ဂဏန်း မာဆလာဟင်း

ဂဏန်း မာဆလာဟင်း

ဂဏန်းကို အရသာကောင်းကောင်းနဲ့ စားချင်သူတွေအတွက် ဂဏန် မာဆလာချက်ဟင်း လေးပါ။ ဒီတစ်ခါတော့ တခြား ထိုင်းဟင်းတွေလို အစပ်မပါပဲ အချိုချက်နည်းလေးပါ။ ချက်နည်းကို တူတူကြည့်ရအောင်

ပါဝင်ပစ္စည်းများ

၁။ ဂဏန်း – ၆ကောင် (အခွံဖယ်ပြီ သန့်စင်အောင် လုပ်ထားပါ)

၂။ ကြက်သွန်နီ – ၁ခု (နှုတ်နှုတ်စဉ်းပါ)

၃။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

၎။ ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၅။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၆။ ကြက်ဥ – ၁လုံး (ခလောက်ထားပါ)

ရ။ ကြက်သွန်မြိတ် – ၁စည်း (အရှည်ပါးပါးလှီးပါ)

၈။ နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)

၉။ မာဆလာ – လက်ဖက်ရည်ဇွန်း ၂ဇွန်း

ချက်ပြုတ်နည်း

၁။ အရင်ဆုံး သန့်စင်ထားသော ဂဏန်းခွံများကို အရောင်လှအောင် ဒယ်ထဲ ဆီများများဖြင့် ၁မိနစ်ခန့် ထည့်ကြော်ပေးပြီ ပြန်ဆယ်ထားပါ။

၂။ ထို့နောက် ဂဏန်းများကို ဆား(လက်ဖက်ရည်ဇွန်း တ၀က်)ခန့်ဖြင့် သမအောင်နုယ်ပြီ ဂျုံများဖြင့် ကပ်ပေးပါ။

၃။ ပြီမှ ဒယ်ထဲ ဆီများများဖြင့် ဂဏန်းများကို အညှိရောင်သန်းသည်အထိ ထည့်ကြော်ပေးပြီ ပြန်ဆယ်ထားပါ။

၎။ ဂဏန်းမာဆလာချက် စချက်ပါတော့မည်။

၅။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၄ဇွန်း)ခန့် ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီများကို ဆီသပ်ပေးပါ။

၆။ ပြီမှ ဆနွင်းမှုန့် (လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ) ထည့်ပေးပြီ ရေအနည်းငယ် ထည့်လိုက်ပါ။

ရ။ ထို့နောက် မာဆလာ(လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ)၊ ပဲငံပြာရည်၊ ကြက်သားမှုန့်နှင့် ခလောက်ထားသော ကြက်ဥများကို မွှေတံဖြင့် ခပ်နာနာလေးမွှေပေးရင်း လောင်းထည့်လိုက်ပါ။

၈။ ပြီနောက် ကြက်သွန်မြိတ်၊ ဂဏန်းများကို ထည့်ကာ ရောမွှေပေးပါ။

၉။ အပေါ်မှ မာဆလာ(လက်ဖက်ရည်ဇွန်း တ၀က်)၊ ငရုတ်ကောင်းမှုန့် ၊ နံနံပင်များ အုပ်ကာ ဂဏန်းမဆလာ အချိုချက်ဟင်းကို စားသုံးနိုင်ပါပြီ…

 

 

 

 

 

 

 

26 comments

  1. winwinhtay says:

    အရမ်းစားကောင်းမယ့်ပုံပဲ အရင်ကဆိုအစပ်ပဲချက်စားဖြစ်တာ ဒီနည်းလေးနဲ့ လုပ်စားကြည့်ဦးမယ် ကျေးဇူးပဲနော်

  2. winwinhtay says:

    တစ်ခုမရှင်းလို့ မေးဦးမယ် ဂဏာန်းခွံကိုဘယ်အချိန်မှာကပ်ထားတာလဲ အားလုံးပြီးမှလားပြောပြပေးပါဦး

    • chowutyee says:

      ဟုတ်ကဲ့ အားလုံး ချက်ပြီမှ… ဂဏန်းခွံ ကြော်ပြီသားလေးတွေ တင်ထားလိုက်တာ.. 🙂

  3. Nandar says:

ူlook delicious….how to cook ကြက်ဆီထမင်း.? and how to call in english.. i forgot already.. thks alot..

  4. Tint Zaw Aye says:

    ချက်မစားကြည့်ဖြစ်ပေမဲ့ အလွန်စိတ်ဝင်စားအောင်လုပ်နိုင်တဲ့ Media သမားလို့ မြင်ပါတယ်။ တစ်ခါလောက် Follow up လုပ်ဖို့ ကြိုးစားပါ့မယ်။

  5. sar chin sa yar gyi naw… a hitn ahint…yangon pyan lar mal 😉

  6. ခင်ယမုံ says:

    ညီမလေးရေ..
    အစ်မ ဂဏန်းဟင်းကိုသိပ်မစားဖြစ်ပေမယ့် အခုညီမလေးချက်ထားကို အရမ်းစားချင်တယ်..
    အကုန်စားပြစ်လိုက်ပြီ..
    ကျေးဇူးညီမလေး
    🙂

  7. phyuphyumyint says:

    မြတင်တာနဲ့ စားချင်စ၇ာပါ။

  8. Wai Lynn says:

    :|_ i want to eat.

  9. […] April 28, 2012 ဂဏန်း မာဆလာဟင်း […]

  10. May says:

    Look delicious ,

  11. thitsar says:

    look delicious , i gonna learn from u Ma Wutyee …Thanks a lot

  12. […] ဂဏန်း မာဆလာဟင်း […]

  13. su yi says:

    ဂဏန်း​တွေ က အ​ပျော့ လား အမာလား အမ?

  14. shweyi says:

    ပူအိုက်တဲ့ရာသီဥတုမှာ ဘာစားရမှန်း မသိစိတ်အိုက်နေတာ မဝတ် ရည် ကျေးဇူး
    ကြောင့် စားစရာကောင်းကောင်း လေးတွေတွေ့သွားတယ် ကျေးဇူးပဲနော်

  15. sawnge says:

    ဂဏန်း မာဆလာဟင်းစမ်းချက်တာစားကောင်းပါတယ်။ကျွန်တော်ကချက်ပြုတ်တာ
    ဝါသနာပါတော့စိတ်ရှည်ရှည်ချက်တတ်တယ်ဒီလိုမျိုးတဆင့်ခြင်းအတိုင်းအဆတိတိ
    ကျကျရေးထားတဲ့ဘလောက်မျိုးမတွေ့မိဘူး…ကျေးဇူးတင်ပါတယ်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *