အာလူးပူတင်း (ချစ်သူအတွက် ဟင်းလက်ရာ)
အာလူးပူတင်း
Valentine နေ့အမှတ်တရ အချိုပွဲအနေနဲ့ အာလူးပူတင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အာလူးပူတင်းက အမြင်ဆန်းပြီ စားလို့လည်း သိပ်ကောင်းပါတယ်။ ကိုယ်ချစ်သူအတွက် အချိုပွဲ ဆန်းဆန်းလေး လုပ်ပေးချင်ရင်တော့ ဒီအာလူပူတင်းလေးကို ရွေးချယ်သင့်ပါတယ်။ ချက်နည်းကို ကြည့်လိုက်ရအောင်…
ပါဝင်ပစ္စည်းများ
  • အာလူး [potato]                           – ၄လုံး (အ၀ိုင်း ပါးပါးလှီးပါ)
  • နွားနို့ [milk]                                 – ၂၀၀ ml
  • ငရုတ်ကောင်းမှုန့် [white pepper]        – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ကြက်သားမှနု့် [chicken powder] – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား [salt]                                   – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်ဥ [egg]                               – ၄လုံး (နာနာလေး ခလောက်ထားပါ)
  • ထောပတ် [butter]                         – အနည်းငယ်
  • ချိစ် [mozarrella cheese]                 – ၁တုံး (ခြစ်တံဖြင့် ခြစ်ထားပေးပါ)
  • ကြက်သွန်ဖြူ [garlic]                       – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ [onion]                        – တ၀က် (နှုတ်နှုတ်စဉ်းပါ)
ဆော့ရည် ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)ထည့်ပြီ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသပ်ပေးပါ။
၂။ ထို့နောက် နွားနို့၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့် ထည့်ကာ ရောမွှေလိုက်ပါ။
၃။ မီးပြန်ပိတ်ပြီ အအေးခံပြီမှ ခလောက်ထားသော ကြက်ဥများကို ထည့်ပြီ ခလောက်တံ(wire whisk) ဖြင့် နာနာလေး မွှေပေးပါ။
အာလူးပူတင်း လုပ်နည်း
၁။ ကိတ်မုန့်လုပ်တဲ့ အောက်ပေါက် အ၀ိုင်းကွင်းကို သတ္တုပြားဖြင့် အောက်ကို ပိတ်ပြီ ပတ်လိုက်ပါ။
၂။ ပြီလျှင် ထောပတ် အနည်းငယ် သုတ်ပေးပါ။
၃။ ထို့နောက် အာလူးပြားများကို ပုံတွင် ပါသည့်အတိုင်း ညီညီညာညာ ထည့်ပေးပါ။
၎။ ပြီနောက် ချက်ထားသော ဆော့ရည်များကို အပေါ်မှလောင်းချပေးပြီ ချိစ်များ ဖြူးပေးလိုက်ပါ။
၅။ ထို့နောက် Oven ထဲသို့ ထည့်၍ ၁၆၀ ဒီဂရီဖြင့် မိနစ်၅၀ခန့် အပေါ်မီး၊ အောက်မီးဖြင့် အာလူးပူတင်းကို ဖုတ်ပေးပါ။
၆။ အာလူးပူတင်း မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ…
42 comments
  1. zawwin says:
    thanks!for recipe
  2. ခင်ယမုံ says:
    ဒါလေးကလည်းချစ်စဖွယ်လေးပါလား..
    အခုထဲက လုပ်ကျွေးလိုက်မယ်နော်..
    ကျေးဇူးညီမလေး
    🙂
  3. nilar says:
    နောက်ထပ်အသစ်လေးတွေလဲပို့ပေးပါအုံးနော်.Wutyee ကအရမ်းတော်တာပဲနော်။ အမြဲအသစ်အဆန်းလေးတွေတင်ပေးတယ်။ ကျေးဇူးပါ။
    • chowutyee says:
ွှဟုတ်ကဲ့ ဟင်းအသစ်တွေ အတတ်နိုင်ဆုံး တင်ပေးသွားပါ့မယ်။ မရေ အားပေးလို့ ၀တ်ရည်ကလည်း ကျေးဇူးပါနော်… 😀
  4. really love this receipe…will be khl favourite i guess LOL
    • chowutyee says:
      haaa ကျော်ထက်လူ ရန်ကုန်မှာ ရှိရင် လုပ်ကျွေးချင်ပါသေးတယ်။ ပြန်လာခဲ့လို့ ပြောလိုက် ရှယ်ချက်ကျွေးမယ်လို့.. 🙂
  5. Jellymon says:
    မမ
    နှင်းဆီပန်းပုံခရမ်းချဉ်သီးလေးကဘယ်လိုလုပ်ရတာလဲဟင်.ပြောပြပေးပါလားဟင်.
    Thank you very much.
    • chowutyee says:
      ညီမရေ နှင်းဆီပုံဖော်တာ မခက်ဘူးရယ်။ ဒါပေမယ့် ပုံနှင့်ပြရင် လွယ်တယ်.. နောက်မှ ပုံနှင့် အဆင့်ဆင့်ရိုက်ပြီ တင်ပေးမယ်နော်.. 🙂
  6. စားချင်လိုက်တာ ဝတ်ရည်ရယ်။။ ကြည့်တာနဲ့ သွားရည်တွေ ရွှတ်ခနဲကျချင်စရာရယ်။
    နောက်တစ်ခေါက်ကျ လုပ်ကျွေးနော်..
    ချစ်သူကို လုပ်ကျွေးချင်ပေမဲ့ ကျွေးရမဲ့သူ မရှိဘူး… မလုပ်စားတော့ဘူး
    ဒီတော့ ဝတ်ရည်လုပ်ကျွေးတာကိုဘဲ စောင့်စားတော့မယ်..
    • chowutyee says:
      မချော ပြန်သွားပြီလာလို့ မေးနေတာ။ ဒီတစ်ခါ မကျွေးလိုက်ရဘူး၊ နောက်တစ်ခါတော့ တကယ်ကျွေးမှာနော်… 🙂
  7. ဝတ်ရည်ရေ .. အာလူး ၄လုံးက ခန့်မှန်းခြေ အလေးချိန်ဘယ်လောက်ဂရမ်များထည့်ရမလဲ သိချင်လို့ပါ။ ဘယ်လောက်ထည့်ရမှန်းမသိလို့း)
    ဒါနဲ့ ဝတ်ရည်ရဲ့ တို့ဖူးနွေးနည်းက အရမ်းလွယ်ပြီး အဆင်ပြေလို့ ခဏခဏလုပ်စားဖြစ်တယ်။
    • chowutyee says:
      ဟီးဟီး ၀တ်ရည်လည်း လုပ်တုန်းက သေချာ မချိန်ထားမိဘူး။ ဒါပေမယ့် အားလူး အလုံးကြီး ၄လုံးဆိုရင် ရပါပြီ .. 🙂
  8. ဝတ်ရည်ရေ .. မနေ့က စမ်းလုပ်ကြည့်ပြီးပြီ… အာလူးလေးတွေက အချပ်လိုက်လေးအိသွားတာ စားလို့တအားကောင်းတယ်နော်။ ဝတ်ရည်နောက်ထပ်လုပ်မယ့် မုန့်လုပ်နည်းတွေလည်း စောင့်မျှော်နေပါမယ်။
    • chowutyee says:
      ဟုတ်လားမ။ ၀တ်ရည်လည်း အာလူပူးတင်းကို သိပ်ကြိုက်တာ.. ဟုတ်ကဲ့ နောက်မုန့်လုပ်နည်းတွေလည်း ကြိုးစားပြီ တင်ပေးသွားပါ့မယ်.. 😀
  9. […] February 4, 2012 အာလူးပူတင်း (ချစ်သူအတွက် ဟင်းလက်ရာ) […]
  10. hninzar says:
    မ၀တ်ရည် …ရေ အာလူးပူတင် လုပ်ပြထားတာ နှင့်အရင်စားချင်လာလို့လေ …. .ကိတ်မုန့်လုပ်တဲ့ အောက်ပေါက် အ၀ိုင်းကွင်း နှင့် သတ္တုပြား ကလေ ရန်ကုန် ဘယ်နေရာမှာ ၀ယ်လို့ရလဲဟင် … မ။
    • admin says:
      City Mart မှာဝယ်လို့ရတယ် ညီမ
    •့ hninzar says:
      မ..ရေ .ခရမ်းချဉ်သီးပုံဖော်နည်းလေး အဆင့်၂တင်ပေးပါဦးနော်။ တစ်ခါမှ မလုပ် ဖူး လို့ ပါ။ မ..ရဲ့ချတ်ပြုတ်နည်းလေးတွေကို ပင်ဖတ်ရင်း သဘောကျလို့ လိုက်လုပ်ကြည့်မလို ပါ။ ကျေးဇူးပါနော် ။
  11. Aye Nandar says:
    မ၀တ်ရည်
    ငါးကင် လုပ်နည်း သိချင်ပါတယ်
  12. hninzar says:
    မ..ရေ .ခရမ်းချဉ်သီးပုံဖော်နည်းလေး အဆင့်၂တင်ပေးပါဦးနော်။ ပုံလေးနှင့်ပါ ဖော်ပြပေးပါနော်။
  13. Heisenberg says:
    အစ်မရေ. တခုလောက်မေးပါရစေ။ မိုက်ခရိုဝေ့ဖ်နဲ့ဆိုရင်ရော ရမလားခင်ဗျာ။ ဘယ်လို setting ထားရသလည်းခင်ဗျား။ နောက်ပြီး အောက်ပေါက်အ၀ိုင်းလေးဆိုတာ ကိုတဆိတ်လောက်ရှင်းပြပေးပါ။
    ကျေးဇူးပါ။
    • admin says:
      Oven ကိုရွေးပြီ ၁၆၀ ဒီဂရီကို ရွေးပါ။ ပြီလျှင် အပေါ်မီးအောက်မီးဖြင့် မိနစ် ၅၀ခန့် ဖုတ်ပေးပါ။ ကိတ်မုန့်ဖုတ်ရင်သုံးတဲ့ နှစ်ဖက်ပွင့်အ၀ိုင်းလေးပါ။ ပုံထည့်ဖို့ကျန်ခဲ့လို့၊ ပြန်ထည့်ပေးထားပါတယ်
  14. moon says:
    အာလူးပူတင်းကစားချင်စရာကောင်းတယ်….
    လုပ်စားဦးမယ်….မမဖာလူဒါထဲမှာထည့်တဲ့ ပူတင်း
    လုပ်နည်းလေးလဲတင်ပေးပါနော်…မမဝတ်ရည်ကို
    ကျေးဇူးအများကြီးတင်တယ်….:)
  15. […] အာလူးပူတင်း (ချစ်သူအတွက် ဟင်းလက်ရာ) […]
  16. yu yu myint says:
    thanks nor wutyee yay lote sar kyi oo mal
  17. KhingTharaphy says:
    မဝတ်ရည် ရေ သရဖီတိုအိမ်မှာက ovenလဲမရှိဘူးမိုက်ခရိုဝေ့လည်းမရှိဘူး အဲဒါမီးသွေးနဲ့အပေါ်မီး အောက်မီးနဲ့လုပ်လိုရလားဟင် မေမေက အာလူးပူတင်းအရမ်းကြိုက်တယ် အဲဒါလုပ်ကြွေးကြည့်ခြင်လိုပါ
  18. khin htay win says:
    ပူတင်းလုပ်နည်း အချိုးအစားလေးသိချင်လို့ပါအမ
    ကြက်ဥတစ်လုံးဆို နွားနို့ဘယ်လောက်ထည့်ရမှာလဲဟင် သကြားကရောဘယ်လောက်ထည့်ရမလဲ သိချင်ပါတယ်
    ကျေးဇူးတင်ပါတယ်
    • admin says:
      ပူတင်းလုပ်ဖို့ ကြက်ဥ အနှစ် – ၄လုံး၊ နွားနို့ (Full Cream Milk) – ၁ခွက်ခွဲ (၃၅၀ မီလီလီတာ)၊ သကြား – ခွက် ၀က် (၁၀၀ ဂရမ်) ဆိုရပါပြီ… 🙂
  19. zawlatt says:
    မနက်ဖြန်လုပ်စားအုံးမှပဲ
  20. sue says:
Leave a Reply
Your email address will not be published. Required fields are marked *