ဝက်နံရိုးကင်

‘၀က်နံရိုးကင်’

မနေ့က တင်လိုက်တဲ့ ၀က်နံရိုးကင် post error တက်ပြီ ဖွင့်မရသည့်အတွက်။ နောက်ထပ် ၀က်နံရိုးကင်အသစ်  တကြိမ် ထပ်တင်လိုက်ပါသည်။ domain error ကြောင့် ခေတ္တ wutyeefoodhouse ကို ၀င်ကြည့်မရသည့်အတွက်လည်း အထူးမေတ္တာရပ်ခံပါသည်။

ဗီယက်နမ်စတိုင် ၀က်နံရိုးကင်လေးကတော့ ၀တ်ရည်စားဖူးတဲ့ ၀က်နံရိုးကင်တွေထဲမှာ အကောင်းဆုံးဟင်းလျာ ထဲမှာ ပါပါတယ်။ သူမှာ ပါဝင်တဲ့ ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်၊ ငရုတ်သီး၊ သံပရာရည်တို့ကြောင့် ချဉ်၊ ချို၊ စပ် အရသာသုံးမျိုးလုံးကို ရရှိမှာပါ။ သူအပေါ်က ဖြူးထားတဲ့ မြေပဲကြောင့် ကြွပ်ကြွပ်ရွရွနဲ့ ချိုစိမ့် အရသာတမျိုးကို ထပ်ရအုန်းမှာပါ။ လုပ်ရလည်းလွယ်တဲ့ ဗီယက်နမ်စတိုင် ၀က်နံရိုးကင်လေးကို လုပ်စားကြည့်ရအောင်…

 

ပါဝင်ပစ္စည်းများ [Ingredients]

  • ၀က်နံရိုး[pork rib]                                ♦ ၁ခု (၁ပေါင်ခွဲ)
  • မြေပဲ [peanut]                                     ♦ စားပွဲတင်ဇွန်း ၁ဇွန်း (မညက်တညက်ထောင်းထားပါ)

ဆော့တွင် ပါဝင်ပစ္စည်းများ [Sauce Ingredients]

  • စပါးလင် [lemon grass]                       ♦ ၁စည်း (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ [garlic]                            ♦ ၅မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်မြိတ် [scallot]                       ♦ ၁စည်း (နှုတ်နှုတ်စဉ်းပါ)
  • ဂျင်း [ginger]                                       ♦ လက်တဆစ် (နှုတ်နှုတ်စဉ်းပါ)
  • င၇ုတ်သီးစိမ်း [chilli]                             ♦ ၂မွှာ (ပါးပါးလှီးပါ)
  • နံနံပင် [cilantro]                                  ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား [sugar]                                   ♦ စားပွဲတင်ဇွန်း ၃ဇွန်း
  • နံနံစေ့မှုန့် [coriander powder]            ♦ လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ငရုတ်ကောင်းမှုန့် [black pepper]         ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ပဲငံပြာရည်(အကြည်) [soysauce]          ♦ စားပွဲတင်ဇွန်း ၂ဇွန်း
  • ငါးငံပြာရည် [fish sauce]                      ♦ စားပွဲတင်ဇွန်း ၃ဇွန်း
  • သံပရာရည် [lime]                                 ♦ စားပွဲတင်ဇွန်း ၃ဇွန်း
  • ဟင်းရွက်ဆီ [vegetable oil]                ♦ စားပွဲတင်ဇွန်း ၁ဇွန်း

 

ချက်ပြုတ်နည်း [Recipes]

၁။ အရင်ဆုံး ၀က်နံရိုးကို ဆော့တွင် ပါဝင်ပစ္စည်းများ ဖြစ်သော (စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ဂျင်း၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ သကြား၊ နံနံစေ့မှုန့်၊ ငရုတ်ကောင်းမှုန်ပ၊ ပဲငံပြာရည်၊ ငါးငံပြာရည်၊ သံပရာရည်၊ ဟင်းရွက်ဆီ) တို့ကို ခွက်တစ်ခုထဲတွင် သမအောင် ရောမွှေလိုက်ပါ။

၂။ ပြီးလျှင် ထိုဆော့ရည်များကို ၀က်နံရိုးပေါ်သို့ လောင်းချလိုက်ပါ။

၃။ ပလတ်စတစ်အိတ်ဖြင့် ပုံတွင် ပြထားသည့်အတိုင်း နှပ်ထားသော ၀က်နံရိုးများကို ထည့်သိမ်းပါက ပိုမိုကောင်းမွန်သည်။

၎။ ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၄နာရီခန့် နှပ်ထားပေးပါ။ တညသိပ်က ပိုမိုကောင်းမွန်သည်။

၅။ ၀က်နံရိုး ကင်မည်ဆိုလျှင် မီးကင်ပြားကို ဆီအရင်သုတ်ထားပေးပါ။ မီးသွေး (သို့) ဂက်(စ်) ကြိုက်ရာဖြင့် ကင်နိုင်ပါသည်။

၆။ ပြီးမှ နှပ်ထားသော ၀က်နံရိုးများကို တဖက်ကို နာရီဝက်နှုန်းဖြင့် ၁နာရီခန့် ကင်ပေးပါ။

ရ။ ကင်ပြီးလျှင် ကျန်ဆော့ရည်အနည်းငယ်ကို အပေါ်မှ လောင်းချပေးပါ။

၈။ နောက်ဆုံးမှ ကြက်သွန်မြိတ်၊ မြေပဲလေးများ ဖြူပေးပြီ ဗီယက်နမ် ၀က်နံရိုးကင်ကို သုံးဆောင်နိုင်ပါပြီ…

Tip: ၀က်နံရိုး အရိုးနုကို ကင်ပါက ပိုမိုကောင်းမွန်ပါသည်။

23 comments

  1. Soe Ei Ei Phyu says:

    လာအားပေးသွားတယ်နော် sis. အမြဲအားပေးလျက် …………………………

  2. ခင်ယမုံ says:

    ကြည့်ရုံနဲ့တင် လျှာတွေလည်နေပြီညီမရေ..
    လုပ်စားမယ်နော်..
    ကျေးဇူး..
    🙂

  3. မြတ် says:

    ကြည်ရတာနဲ့ တင် တံထွေးတွေတောင် သီးလာပြီ၊
    မျက်စိနဲ့ အ၀ စားသွားပြီး ၊ လျှပ်စစ်မီးနဲ့ကော ကင်လို့ရလားဟင် ။
    ကျေးဇူးတင်တယ် ညီမလေး

  4. kyaw khine says:

    ဒီဝက်နံရိုးကင်ကတော့ သိပ်ကောင်းမှာ သေချာတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အတွေ့အြ့ကုံအရ သိနေတယ်။ ကျေးဇုးပါပဲ မ၀တ်ရည် ။ ဒီနည်းလေးအတိုင်း လုပ်စားကြည့်အုံးမယ်

  5. […] December 21, 2011 ၀က်နံရိုးကင် […]

  6. thwel thwel tun says:

ိအမရ ညီမရန်ကုန်ဆီချက်စားခြင်လိုချက်နည်းလေးပေးပါဦး,အမလက်ရာကကြည်တာနဲတော်တော်အရသာရှိမယ်ထင်တယ်

    thank you

  7. ကျော်ဝေယံဖြိုး says:

    ovenနှင့်ရော ကင်လို့ရး အမ။ဒါနဲ့ စကားမစပ် ဆော့စ်ထည့်တဲ
့ခွက်လေးက လှလိုက်တာ ဘယ်မှာဝယ်တာလဲဟင်? တစ်ခါမှ မမြင်ဖူးဘူး။

    • admin says:

      ဟုတ်၊ oven နဲ့လည်း ကင်လို့ရပါတယ်။ ခွက်က သံဈေးက Steel ရောင်းတဲ့ဆိုင်က ၀ယ်လာတာပါ.. 🙂

  8. zar chi says:

    အစ်မရေ မပေးတဲ့နည်းတွေကြောင့် new year eve မှာအမှတ်တွေရတော့မယ်
    ကျေးဇူးပါနော်

  9. mohan says:

    Mama vegetable oil ka bar le’ hmm

    • admin says:

      ဟင်းရွက်ဆီ၊ မြေပဲဆီမှာ ဟင်းရွက်ဆီကို ပြောတာပါ

  10. Saw Khaing Oo says:

    မမရေ ညီမ ချက်နည်းတွေကူးရင်းနဲ့တောင် သရေတွေကျလာပြီ
    အိမ်ရောက်ရင် အဖေ့ကိုပြပြီး လုပ်စားကြမယ် ။ မမ ကိုလည်း ဖိတ်ကျွေးချင်ပါတယ်။
    ညီမတို့အိမ်က အင်းစိန်မှာ ဝေးလို့ မမကို အားနာပါတယ် ။
    ကျေးဇူးအများကြီးတင်ပါတယ်။
    စိတ်ထားပြည့်ဝပြီး ချစ်စရာအ၇မ်းကောင်းတဲ့မမ ရွှင်လန်းချမ်းမြေ့ပါစေ။
    ဆထက်တပိုး အောင်မြင်ပါစေလို့အမြဲဆုတောင်းပေးလိုက်ပါတယ် မမ ။

  11. khin thandar says:

    Sis ..how long should i need to set up Temperature and time if i will use by oven?
    Thanks

  12. Nandar says:

    ဝတ်ရည်ရေ-စပါးလင် တစ်စီးဆိုတာ တစ်ပင်ကိုပြောတာလားဟင်?

    • admin says:

      စပါးလင် ၁ပင်ကို ပြောတာပါ။ စည်းနဲ့ ပင်မှားရေးမိလို့ပါ sis 🙂

Leave a Reply

Your email address will not be published. Required fields are marked *