထည့်ပေးပါနော်

Leave a Reply

Your email address will not be published. Required fields are marked *