ကြက်တောင်ပံ အစားသွပ်

ကြက်တောင်ပံ အစားသွပ်

ပါဝင်သောပစ္စည်းများ

၁။ ကြက်တောင်ပံ – ၁၀ခု

၂။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)

၃။ ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်ဆင်းပါ)

၎။ မုန်လာဥနီ – ၂လုံး (နှုတ်နှုတ်ဆင်းပါ)

၅။ ဘိုစားပဲ – ၇ခု (နှုတ်နှုတ်ဆင်းပါ)

၆။ ပြောင်းဖူးသေး – ၅ခု (နှုတ်နှုတ်ဆင်းပါ)

၇။ ဂျင်း – စားပွဲတင်ဇွန်း တ၀က် (နှုတ်နှုတ်ဆင်းပါ)

၈။ ပဲငံပြာရည် အနောက် – စားပွဲတင်ဇွန်း ၁ဇွန်း

၉။ ခရုဆီ

၁၀။ ကြက်ဥ – ၁လုံး

၁၁။ ဂျုံ

၁၂။ ပါမုန့်ခြောက် (Bread Crumb)

၁၃။ ကြက်သား – ၂တုံး (နှုတ်နှုတ်ဆင်းပါ)

ချက်ပြုတ်နည်း

၁။ ကြက်တောင်ပံ အရိုးထုတ်ပါ။ (အရိုးထုတ်ပုံအဆင့်အဆင့်ကို နောက်တင်ပါမည်)

၂။ ပြီးလျှင် ကြက်တောင်ပံကို (ဆား(လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ပဲငံပြာရည်အနောက်၊ သကြား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ခရုဆီဲ(စားပွဲတင်ဇွန်း ၁ဇွန်း) ) ထည့်ရောနုယ်ပြီး ရေခဲသေတ္တာထဲမှာ မိနစ် ၃၀ခန့်နုပ်ထားပေးပါ။

၃။ အစာသွပ်ရန်အတွက် နှုတ်နှုတ်ဆင်းထားသော (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ မုန်လာဥနီ၊ ပြောင်းဖူသေး၊ ကြက်သား (စားပွဲတင်ဇွန်း ၆ဇွန်း))၊ ဂျုံ (စားပွဲတင်ဇွန်း တ၀က်)၊ ကြက်ဥ (၁လုံး ခလောက်)၊ နှမ်းဆီ (၃စက်)၊ ခရုဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဆား (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)အားလုံးကို ရောနုယ်ပေးပါ။

၎။ ထို့နောက် ရေခဲသေတ္တာထဲမှ ကြက်တောင်ပံထုတ်၍ အစာသွပ်ရန် ရောနုယ်ထားသော ဟင်းသီးဟင်းရွက်များဖြင့် အစာသွပ်ပေးပါ။

၅။ ပေါင်းအိုးထဲထည့်၍ ၁၀မိနစ်ခန့်ပေါင်းပေးပါ။

၆။ ပေါင်းပြီးလျှင် ကြက်တောင်ပံ တစ်ခုကို ဂျုံကပ်ပြီး ကြက်ဥ (၂လုံး ခလောက်) ထားသောခွက်အတွင်း နှစ်လိုက်ပါ၊ ပြီးလျှင် ပါမုန့်ခြောက်များဖြင့် ကပ်ပေးပါ။ ဒီအတိုင်း ကျန်ကြက်တောင်ပံ ၉ခုကို ဆက်လုပ်ပါ။

ရ။ ဒယ်ထဲ (သို့) ဆီကြော်အိုးထဲ ဆီများများထည့်၍ ကြက်တောင်ပံများ အညှိရောင်သန်းလာသည်အထိ ၁၂မိနစ်ခန့် နှစ်ကြော်ပေးပါ။

၈။ အသင့်စားနိုင်သော ကြက်တောင်ပံ အစာသွပ်ရရှိပါပြီး။

ဟင်းအကြောင်း

– ကြက်တောင်ပံအစားသွပ်ကြော် က၀တ်ရည် မွေးနေ့တိုင်းလိုလိုမှာ အမြဲချက်လေ့ရှိပါတယ်။ သူငယ်ချင်းများကလည်း အလွန်ကြိုက်နှစ်သက်ကြပါတယ်။ သူထူးခြားမူက ရိုးရိုးကြက်သားကြော်တွေနဲ့ လုံးဝအရသာမတူပါဘူး။

19 comments

  1. Hmone Gyi says:

    oh i really missed that foods…. will really try again if i have chance…last time..all of chicken wings tear 🙁

    • chowutyee says:

      ကိုယ်က ကြက်တောင်ပံနဲ့ မချက်ပဲ ကြက်ပေါင်နဲ့ချက်တာကို .. ဒီတခါ ကြက်တောင်ပံနဲ့ ပြန်ချက်ကြည့်လေ…

  2. chowutyee says:

    ဘြော်အဲဒါဆို ကြက်တောင်ပံ အရိုးထုတ်တာ နည်းနည်းခက်တယ်။ စိတ်ရှည်ရှည်နဲ့ အကြောပတ်ပတ်လည် လှီးပြီးမှ အောက်ကို ဓားနဲ့ အသာလေးတွန်းသွားရုံပဲ။ အဲဒါဆို ကြက်တောင်ပံ မပြဲတော့ဘူး။ ကိုယ်ထပ်စမ်းကြည့်ပါအုန်း 🙂

  3. Thinzar says:

    I tried exactly as u’ve written, it comes out so delicious.. Thanks a lot 🙂

    • chowutyee says:

      အရမ်းကျေးဇူးတင်ပါတယ်… ခုလိုချက်လို့ပါ။ ၀တ်ရည်ကလည်း ကြက်တောင်ပံ အစားသွပ်ကို တော်တော်ကြိုက်လို့ ခဏခဏလုပ်စားဖြစ်တယ်။ တခြားဟင်းတွေလည်း ထပ်လုပ်စားကြည့်ပါအုန်းနော်… 😉

  4. Thinzar says:

    ဝတ်ရည်ကို ကျေးဇူးတင်ရမှာပါ.. အရင်က တစ်ခါမှ မစားဖူးဘူး.. ဒါပေမယ့် ဝတ်ရည်ရေးထားတာဖတ်ပြီးတာနဲ့ စားချင်စိတ် ပေါက်သွားတာ။ ဒီပို့စ်ကို ၁၅ခါလောက်လာဖတ်ပြီးပြီ။ ဟိုတစ်နေ့ကမှ အချိန်ရတာနဲ့ လုပ်ဖြစ်သွားတာ.. ဒါပေမယ့် နောက်ဆုံးကြော်တော့ ဝတ်ရည်ကြော်ထားသလောက်တော့ မလှဘူး။ စာလို့တော့ မဆိုးပါဘူး 🙂

  5. Ma Ei says:

    ညီမရေ … အမ လုပ်စားကြည့်မယ်နော်။

    • chowutyee says:

      မမအိ လုပ်စားကြည့်ပါအုန်းနော်.. လုပ်စားလို့ အဆင်မပြေတာရှိရင် ပြောပါနော်…

  6. khn says:

    Please post “အရိုးထုတ်ပုံအဆင့်အဆင့်”
    Thanks

    • chowutyee says:

      ခုတလော အိမ်ပြောင်းနေလို့ မအားဖြစ်နေလို့ပါ။ နောက်အပတ်အတွင်း အရိုးထုတ်ပုံ အဆင့်အဆင့် တင်ပေးလိုက်ပါမယ်.. 🙂

  7. july says:

    wanna eat but i dont know how to take out bones from that chicken wings… 🙁

    • chowutyee says:

      Ma July ကြက်တောင်ပံအရိုးထုတ်နည်း အဆင့်အဆင့်တင်မယ် လုပ်တိုင်း ချက်ပြီးမှ သတိရတာနဲ့ မတင်ဖြစ်လို့ပါ။ နောက်တစ်ခါ သေချာ ဓာတ်ပုံရိုက်ပြီး ပြန်တင်ပေးပါမယ်။

  8. Nandar says:

    Just finished eating this dish. Bests of the best!!
    Now I have one more new thing to cook.. Thanks Wut Yee:)

  9. […] January 11, 2010 ကြက်တောင်ပံ အစားသွပ် […]

  10. kyi thitsar aung says:

    အမကြက်တောင်ပံအရိုးဘလိုထုတ်လဲဟင်နည်းလေးသိရင်ပြောပြပေးပါနော်ကျေးဇူးတင်ပါတယ် 🙂

Leave a Reply

Your email address will not be published. Required fields are marked *