ပုဇွန် နှင့် မှိုပေါင်း

ပုဇွန် နှင့် မှိုပေါင်း

ပါဝင်သောပစ္စည်းများ

၁။ ပုဇွန်ကျား -၂၀ သား

၂။ မှိုခြောက်ပွင့် (အမဲ) – ၇ခု

၃။ ဘိုစားပဲ- ၅ခု (နှူုတ်နှုတ်ဆင်း)

၎။ မုန်လာဥနီ- ၂ခု (နှူုတ်နှုတ်ဆင်း)

၅။ ပြောင်းဖူး (baby corn)- ၇ခု (နှူုတ်နှုတ်ဆင်း)

၆။ ကြက်သား – အနည်းငယ် (နှူုတ်နှုတ်ဆင်း)

၇။ ကြက်သွန်ဖြူ – ၃မွှာ (နှူုတ်နှုတ်ဆင်း)

၈။ ကြက်သွန်နီ – ၁ဥ (နှူုတ်နှုတ်ဆင်း)

၉။ ဂျင်း – (နှူုတ်နှုတ်ဆင်း)

၁၀။ ခရုဆီ

၁၁။ ပဲငံပြာရည် အနောက် – လက်ဖက်ရည်ဇွန်း ၂

၁၂။ ဆား၊ ကြက်သားမှုန့်၊ သကြား

ပြင်ဆင်နည်း

၁။ မှိုခြောက်ပွင့် များကို ရေနွေး နူးလာအောင် အထိပြုတ်ပါ။ ပြီးလျှင် တရုတ်ဟင်းခွက်ဇောက် (Chinese bowl) ကိုဆီအနည်းငယ်သုတ်လိုက်ပါ။ ပြုတ်ပြီးသော မှိုခြောက်များကို ဓားမဖြင့် အပြားရိုက်၍ Chinese Bowl အတွင်းသို့စီ၍ထည့်ပါ။

၂။ ပုဇွန်ကို အမြီးချန်ပြီး ကျောခွဲပါ။ ပြီးလျှင် ခရုဆီ၊ ပဲငံပြာ(အနောက်) (လက်ဖက်ရည်ဇွန်း ၁ဇွန်း)  ၊ ဆား (လက်ဖက်ရည်ဇွန်း တ၀က်)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း တ၀က်)၊ သကြား (လက်ဖက်ရည်ဇွန်း တ၀က်)ကို ထည့်၍ သမအောင်နုယ်ပေးပါ။ ပြီးလျှင် ပုဇွန်များကို Chinese Bowl ထဲသို့ စီ၍ ထည့်ပါ။

၃။ ဘိုစားပဲ၊ မုန်လာဥနီ၊ ပြောင်းဖူး(baby corn)၊ ကြက်သားကို နှုတ်နှုတ်ဆင်းပါ။

ချက်ပြုတ်နည်း

၎။ ဒယ်ထဲ ဆီထည့်၍ ထောင်းထားသော ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ကို sautee ထိုးပါ။

၅။ပြီးလျှင် နှုတ်နှုတ်ဆင်းထားသော ကြက်သားနှင့် ဟင်းသီးဟင်းရွက်များကို ထည့်မွှေပါ။

၆။ ထို့နောက် ခရုဆီ၊ ပဲငံပြာရည်အနောက် (လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ သကြား (လက်ဖက်ရည်ဇွန်း ၁ဇွန်း)  ကို ထည့်ပါ၊ ရေ(သို့) ကြက်ပြုတ်ရည် တခွက်ခွဲ ထည့်၍ မွှေပေးပါ။

၇။ မီးပြင်းပြီး ရေအနည်းငယ်ကျန်မှ ကော်မှုန့် (စားပွဲတင်ဇွန်း တ၀က်)ကို ရေနှင့် ဖျော်ပြီး ဒယ်ထဲသို့ ထည့် မွှေပေးပါ။

၈။ ထို့နောက် ဒယ်ထဲမှ ကြက်သားနှင့် ဟင်းသီးဟင်းရွက်များကို Chinese Bowl ထဲသို့ထည့်လိုက်ပါ။

၉။ ပုဇွန်ထည့်ထားသော Chinese Bowlကို ပေါင်းအိုးထဲ ထည့်၍ ၅မိနစ်ခန့်ပေါင်းပေးပါ။ ပေါင်းပြီးလျှင် Chinese Bowl ကိုပန်းကန်ပြားထဲသို့ မှောက်ထည့်ပါ။

ဆော့အရည်ချက်နည်း

၈။ ဒယ်ထဲဆီအနည်းငယ်ထည့်ပြီး ထောင်းထားသော ဂျင်း (စားပွဲတင်ဇွန်း ၁ဇွန်း)၊  ထည့်မွှေပါ။ ပြီးလျှင် နှုတ်နှုတ်ဆင်းထားသော ကြက်သွန်မြိတ်၊ ခရုဆီ (စားပွဲတင်ဇွန်း တ၀က်)၊ ဆား၊ နှမ်းဆီ (၂စက်) ၊ ရေ ၁ခွက်ခွဲ ထည့် ၂မိနစ်ခန့် မွှေပေးပါ။

၉။ မီးပြင်းပြီး ရေအနည်းငယ်ကျန်မှ ကော်မှုန့် (စားပွဲတင်ဇွန်း တ၀က်)ကို ရေနှင့် ဖျော်ပြီး ဒယ်ထဲသို့ ထည့် မွှေပေးပါ။ ထိုနောက် အပေါ်မှလောင်းပေးမည့် ဆော့အရည်ရပါပြီး။

၁၀။ ထို့ဆော့အရည်ကို ပန်းကန်ထဲမှောက်ထည့်ထားသော ပုဇွန်နှင့် မှိုပေါင်းပေါ်လောင်းချလိုက်ပါ။ အသင့်စားနိုင်သော ပုဇွန်နှင့်မှိုပေါင်းကို အရသာရှိရှိ သုံးစားနိုင်ပါမည်။

9 comments

  1. Hmone Gyi says:

    wow look very delicious….will try this weekend heee 😀

  2. Zaw Ye Myint says:

    it is helpful for every housewives who use internet.
    i think, ပုဇွန် နှင့် မှိုပေါင်း is the best here. yummy 🙂

  3. Peti says:

    ကိုမြင့်ကျော်သူ တော့ ၀လာတော့မှာဘဲ … 🙂
    He’s quite lucky having such a house-wife.
    I still miss the food which you treated me & aam last year.
    Come UK to teach me how to cook 😛

    Take care!

  4. Trader Begger says:

    she has been promising to treat me that since last year and I havn’t tasted it yet. not happy 🙁

  5. ငရည်
    ဟော်တယ်က ဟင်းပွဲတွေ အတိုင်းပဲ တော်လိုက်တာ :))))))

    • chowutyee says:

      ဒီဟင်းက ငါတစ်ယောက်ထဲ ချက်ထားတာမဟုတ်ဘူး.. သင်တန်းတုန်းက အားလုံးတူတူချက်ထားတာ… ဒီဟင်းကလွဲလို့ တခြားဟင်းတွေကမှ ငါချက်ထားတာ… 🙁

  6. […] December 15, 2009 ပုဇွန် နှင့် မှိုပေါင်း […]

Leave a Reply

Your email address will not be published. Required fields are marked *