ထိုင်းစတိုင် ကြက်တောင်ပံ အစားသွပ်ကြော်
ထိုင်းစတိုင် ကြက်တောင်ပံ အစားသွပ်ကြော်
ကြက်တောင်ပံကို အရိုးထုပ်ပြီ ၀က်သား အစားသွပ်ကာ ကြော်ထားတဲပ ထိုင်းစတိုင် ချက်နည်းလေးပါ။ ကြက်တောင်ပံ အရိုးထုတ်ပုံ အဆင့်ဆင့်ပါ ဖော်ပြပေးထားတာမို့ လုပ်ရလည်း လွယ်မှာပါ။ အချိန်တိုတိုတွင်းမှာပဲ လုပ်စားနိုင်မှာမို့ ချက်နည်းကို ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
၁။ ကြက်တောင်ပံ – ၄ခု
၂။ နံနံပင် – စားပွဲတင်ဇွန်း ၁ဇွန်းစာ (နှုတ်နှုတ်စဉ်းထားပါ)
၃။ ငရုတ်ကောင်း(အဖြူ) – ၅ခု (မညက်တညက် ထောင်းပေးပါ)
၎။ ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
၅။ ၀က်သား – ၅ကျပ်သား (နှုတ်နှုတ်စဉ်းပေးပါ)
၆။ ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
ဆော့အတွက် ပါဝင်ပစ္စည်းများ
၁။ ထိုင်းငရုတ်သီးဆော့ – စားပွဲတင်ဇွန်း ၂ဇွန်း
၂။ ခရမ်းချဉ်သီးဆော့ – စားပွဲတင်ဇွန်း ၃ဇွန်း
၃။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
ကြက်တောင်ပံ အရိုးထုတ်ပုံ အဆင့်ဆင့်
၁။ အရင်ဆုံး ကြက်တောင်ပံ အရိုးရင်း ပတ်ပတ်လည်ရှိ အကြောများကို ဓားဖြင့် ဖြတ်လိုက်ပါ။
၂။ ပြီးလျှင် ဓားဖြင့် အသာလေး အောက်သို့ တွန်းသွားလိုက်ပါ။
၃။ လက်ဖြင့် ကြက်တောင်ပံ အသားကို အောက်သို့ ဆွဲချလို့ ရတဲ့ အလယ်လောက်ရောက်ရင် လက်ဖြင့် အသာလေး ဆွဲချလိုက်ပါ။ အသားနဲ့ အရိုးသတ်သတ်စီ ဖြစ်သွားတာကို တွေ့ပါလိမ့်မည်။
၎။ ထို့နောက် အရိုးကို လက်ဖြင့် အသာလေး ချိုးလိုက်လို့ ရပါပြီ။
၅။ အရိုးထုတ်ပြီးသား ကြက်တောင်ပံများကို ရရှိပါပြီ။
၆။ ကြက်တောင်ပံများကို ဆား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ ခရုဆီ(စားပွဲတင်ဇွန်း တ၀က်) ဖြင့် ရောနုယ်ထားပါ။
ကြက်တောင်ပံ အစားသွပ်ကြော်နည်း
၁။ ထို့နောက် ခွက်တစ်ခုထဲတွင် (၀က်သား၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ငရုတ်ကောင်း၊ ပဲငံပြာရည်) အားလုံးကို ရောနုယ်လိုက်ပါ။
၂။ ပြီမှ အရိုးထုတ်ထားသော ကြက်တောင်ပံထဲသို့ နုယ်ထားသော ၀က်သားများကို အစားသွပ်ပေးပါ။
၃။ ပြီနောက် ဒယ်အိုးတစ်ခုထဲ ဆီများများထည့်ကာ ဆီပူလာလျှင် ကြက်တောင်ပံများကို အညှိရောင်သန်းသည်အထိ မီးအသင့်တင့်ဖြင့် ကြော်ပေးပါ။
၎။ ကြက်တောင်ပံများရပြီဆိုလျှင် ဆော့အတွက် ပါဝင်ပစ္စည်းအားလုံးကို ခွက်တစ်ခုထဲတွင် ရောနယ်လိုက်ပါ။
၅။ ကြက်တောင်ပံကြော်များကို ဆော့ရည်ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…
24 comments
  1. oh god…u made me reallly hungry now…a hint ahint…wanna eat
  2. မြတ် says:
    ဆရာဝန်က low fat diet food စားရမယ်တဲ့ ၊ အရမ်းစိတ်ညစ်ဖို့ကောင်း
    မျက်စိထဲမှာတော့ ကြက်တောင်ပံအစားသွပ်ကိုဘဲ မြင်နေတယ်
    ကျေးကျေး
  3. Aye myat says:
    လုပ်စားချင်နေပြီ…ဘယ်လိုလုပ်ရပါ့ 🙂
  4. ခင်ယမုံ says:
    ကြော်စားမယ်ညီမလေးရေ..
    အစ်မအရမ်းကြိုက်တယ်..
    အခုလည်း ညီမလေးကြော်ထားတာတွေ အကုန်စားပြစ်လိုက်ပြီနော်..
    😀
    ကျေးဇူး
    • chowutyee says:
      စားသွားပါ မရေ။ အရမ်းစားကောင်းတယ်၊ လုပ်စားကြည့်နော်.. 😛
  5. မီးလေး says:
    ထိုင်းမှာ နေပြီး ဒီစတိုင်လေးကို မသိဘူးကွာ မီးလေးတို့ညံ့ချက်း-)
    ပုံစံလေးက စားချင်စရာလေးနော် လုပ်စားကြည့်ဦးမှ
  6. ကျော်ဝေယံဖြိုး says:
    မဝတ်ရည်ရေ…..ခရမ်းချဉ်သီးဆော့ဆိုတာ ခရမ်းချဉ်သီးနှင့်လုပ်ထားထားတဲ့ တို့စရာဆော့ကို ပြောတာလား? အလုပ်များသူတွေအတွက် အချိန်ကုန်သက်သာအောင်ထုတ်ထားတဲ့ ခရမ်းချဉ်သီး ကြိတ်ထားတဲ့ ဆော့စ်ကို ပြောတာလား ခင်ဗျာ။
  7. aye150990 says:
    အမရေ ကြက်တောင်ပံကြော်လုပ်စားဖြစ်တယ် မိုက်တယ်
    • admin says:
  8. Nandar says:
    လုပ်စားကြည့်ပြီးသွားပြီ ဝတ်ရည်ရေ. စားလို့အရမ်းကောင်းပါတယ်. ချက်နည်း အတွက်ကျေးဇူးနော်
  9. kham says:
    Thank you.
    Chicken ko lute twar dar mite tal.
    Try kyi ohn mal..
    • admin says:
      ကြက်တောင်ပံ အရိုးထုတ်က လုပ်ကာစပဲ နည်းနည်းခက်တာ၊ လုပ်နေကျဖြစ်သွားရင် လွယ်သွားရော၊ လုပ်စားကြည့်ပါအုန်းနော်.. 🙂
  10. ဗိုက်တောင်စားလာပြီအစ်မ လုပ်စားကြည့်အုံးမယ်နော်
  11. aye mon myat says:
    thank u.
  12. htike says:
    အားပေးချင် လို့ပါ။
Leave a Reply
Your email address will not be published. Required fields are marked *