ပြည်ကြီးငါး နှင့် ခရုဆီ

ပြည်ကြီးငါး နှင့် ခရုဆီ


ပါဝင်သောပစ္စည်းများ

၁။ ပြည်ကြီးငါး – ၂၀ကျပ်သား

၂။ ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်း

၃။ ငရုတ်သီးပွစိမ်း – အကြီး ၁ခု ( ၄စိပ်စိပ်ပါ)

၎။ မုန်လာဥနီ – အကြီး ၁ခု (အ၀ိုင်းအပါးလှီးပါ)

၅။ ကြက်သွန်နီ – ၂လုံး (၄စိပ်စိပ်ပါ)

၆။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)

ရ။ ဂျင်း (နှုတ်နှုတ်ဆင်းပါ)

၈။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၉။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၁၀။ ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း

၁၁။ နှမ်းဆီ – စားပွဲတင်ဇွန်း တ၀က်

၁၂။ ကော်မှုန့် – စားပွဲတင်ဇွန်း တ၀က်

၁၃။ ကြက်သွန်မြိတ် – တပင် (အရှည်လှီးပါ)

ချက်ပြုတ်နည်း

၁။ ပြည်ကြီးငါးမှ လက်များ၊ အညှိအချွဲများအားလုံးကို ဖယ်ရှားပြီး ရေစင်အောင်ဆေးပါ။

၂။ ပြီးလျှင် ပြည်ကြီးငါးကို ဓားဖြင့် ပုံတွင်ပြထားသည့်အတိုင်း ကြက်ခြေပုံမွန်းပေးပါ။

၃။ အညှီနံပျောက်ရန် ရေနွေးကိုတည်ထားပြီး ဂျင်း(စားပွဲတင်ဇွန်း တ၀က်)၊ ရှာလကာရည်ထည့် တည်ထားပေးပါ။

၎။ မွန်းထားသော ပြည်ကြီးငါးကို တ၀က်ဝက်ပြီး တည်ထားသော ရေနွေးထဲထည့်ပေး၍ ပြည်ကြီးငါး လုံးလုံးဖြစ်သွားလျှင် ချက်ချင်းပြန်ဆယ်ပါ။

၅။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)ထည့် ကြက်သွန်ဖြူ၊ ဂျင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း) အညှိရောင်သန်းသည်အထိ ဆီသပ်ပါ။

၆။ ထို့နောက် ကြက်သွန်နီအရင်ထည့်ပြီး ခဏကြာမှ ပြည်ကြီးငါး၊ မုန်လာဥနီ၊ ငရုတ်သီးပွ(အစိမ်း) ထည့်ကြော်ပေးပါ။

ရ။ ဒယ်ထဲ ရေ(နို့ဆီဘူး ၂ခွက်)ထည့် ဆား၊ ကြက်သားမှုန့်၊ ခရုဆီ၊ နှမ်းဆီထည့်မွှေပေးပါ။

၈။ ရေအနည်းငယ်ကျန်လျှင် ကြက်သွန်မြိတ်ထည့်ပေးပါ။ ပြီးမှ ကော်မှုန့်ကို ရေအနည်းငယ်ဖြင့် ဖျော်၍ ထည့်ပေးပါ။

၉။ ပြည်ကြီးငါး ခရုဆီဟင်းကို ထမင်းနှင့် စားသုံးနိုင်ပါပြီး။

ဟင်းအကြောင်း

–         တရုတ်စတိုင် ပြည်ကြီးငါးကို ခရုဆီနှင့် ကြော်ထားသော ဟင်းဖြစ်ပါတယ်။ ဟိုတယ်၊ တရုတ်စားသောက်ဆိုင်များတွင် မှာစားသောက်နိုင်ပါသည်။

–         အရသာသည် ချိုပြီး ဟင်းပုံသည် အလွန်စားချင်စဖွယ်လည်း ကောင်းပါသည်။

–         ဒီဟင်းကို မိနစ် ၃၀ခန့်သာချက်ပြုတ်ရဖြင့် မြန်မြန်နှင့် လွယ်လွယ် ချက်စားချင်သူများအတွက် အလွန်သင့်လျော်ပါသည်။

7 comments

  1. leo says:

    စားသွားတယ်နော်….း)

    • chowutyee says:

      အခုလို အမြဲလာအားပေးလို့ ကျေးဇူးတင်ပါတယ်နော်… 🙂

  2. myintkt says:

    ထပ်တောင်စားချင်သေးတယ်… ချက်ကျွေးအုံး 😀

    • chowutyee says:

      ချက်မကျွေးခင်တုန်းက ကောင်းမှာမဟုတ်ဘူးဆို … ဟွန်း မကျွေးဘူး…

  3. Hmone Gyi says:

    looking yummy 😉

  4. Thet Htar says:

    i just cooked with your instruction,so tasty frd 🙂

Leave a Reply

Your email address will not be published. Required fields are marked *