အာလူး ပူတီ၊ ချာပတီ
အာလူး ပူတီ၊ ချာပတီ
အာလူးဟင်းအတွက် ပါဝင်သောပစ္စည်းများ
၁။ ကြက်ပေါင် – ၂ခု (တ၀က်ပိုင်းပေးပြီ ဆား၊ ကြက်သားမှုန့်တို့ဖြင့် နုယ်ထားပေးပါ) (Optional)
၂။ အာလူး – ၇ လုံး (အတုံးသေးများ တုံးပါ)
၃။ ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်ဆင်း)
၎။ ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်ဆင်း)
၅။ ကလဝေရွက် -၂ ရွက်
၆။ သစ်ဂျပိုး – ၂ခု
၇။ ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း တ၀က်
၈။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
၉။ မုန့်ညှင်းစေ့ (လက်ဖက်ရည်ဇွန်း ၂ ဇွန်း)
၁၀။ ဇီယာ (လက်ဖက်ရည်ဇွန်း ၁ ဇွန်း)
၁၁။ ဆား၊ ကြက်သားမှုန့်
အာလူးဟင်း ချက်ပြုတ်နည်း
၁။ ဒယ်ထဲ ဆီထည့်ပါ၊ ကြက်သွန်ဖြူ၊ နီကို အညှိရောင်သန်းလာသည်အထိ ဆီထိုးပါ။
၂၊ ပြီးလျှင် ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့် ထည့်ပြီ မွှေပေးပါ။ ထို့နောက် ကြက်သားများကို ဒယ်ထဲ ထည့်ကာ ရောမွှေပေးပါ။
၃။ ပြီနောက် အားလူး၊ မုန့်ညှင်းစေ့၊ ဇီယာ၊ ကလဝေရွက်၊ သစ်ဂျပိုး ထည့်ပါ။
၎။ အရသာအတွက် ဆား(လက်ဖက်ရည်ဇွန်း ၃ဇွန်း)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၂ဇွန်း) ထည့်ပါ။
ပူတီ၊ ချာပတီ အတွက် ပါဝင်သောပစ္စည်းများ
၁။ ဂျုံ – ၁၅၀ ဂရမ်
၂။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၃။ ရေ
ပူတီ၊ ချာပတီ လုပ်နည်း
၁။ ဂျုံ၊ ဆား၊ ရေ ကိုသမအောင်ရောနုယ်ပေးပါ။ ဂျုံဒိုးကို ပျော့သွားလျှင် ဂျုံထပ်ထည့်ပေးပါ။
၂။ ပြီးလျှင် နုယ်ထားသော ဂျုံဒိုးကို ဆီအနည်းငယ် ထည့်ကာ ၁လက်မအရွယ် အလုံးလေးများလုံးပေးပါ။
၃။ ထို့နောက် ဂျုံလုံးလေးများကို ထလိမ့်တုံးဖြစ် အပြားဖြစ်အောင် လုပ်ပေးပါ။ တလိမ့်တုံးတွင် ဂျုံများမကပ်အောင် လိမ့်လျှင် ဂျုံပြားပေါ် ဂျုံမှုန့်များ ဖြူးပေးပါ။
၎။ ဒယ်ထဲတွင် ဆီနည်းနည်းထည့်ကာ ဂျုံပြားများကို ထည့်ကြော်ပေးပါ။ ချာပတီများကို အသင့်စားနိုင်ပါသည်။
မှတ်ချက်။ ။ ဆီများများနှင့် ဂျုံပြားကို ကြော်ပါက ပူတီိကို ရရှိမည် ဖြစ်ပါသည်။
၅။ အရသာ ထူးကဲပြီး အိန္ဒိယအနံသင်းစေသည့် အာလူး ပူတီ၊ ချာပတီကို သုံးဆောင်နိုင်ပါပြီ။
30 comments
  1. Hmone Gyi says:
    i can get smell from here heee…so clever my twin…will try soon 😉
  2. ဟဲ့ငရည်မ စာလုံးပေါင်းတွေ မှန်အောင်ပေါင်းစမ်း ၊အစားတွေကတော့စားချင်စရာတွေချည်းပဲ
    • chowutyee says:
      အောင်အောင်ကလည်း မြန်မာစာလုံးပေါင်းက မနည်းကြိုးစားရေးထားရတာ၊ ဟဲဟဲ… အစားတွေလုပ်စားကြည့် လွယ်ပါတယ်။
  3. ခိုင်ဇင် says:
    ညီမရေ..
    အစ်မ ပူရီလုပ်တာ၊ မုန့် ကဖောင်းမလာပဲ အချပ်လိုက် အကြွပ်ကြော် ဖြစ်သွားတယ်။ အစ်မက All purpose flour သုံးလိုက်တာ။ အဲဒါသုံးလို့ ရလားဟင်။ ပြီးတော့ ဆော်ဒါ ထည့်ဖို့ လိုလားညီမ။ မုန့် နယ်ထားပြီးရင်ရော ဘယ်လောက်ကြာကြာနှပ်ထားရမလဲ။ ဂျုံကိုပြားတဲ့အခါ အစ်မက အရမ်းပါးအောင် ပြားလိုက်တယ်။ ခပ်ထူထူပဲ ပြားရတာလားဟင်။ ညီမလို ကောင်းကောင်းလေး လုပ်စားကြည့်ချင်လို့ ပါနော် 🙂
    • chowutyee says:
      မခိုင်ဇင်ရေ ဂျုံမှုန့်က ရိုးရိုးဂျုံမှုန့်ဆိုရပြီ။ ၀တ်ရည်ကတော့ ဒုံးပျံတို့၊ မွှေးတံဆိပ် ဂျုံမှုန့်တွေပဲ သုံးတာ များတယ်။ ဆိုဒါ မထည့်ရပါဘူး။ ပူရီ ကြော်တဲ့အခါ ဆီအရမ်းမများလို့ မဖောင်းလာတာပါ။ ပြီတော့ ဆီများရုံမကသေးပဲ ဆီအရမ်းပူလာမှ ထည့်လိုက်မှ ဖောင်းလာတာပါ မ။ ထပ်စမ်းကြည့်ပါအုန်းနော်.. Thanks 😛
    • Htet Sandi says:
      Sis, I used “all purpose flour” and turned out like what you just got when i tried it for the first time. For the second time, I rolled the dough until it became very thin sheet, and it turned out just perfect. May be you should try like I did.
  4. fkthet says:
    နည်းနည်းလေးပြောခြင်တယ် မုန့်ကိုဆီအိုးထဲထဲ့တဲ့အခါ မုန့်ချပ်ပေါ် အပြားလေးဇွံန်းနဲ့အသာလေးဖိထား နဲနဲလေးဖောင်းတော့မှ ဆီလေးတွေကို ပက်ပေးပါ
    တဖြေးဖြေးဖောင်းလာမယ် မီးပျင်းလို့မရဘူးနော် ဒီက ဗန်းမော်တုံးက ကုလားတွေနဲ့နေခဲ့တာမို့ပါ။ ကုလားပြည်မှာလဲ ကြာတယ်လေ။ ဆီများများနဲ့ကျော်ရင်တော့ အသာလေးသာ အပြားလေးပေါ်က ဖိပေးရင် ပွလာတာဘဲ စပွလာမှ ဆီနဲ့ပက်ပက်ပေးပေါ့
    စမ်းကြည့်ပါဦးနော်
    • chowutyee says:
      ခုလို နည်းတွေ ပြန်မျှဝေပေးလို့ ကျေးဇူးပါ။ နောက်တခါ ကြော်ရင် ဒီနည်းအတိုင်း စမ်းက်ြည့လိုက်မယ်နော်.. 😛
  5. baloo says:
    is ဆနွင်းမှုန့် Turmeric powder ?
  6. Aye Yu Maw says:
    အစ်မရေ ချာပါတီကိုအရမ်းကြိက်တယ်။ချစ်တီးကုလားဆိုင်မှာဝယ်စားဖြစ်တယ်
    အခုကိုယ်ဘာသာကိုလုပ်စားတော့ မယ်။
    • admin says:
  7. tunnyinyihlaing says:
    ဒီနည်းလေးနဲ့အိမ်မှာချက်စားတာ အားလုံးကြိုက်ကြတယ်
    ကျေးဇူးပါအမရေ
    ဆိုင်မှာစားကြတုန်းက အဖြူရောင် အနှစ်ရည်တစ်မျိုးပါတယ်
    အဲဒါ ဘယ်လိုလုပ်ရတာလဲ အမသိရင်ပြောပေးပါနော့်
    ကျေးဇူးတင်လျက်
    • admin says:
      ပဲအနှစ်ပါ။ ဟုတ်ကဲ့ ကြိုးစားပြီ တင်ပေးပါ့မယ်
  8. ayeyumaw says:
    မမရေ ကြိုးစားပြီးတော့ လုပ်စားကြည့် ပါတယ်။တစ်ခုလောက် ကူညီပါ။
    ပျားရည်နဲ့ ဂျုံ့ မုန့် လုပ်နည်းလေးတင်ပေးပါနော်။
    • admin says:
      ဟုတ်။ ၀တ်ရည်တော့ တခါမှ မလုပ်စားဖူးဘူး။ ချက်နည်းလေး ရှာကြည့်ပြီ တင်ပေးပါ့မယ်နော်
  9.ှSandar says:
    အာလူးပူတီး လုပ်နည်းသိချင်နေတာာကာပြီ။
    အခုတော့သိပြီမို့  ကျေးဇူးပါ။
  10. Nan Nan says:
    အမရေ..
    လာပြန်ပြီနောက်တစ်မျိုး..ဒီရေနဲ့ပဲဒုက္ခရောက်နေတာ.
    ဂျုံ ၁၅၀ ဂရမ်အတွက်ရေဘယ်နှစ်လီတာလောက်.. ဒါမှမဟုတ် နို့ဆီခွက်ဘယ်နှစ်ခွက်ဖြစ်ဖြစ်လိုလဲအမ.
    ညီမတစ်ခေါက်လုပ်ကြည့်တာမဖြစ်ဘူး..
    ကျေးဇူးနော်.
    • admin says:
      ဂျုံ ၁၅၀ ဂရမ် ကို ရေခွက်ဝက်(၁၀၀ မီလီလီတာ) နဲ့ဆို ရပါတယ်။ ချိန်တာအဆင်မပြေရင်၊ ရေကို နည်းနည်းခြင်းထည့်ပြီ ကိုယ်လိုချင်တဲ့ ဂျုံအနေထားရသည်အထိ နုယ်ပေးပါ။…
      • Nan Nan says:
        အမရေ..
        ဖေ့ဘွတ်မှာတောင်ပို့ထားသေးတယ်..
        ပြန်ပြောပေးတဲ့အတွက်ကျေးဇူးနော်..
        လုပ်စားမယ်..အဖိုးရောက်နေတော့သူကအဲ့ဒါမျိုးတွေသိပ်ကြိုက်တာ..လုပ်ကျွေးမယ်..
        • admin says:
          ဟုတ်ကဲ့ ညီမ။ အဘိုးကို လုပ်ကျွေးလိုက်ပါနော်.. 🙂
  11. kkk says:
  12. Ingyin says:
    ကျွန်မအမျိုးသားက အာလူးပူတီ အရမ်းစားချင်နေတာ ခုလိုချက်နည်းလေးရတော့ အရမ်းကိုအဆင်ပြေသွားပြီ ကျေးဇူးအများကြီးတင်ပါတယ်။
  13. kim says:
    အမ​ရေ ဆရာလုပ်​တယ်​လို့မထင်​ပါနဲ့ ချာပါတီက ဂျုံကြမ်းနဲ့
    လုပ်​ရင်​ ပို​ကောင်းတယ်​ ရိုးရိုး​ရေထက်​​ ​ရေ​နွေး​နွေး​လေးနဲ့ ဂျုံကို
    နယ်​ပြီး ၁၀မိနစ်​​လောက်​နပ်​ထားပြီး ဆီနဲနဲ နဲ့ ဖုတ်​ရင်​ ချာပါတီကဘ​ပျော့ပြီး အရသာပိုရှိပါတယ
    • admin says:
      ဟုတ်ကဲ့ ခုလို ပြောပြတာ ကျေးဇူးတင်ပါတယ်။ ဟုတ်ပါတယ် ဂျုံကြမ်းလုပ်မှ အိန္ဒိယချာပတီ စစ်စစ်ရတာပါ၊.. 🙂
  14. linn latt htoo says:
    so good .thank you ma cho
  15. linn latt htoo says:
    ခ ရမ်း ချဉ် သီး အ နှစ် ချဉ် ပြုံး နဲ့ ဟင်း ချက် နည်း လေး ပြော ပြ ပါ ဦး မ မ
Leave a Reply
Your email address will not be published. Required fields are marked *