ကြက်ဆီထမင်း
ကြက်ဆီထမင်း
ထိုင်းစတိုင် ကြက်ဆီထမင်းလေးပါ။ ထိုင်းစတိုင် အရသာစစ်စစ်နဲ့ ကြက်ဆီထမင်းက ရန်ကုန်မှာစားနေကျ ကြက်ဆီထမင်းနဲ့တော့ အရသာမတူသာ အမှန်ပါ။ ဒါပေမယ့် စားလို့လည်းကောင်းပြီ လုပ်ရတာလည်း မခက်ပဲ လွယ်လွယ်ကူကူပင် လုပ်စားနိုင်သည်မို့ ကြက်ဆီထမင်းကို ခုပဲ လုပ်လိုက်ကြရအောင်…
ကြက်ဆီထမင်း ပါဝင်ပစ္စည်းများ
  • ကြက်ရင်ဗုံသား(သို့)ကြက်ပေါင်ရင်သား ♦ ၆၀၀ ဂရမ် (၄ခု)
  • ရိုးရိုးဆန်                                                    ♦ နို့ဆီခွက် ၃ခွက်
  • ဆား                                                            ♦ လက်ဖက်ရည်ဇွန်း တ၀က်
  • ပဲငံပြာရည် အနောက်                                 ♦ လက်ဖက်ရည်ဇွန်း တ၀က်
  • နံနံပင်                                                          ♦ ၁စည်း (ရေဆေးထား အမြီဖြတ်ပါ)
  • သခွာသီး                                                     ♦ ၁လုံး (အခွံနွှာ အ၀ိုင်းလှီးပါ)
  • ရေ                                                               ♦ ရခွက်
  • ဂျင်း                                                             ♦ ၆ပြား (ပါးပါးလှီးပြီသား)
  • ကြက်သွန်ဖြူ                                              ♦ ရခု (နှုတ်နှုတ်စဉ်းပေးပါ)
ဆော့တွင် ပါဝင်ပစ္စည်းများ
  • ပဲငံပြာရည် အကြည်      ♦ စားပွဲတင်ဇွန်း ၃ဇွန်း
  • ပဲငံပြာရည် အနောက်    ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ပဲငပိ အနှစ်                     ♦ စားပွဲတင်ဇွန်း ၃ဇွန်းစာ
  • သကြား                          ♦ စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ဗီနီကာ                           ♦ စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ဂျင်း                                ♦ စားပွဲတင်ဇွန်း ၂ဇွန်း (နှုတ်နှုတ်စဉ်းထားပါ)
  • ငရုတ်သီးနီ(သို့)စိမ်း      ♦ ၅ခု (ပါးပါးလှီးပါ)
ဆော့ပြုလုပ်နည်း
၁။ ဆော့လုပ်ရန် ခွက်တစ်ခုထဲသို့ (ပဲငံပြာရည် အကြည်၊ အနောက်၊ ပဲငပိ၊ သကြား၊ ဗီနီကာ၊ ဂျင်း၊ ငရုတ်သီးစိမ်း) တို့ကို သမအောင် ရောမွှေလိုက်ပါ။
၂။ သကြားအရေပျော်ရန် မီးနည်းနည်းဖြင့် အပူပေးပြီ ခွက်တစ်ခုထဲ ဆော့ရည် ပြန်ထည့်ထားပေးပါ။
ပြင်ဆင်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ကြက်အရေခွံများထည့်ကာ အညှိရောင်သန်းလာအထိ ကြော်ပေးပါ။
မှတ်ချက် ။ ။ ရိုးရိုးဆီနဲ့ ကြက်သွန်ဖြူဆီချက် ချက်လျှင်လည်း ရသည်။ ၀တ်ရည်က ပိုကောင်းအောင် ကြက်အရေခွံသီးသန့် ၀ယ်ထားပြီ ကြော်ခြင်းဖြစ်သည်။
၂။ ပြီလျှင် ကြော်ထားတဲ့ ကြက်အရေခွံများကို ဖယ်ကာ ထိုကြက်ဆီများဖြင့် ကြက်သွန်ဖြူဆီချက် လုပ်ပေးပါ။
 ကြက်ဆီထမင်းချက်နည်း
၃။ ထို့နောက် ကြက်ရင်ဗုံကို ရေဖြင့် သန့်စင်အောင် ဆေးပြီ အခြောက်ပြန်ခံထားပါ။
၎။ ပြီနောက် ဒယ်အိုးတစ်ခုထဲသို့ ရေ(ရခွက်)ထည့်ကာ ဆူအောင်အထိ တည်ထားပေးပါ။
၅။ ပြီမှ ဆူလာလျှင် ကြက်ရင်ဗုံ၊ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)ထည့်ကာ မီးနည်းနည်းဖြင့် အဖုံးအုပ်၍ နူအိအောင် ၄၅မိနစ်ခန့် တည်ထားပေးပါ။
၆။ ရေမျက်နှာပြင်ပေါ် ကြက်အရေခွံမှ ထွက်လာသော ကြက်ဆီများကို ယောက်ဇွန်းဖြင့် ခပ်ပြီ ခွက်တစ်ခုထဲ ထည့်ထားပေးပါ။
ရ။ ထို့ကြက်ဆီရည် ၄ခွက်ခွဲကို အခန်းအပူချိန်နှင့် အအေးခံထားပါ။
၈။ အအေးခံပြီလျှင် ကြက်ဆီထမင်း စချက်ရန် ဆန်(၃လုံး) ရေဆေးပြီသား၊ ကြက်သွန်ဖြူဆီချက်၊ ဂျင်း(၆ပြား)၊ ကြက်ဆီရည်(၄ခွက်ခွဲ)၊ ပဲငံပြာရည်အနောက်(လက်ဖက်ရည်ဇွန်း တ၀က်)၊ ဆား(လက်ဖက်ရည်ဇွန်း ၃ဇွန်း) တို့ ထမင်းအိုးထဲထည့်ရာ ရောမွှေလိုက်ပြီ ရိုးရိုးထမင်းချက်သလို ချက်ပေးပါ။
၉။ ထမင်းချက်နေစဉ်အတွင်း ပြုတ်ထားသော ကြက်သားများကို အရှည်လိုက်ပိုးလှီးပေးထားပါ။
၁၀။ ကြက်ဆီထမင်း ကျက်ပြီဆိုလျှင် ကြက်သား၊ သခွာသီး၊ နံနံပင်၊ ဆော့ရည်တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…
မှတ်ချက် ။       ။ ကျန်ကြက်ပြုတ်ရည်များကို ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ်ခပ်ပြီ ဟင်းချိုအဖြစ်တွဲဖက် သုံးဆောင်နိုင်ပါသည်..
96 comments
  1. Dear Ma Wut Yee..
    Thanks again for this post, its my favorite.
    Also admire your efforts about your site too.
    Without willingness, time consumed, it cannot be useful one. You prove to me that its the way we must lived in the world and share our thoughts…
    be happy and wish the best for your dishes…
    Regards to your uploads and thank for all time..
    Kyaw Aung
  2. KoThetOo says:
    ကျေးဇူး
  3. Si Thu says:
    you are one nice lady i ever seen, your husband is extraordinary Lucky Person, wish you two Happily and live ever after…
  4.ုလှိုင်လေး says:
    ကျေးဇူးပါမမ ချက်ကြည့်ပါအုံးမယ်စားကောင်းမယ့်ပုံလေးဘဲ
  5. Nandar says:
    thanks alot… I will try
  6. aww sar chin sa yar gyi…lote sar own ma bae hee 😀
  7. ခင်ယမုံ says:
    ကြက်ဆီထမင်းလေးကြိုက်လိုက်တာ..
    (ချက်ထားတာလေးကို အဆင်သင့်စားလို့ရရင်ကောင်းမယ်နော် :)……)
    ချက်စားမယ်ညီမလေး..
    ကျေးဇူး
  8. ရင်မွှေး says:
    မ၀တ်ရည်ရေ ကျေးဇူးပြုပြီးဝက်ခေါက်ကြော်နည်းလေးသိချင်ပါတယ်ရှင့်။
  9. thida says:
    Dear wut yee,I love your cooking style.Everytime look delicious and I never eating chicken rice.But I will try next time.Thanks alot and i wish you healthy and happy.
    thida
  10. chai says:
    thank you for your cooking
  11. san san says:
    ကြက်ဆီထမင်းလေးလိုက်လုပ်စားပီးပါပီ။ကျေးဇူးတင်ပါသည်။ဒါနဲ့ညီမလေးရေကလေးတွေအတွက်ပီးရင်လူကြီးတွေအတွက်ထမင်းဗူးလေးလဲလုပ်ပေးပါအုံးလား 🙂
  12. sandar says:
    အစ်မရဲ.ဟင်းချက်နည်းတွေအတွက်ကျေးဇူးတင်ပါတယ်။အရင်က၀ါသနာမပါပေမယ်.အမြဲ ကြည်.ရင်းစိတ်ဝင်စားလာပါတယ်။အသေးစိတ်ပြောပေးတဲ့အတွက်ပါ။အစ်မရေပေါင်မုန်.အ ညိုကိုလုပ်တဲ့ဂျုံဆိုပြီးသီးသန်.ရှိသလား။ရန်ကုန်ဘယ်မှာဝယ်နိုင်ပါသလဲပြောပေးပါအုံးနော်
    • admin says:
      ပါမုန့်တို့၊ ကိတ်မုန့်တို့တော့ ၀တ်ရည်သိပ်မကျွမ်းကျင်ဘူး.. 🙂
  13. u maung oo says:
    ဆရာအရမ်းကြိုက်
  14. ၀သန် says:
    သို့
    အမရေ
    အမချက်တဲ့ဟင်းလျာ များကို http://www.4mmnews.co.cc/
    က ကူးယူဖော်ပြနေပါတယ်ဗျ…….ဒီလို တင်ဆက်ပေးတဲ့အမကိုကျေးဇူးအထူးတင်ရှိပါသည်…
    အမ အစီအစဉ်တွေအရမ်းကောင်ပါတယ်ဗျ
    ကူးသွားတဲ့
    မောင်လေး ၀သန် (http://www.4mmnews.co.cc/)
  15. thant zin says:
    Dear miss,
    i am vrey good for me this tk.
  16. zinmarlattt says:
    မရေဗိုက်တောင်ဆာလာပြီ။
  17. tin tin myaing says:
    ကြက်ဆီထမင်းဆိုရင် အန်တီကတော့ ကြိုက်ပြီးသားမို့ ကျေးဇူးတင်ပါတယ်နော်…
  18. moe wa than says:
    အမရေ
    ကူးသွားတယ်နော် .ချက်စားကြည့်လိုက်မယ်
    ကျေးဇူးဗျ
  19. ye says:
    thanks. btw how to make ( puzonchin ). cant buy where i live.
  20. Yu Yin Htun says:
    မမဝတ်ရည် ရေက ဘာခွက်နဲ့ချိန်ထည့်ရမှာလဲ (၇)ခွက်က။ မမှန်းတတ်ဘူး။ ကြက်သား ၆၀၀ ဂရမ်ဆိုတာကရော ဘယ်လောက်သားလောက်ရှိလဲမမ။ အညွှန်းလွဲရင်စားမကောင်းမှာစိုးလို့ပါ။ ဘဲသားကော်ရည်ခေါက်ဆွဲကိုလက်တည့်စမ်းပြီးပါပြီ အညွှန်းအတိုင်းပဲချက်တယ် အားလုံးကွက်တိ 😀
    • admin says:
      ဆန်ချိန်ခွက်နဲ့ ချိန်ရမှာပါ… ကြက်သားက ကျပ်သားနဲ့ဆိုရင် ၃ရကျပ်သားလောက် ရှိပါတယ်… လုပ်စားကြည့်နော်.. sis.. Thanks.. 😀
  21. May says:
    ဒီနေ့ ပဲလုပ်စားကြည့်လိုက်ပါပြီ။စားလို့ တော်တော်ကောင်းပါတယ်။အမသိချင်တာက အမတို့ ထိုင်းမှာစားရင် ထမင်းထဲမှာ ကြက်သွန်ဖြူဆီချက်မတွေ့ မိသလားလို့ ။ နောက်တခုက ဆန်ထဲကို ကြက်သွန်ဖြူဆီချက်ထည့် တော့ ကြက်သွန်ဖြူပဲထည့်တာလား ကြက်အရေခွန်ကြော်ဆီတွေပါထည့်ရတာလားသိချင်ပါတယ်။ရုပ်လည်းချော ဟင်းချက်လည်းကောင်း စေတနာလည်းကောင်းတဲ့ဝတ်ရည် ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေ။
    အမကတော့ဆွတ်ဇာလန်ကပါပဲပြုတ်ကတော့အညှောင့်ဖောက်ကြည့်ထားတုန်းပါ။အောင်မြင်ရင်အကြောင်းကြားပါမယ်။
    • admin says:
      haa Thanks Ma ကြက်သွန်ဖြူက မထည့်လည်း ရတယ် မ။ အနံ့မွှေးအောင် ကိုယ်ဘာသာ ထည့်တာ။ ကြက်အရေခွံက ကြော်ဆီကိုလည်း ထည့်ရတယ်။ ပဲပြုတ်အောင်မြင်ရင် အကြောင်းကြားပါအုန်းနော်.. ကျေးဇူး
  22. Thiri says:
    အစ်မရေ.. လုပ်နည်းလေးသိချင်နေတာကြာပြီ..
    ကျေးဇူးပဲနော်..
    ပျော်လိုက်တာ..
  23. Mrs.Hninn Wityi Ranjitkar says:
    Ma Ma Wutyee, Thanks a lot for ur website. I m so happy to find ur webside and all ur deatil information given to the world. U r such a really nice person not only this present life but also will be in the future. I am working in abroad and I am very weak in kitchen. So I have so much difficulities in cooking by staying alone without parents. I dont know what to cook and how. But now I am so happy to get ur website and I can learn very well too. May God Bless you always. Lots of love. Snow.
  24. Aye Thandar says:
    It’s look delicious.
  25. ကျော်ဝေယံဖြိုး says:
    မဝတ်ရည်ရေ….ပဲငံပြာရည်အနောက်က ကြာညို့ကို ပြောတာလားဗျ?
  26. ၀င်းဝင်း says:
    ညီမရေ…
    ကျေးဇူးပါနော်။
    သမီးတွေကြိုက်လို့ ချက်စားကြည့်လိုက်ပါအုံးမယ်။
  27. Thin Thin says:
    ကျေးဇူး ကြက်ဆီထမင်း ချက်တက်ချင်နေတာကြာပြီ…ချက်စားကြည့်လိုက်အုံးမယ်နော်….THANK
    ညီမကဟင်းချက်ရတာအရမ်းဝါသနာပါတာ အဆင်ပြေသွားပြီ
  28. ဒီဒီ says:
    ကျေးဇူးပါ။ချက်ကြည့်ပါဦးမယ်။
  29. အိမြတ် says:
    အမ ကြက်သားကို ပြန်ကြော်ရသေးလား
    ပြုတ်ပီးသားပဲဒီအတိုင်းထားရမှာလား
    • admin says:
      ပြန်ကြော်ဖို့ မလိုဘူး sis.. ပြုတ်ပြီသားကို ဒီအတိုင်း တွဲစားရမှာပါ..
  30. Hein tun Oo says:
    Jasscan
  31. naing says:
    ပုဇွန်တုမ်ယန်းချဉ်စပ်ဟင်းရယ်ခဖေါင်းမူချက်တာရယ်တင်ပေးပါလား
  32. phyu says:
    ညီမကိုကျေးဇူးတင်ပါတယ် အမလေကြက်ဆီထမင်းချက်ချင်တာကြာပြီ ချက်နည်းမသိလို့မချက်ရဘူး အခုတော့ချက် ကြည့်လိုက်အုံးမယ် တုံယမ်းဟင်းရည်ချက်နည်းလဲသိချင်ပါတယ် တင်ထားလားတော့မသိဘူး အမရှာမတွေ့ဘူးဖြစ်နေတယ် ကူညီပါအုံးနော်
    • admin says:
      ဟုတ်ကဲ့ ကြက်ဆီထမင်းက ဒီနည်းနဲ့ အရမ်းစားကောင်းတယ်၊ လုပ်စားကြည့်ပါနော်။ တုံယမ်းဟင်းချို တင်ထားတယ် ဒီလင့်မှာ http://www.wutyeefoodhouse.com/?p=1922/ မှာ.. 🙂
  33. Nan Nan says:
    အမရေ…
    ရေ ၇ ခွက်ကဘာနဲ့ချိန်တာလဲဟင်..
    ကျေးဇူးနော်.
    • admin says:
      Measurement ချိန်တဲ့ခွက်နဲ့ပါ။ တခွက် = ၂၀၀ မီလီလီတာ ရှိပါတယ်။ ရခွက်ဆိုတော့ ၁၄၀၀ မီလီလ်ီတာပါ..
  34. tuntunaumg says:
    သိချင်နေတာ ကြာပါပြီ
    ကျေးဇူးပါ
  35. San pyie says:
    It’s looks delicious ,thanks for ur post ma wutyee. I gonna try it .
  36. yinyinsan says:
    အမ ဝါသနာနဲ့အကိုက်ဘဲ
    thankyou ပါ
  37. ခင်မြအေး says:
    မြန်မာကောက်ညှင်းဆီထမင်းချက်နည်းလေးတင်ပြပေးစေလိုပါသည်။
  38. Alice says:
    Thank you so much sis. You are so talented.
  39. Mi corazon says:
    အစ်​မ၀တ်​ရည်​​ရေ
    အမြဲ​လေးစားလျက်​ပါ
    ဟို​လေ ဆန်​ကနို့ဆီဘူးနဲ့ချိန်​ပြီး ​ရေက​ပေါင်းအိုးမှာပါတဲ့ခွက်​နဲ့ချိန်​တာ​ပေါ့​နော်
  40. nyi says:
    စပါးလင်​ထည့်​ရန်​လိုပါသလား….
  41. Lone Lone Lay says:
    ဆန်က ဆိုင်တွေမှာချက်တဲ့ဆန်ကစီးစီးလေးနော်။ ရိုးရိုးဆန်မဟုတ်ဖူးနဲ့ တူတယ်။ ရှမ်ဆန်နဲ့ ချက်တာလို့ ထင်တယ်နော်။ ဘာဆန်နဲ့ချက်တာလဲဆိုတာကိုဝတ်ရည်သိရင်ပြောပြပေးပါနော်။
  42. Hla Hla says:
    Hi sis,
    thanks for the great post.
    How is ပဲငံပြာရည် အနောက် labelled in english
  43. Cho says:
    ကြက်ဆီထမင်းချက်နည်းသိချင်နေတာ ကျေးဇူးပါ
  44. Aunty Nu says:
  45. ကိုဖြိုး says:
    မ ဝတ်ရည် ရေ
    လူ၄၀ စာဆိုရင် ဆန်ဘယ်လောက် ကြက်သားဘယ်လောက်လဲ ပြောပြပေးပါခင်ဗျ
    ခုလိုမျိုး တင်ပေးလို့ကျေးဇူးပါ ခင်ဗျ
  46. ရဲနိုင်အောင် says:
    အမ ပဲငပိအနှစ်မရရင်ဘာနှင့်အစားထိုးလို့ရလဲ
  47. Khu ku says:
    ပဲငပိကဘယ်လိုပဲငပိပါလဲရှင်
    ကျေးဇူးပြုပြီး ပုံပြပေးလို့ ရမလားရှင့်
    ကျေးဇူးတင်ပါတယ်
  48. khu ku says:
    ပြောတဲ့ link ထဲဝင်ကြည့်တာ မတွေ့ ဘူး ရှင့်
  49. ko zay ya says:
    very thank you all of your cooking teaching
Leave a Reply
Your email address will not be published. Required fields are marked *