မာဆလာ တိုရှည်

မာဆလာ တိုရှည်

အိန္ဒိယ မနက်စာ အစားသောက်ဖြစ်တဲ့ ဒိုဆာလို့ခေါ်တဲ့ တိုရှည် လေးပါ။ တိုရှည်ကို ခရမ်းချဉ်သီး ချပ်တနီ၊ ပဲနှစ် တို့နှင့် တွဲစားတာ များပါတယ်။ ၀တ်ရည်ခုလုပ်ထားတာကတော့ မာဆလာ တိုရှည်လို့ ခေါ်တဲ့ အာလူးမာဆလာချက်ကို တိုရှည်နဲ့လိပ်ပြီ စားတဲ့ လုပ်နည်းလေးပါ။ တိုရှည်ကို အရင်ကလည်း အရမ်းကြိုက်ပါတယ်၊ ဒါကြောင့် တိုရှည်ဗန်းဝယ်ပြီ ကိုယ်တိုင်ပဲ လုပ်စားလိုက်တာ အိမ်လုပ် တိုရှည်ကလည်း  ကြွပ်ရွပြီ အရမ်းစားကောင်းတာမို့ ချက်နည်းလေးပါ မျှဝေပေးလိုက်တယ်နော်…

 

တိုရှည် အတွက် ပါဝင်ပစ္စည်းများ

  • ဆန် – နို့ဆီဗူး ၂လုံး
  • မတ်ပဲ – နို့ဆီဗူး ၁လုံး
  • ကုလားပဲ – နို့ဆီဗူး ၄ပုံ၁ပုံ
  • ဇီယာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • နံနံစေ့မှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ရေ

တိုရှည် လုပ်ရန် ပြင်ဆင်နည်း

၁။ အရင်ဆုံး ဇလုံတစ်ခုထဲသို့ (ဆန်၊ မတ်ပဲ၊ ကုလားပဲ) တို့ကို ရောထည့်လိုက်ပြီ ရေစင်အောင်  ၆နာရီကြာအောင် ရေစိမ်ထားပေးပါ။

၂။ ၆နာရီကြာစိမ်ပြီလျှင် (ဆန်၊ မတ်ပဲ၊ ကုလားပဲ) တို့ကို ကြိတ်စက်ထဲ ထည့်ကြိတ်ပါမည်။

၎။ အရင်ဆုံး (ဆန်၊ မတ်ပဲ၊ ကုလားပဲ၊ ဇီယာ၊ နံနံစေ့မှုန့်) တ၀က်ကို ကြိတ်စက်(Blender) ထဲပြီ ရေကို မြုပ်ရုံထည့်ကာ မုန့်ရည် ရသည်အထိ ကြိတ်ပေးပါ။

၎။ ထိုနည်းအတိုင်း ကျန်တ၀က်ကို ထပ်ကြိတ်ပေးပါ။

၅။ တိုရှည်လုပ်ရန် မုန့်ရည်ရပြီဆိုလျှင် ထိုမုန့်ရည်ကို အခန်းအပူချိန်နဲ့ အချဉ်ပေါက်အောင် တညသိပ်ထားရပါမည်။

မှတ်ချက် ။       ။ အချဉ်ပေါက်အောင် Yeast (လက်ဖက်ရည်ဇွန်း တ၀က်) ထည့်လျှင် ပိုကောင်းသည်။

၆။ မုန့်ရည်များကို တညသိပ်ပြီလျှင် တိုရှည် စလုပ်လို့ရပါပြီ။ တညသိပ်ပြီမှ ဆား(လက်ဖက်ရည်ဇွန်း ၂ဇွန်း) ထည့်ကာ ရောမွှေပေးပါ။

မှတ်ချက် ။       ။ မုန့်နှစ်ရည်သည် မပျစ်မကျဲ အနေထားတွင် ရှိနေရမည်။

 

တိုရှည် လုပ်နည်း

၁။ တိုရှည်ဗန်းကို ဆီအနည်းငယ်သုတ်ပြီ ပူအောင် မီးအသင့်တင့်ဖြင့် တည်ထားပါ။

၂။ တိုရှည်ဗန်းပူလာမှ ယောက်ချိုဖြင့် မုန့်ရည် ၁ဇွန်းကို ပုံတွင် ပြထားသည့်အတိုင်း လောင်းချလိုက်ပါ။

၃။ ထို့နောက် ဇွန်းပြားဝိုင်းဖြင့် မုန့်ရည်များ အ၀ိုင်းသဏ္ဍန်ဘေးသို့ ပြန့်သွားအောင် ဖြည်းဖြည်းခြင်း ဖြန့်လိုက်ပါ။

၎။ ပြီမှ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) အပေါ်မှ ဖြူးပေးပါ။

၅။ ပုံတွင် ပါသည့်အတိုင်း ယောက်မဖြင့် ဆီများ တိုရှည် အနှံ့ပြန့်အောင်လုပ်ပေးပါ။

၆။ တိုရှည် အရောင်ပြောင်းလာပြီ ဘေးသားများ ကြွပ်ရွလာလျှင် အာလူး မာဆလာချက်(စားပွဲတင်ဇွန်း ၂ဇွန်း) ကိုထည့်ပြီ ပုံတွင် ပါသည့်အတိုင်း တိုရှည်ကို တဖက်စီ လိပ်လိုက်ပါ။

ရ။ မာဆလာ တိုရှည်ကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ…..

အာလူး မာဆလာချက်တွင် ပါဝင်ပစ္စည်းများ

  • အာလူး  – ၈လုံး (နူအောင် ပြုတ်ပြီ အခွံနွှာ၍ အတုံးသေးများ တုံးပေးထားပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
  • ပဲခြမ်းဝါ – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ (နူအောင် ပြုတ်ထားပါ)
  • မုန်ညှင်းစေ့ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • မာဆလာ – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်သီးစိမ်း – ၄ထောင့်
  • ငရုတ်သီးနီခြောက် – ၅ထောင့်
  • ကလဝေရွက် – ၆ရွက်
  • ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း

ချက်ပြုတ်နည်း

၁။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ကာ ဆီပူလာလျှင် (ကြက်သွန်နီ၊ မုန်ညှင်းစေ့၊ ဆနွင်းမှုန့်၊ မာဆလာ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးနီခြောက်၊ ကလဝေရွက်) ရောမွှေလိုက်ပါ။

၂။ ထို့နောက် အာလူး၊ ပဲခြမ်းဝါ၊ ဆားတို့ကို ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၃။ အာလူးပြဲအောင် အထိ ရေထည့်ပြီ တည့်ထားပေးပါ။

၎။ ရေခန်းသွားလျှင် အာလူးမာဆလာချက်ကို ရပါပြီ…

 

 

41 comments

  1. hmone gyi says:

    woww very nice…i will try to make it sometimes thank you pig yee 🙂

  2. maykoonngel says:

    Thank you! i’ll try to make it…

  3. Tayzar says:

    Thank you so much for uploading this recipes. တိုရှည် is my favourate. I will try this next weekends. But I got the problem with findings things like ဇီယာ၊ နံနံစေ့မှုန့်၊ ကလဝေရွက်။ can you tell me the english name of this? And is it alright that if i don’t use the မတ်ပဲ? Thanks you again.

  4. Areal Thu says:

    I like ur curries!!!:P

  5. Aye Aye Tint says:

    thanks ,i’ll try it.

  6. Aye says:

    my favorite..I’m gonna try. Thank you

  7. Aye Aye Tint says:

    nice ,like it

  8. yoe lay says:

    မ၀တ်ရည်
    အချဉ်ပေါက်အောင်က ဘယ်လိုထားရမလဲဟင် အဖုံးဖုံးထားရမလား မဖုံးရလားမသိလို့ပါနော်..

    • admin says:

      အုပ်ထားရမှာပါ.. 🙂

      • yoe lay says:

        အဟဲ.. ရစ်တယ်လို့တော့မထင်နဲ့နော်.. ဘယ်လိုအုပ်ထားရမှာလဲဟင် အ၀တ်စိုနဲ့လား ပလတ်စတစ်အကြည်လေးနဲ့လားဟင် .. ဘိန်းမုန့်ဖောက်တုန်းက အဆင်မပြေလို့ပါ.. ကျေးဇူးတင်ပါတယ်နော်.. တကယ်လုပ်စားကြည့်ချင်လို့ပါ

        • admin says:

          ပလတ်စတစ်နဲ့ အုပ်ထားပေးပါ.။… လုပ်စားကြည့်ပါနော်.. 🙂

          • yoe lay says:

            ဟုတ်ကဲ့.. ကျေးဇူးအရမ်းတင်တယ်နော် မ 😉

          • yoe lay says:

            မရေ… ဒီနေ့ပဲ လုပ်စားကြည့်ပါတယ် အရမ်းစားကောင်းတယ် … 🙂
            ဒါနဲ့ မ အဲ့ဒီဒယ်ပြားလေး ဘယ်မှာဝယ်လို့ရလဲဟင် .. ညီမတော့ အိမ်မှာရှိတဲ့ ရိုးရိုး အိုးမကပ်ဒယ်အိုးနဲ့ပဲလုပ်လိုက်တယ် ;P ၀ယ်လို့ရတဲ့နေရာသိရင်ညွှန်းပေးပါဦးနော် .. ကျေးဇူးပါ

            • admin says:

              တိုရှည်ဒယ်ပြားကို ၀တ်ရည် စကော့ဈေး တံတားနားက အိန္ဒိယပစ္စည်းရောင်းတဲ့ဆိုင်က ၀ယ်လာတာပါ။ အဲဒီဆိုင်မှာ တိုရှည်လုပ်တဲ့ ဗန်းအပြင်၊ မုန့်လင်မယားလုပ်တဲ့ ဗန်းအားလုံး အစုံအလင်ရှိပါတယ်။။

          • yoe lay says:

            ဟုတ်ကဲ့.. ကျေးဇူးတင်ပါတယ်နော် မ … ညီမက မန်းလေးကပါ လူကြုံရှိတဲ့အခါ သွားကြည့်ခိုင်းလိုက်ပါဦးမယ် 🙂 ဒါနဲ့ အဲ့ဒါတွေက အိုးမကပ်တွေလားဟင် .. ဘယ်လိုပြောပီး ကြည့်ခိုင်းရမလဲမသိလို့ပါ .. ရိုးရိုးဒယ်အိုးဆိုရင်ရော ဆီဝအောင် ဘယ်လိုလုပ်ရလဲဟင် .. အသစ်ဝယ်လာရင် ကပ်သလားလို့ပါ.. အဆင်ပြေရင်ဖြေပေးပါဦးနော်

            • admin says:

              Non-stick တိုရှည်ဗန်းလို့ ပြောပြီ မှာလိုက်ရင် ရမယ်။ ဆီဝအောင်လုပ်ဖို့ မလိုပါဘူး။ တိုရှည်မလုပ်ခင် ဆီနည်းနည်းလောင်းပြီ အ၀တ်သန့်လေးနဲ့ ပြန်သုတ်လိုက်ရင် ရပါပြီ.. ကျေးဇူးနော်.. 🙂

  9. ခင်ယမုံ says:

    ညီမလေးက ကုလားမလေးလည်းဖြစ်တာပဲလား..(နောက်တာနော်..)
    လုပ်ရတာလွယ်သားပဲညီမရေ..
    ခုတော့ ညီမလေးလုပ်ထားတာလေးစားသွားတယ်နော်..
    ကျေးဇူး
    🙂

    • admin says:

      ဟီးဟီး ဟုတ်တယ်။ ၀တ်ရည်က တိုရှည် အရမ်းကြိုက်တာ။ လုပ်ရလည်း လွယ်တယ်၊ စားလို့လည်း ကောင်းတယ်.. မအားရင် လုပ်စားကြည့်ပါအုန်းနော် 😀

  10. Aye Yu Maw says:

    အစ်မရေ yeast ဆိုတာဘယ်လိုဟာလည်း၊
    ဘေကင်ပေါင်ဒါနဲ့ တူလား ပြန်ဖြေပေးပါနော်။

    • admin says:

      http://ecx.images-amazon.com/images/I/41JjtYPWp5L._SL500_AA300_.jpg ဒီလင့်မှာ ပုံလေးကြည့်လိုက်ပါ။ အဲဒီပုံအတိုင်း citymart မှာမေးဝယ်လို့ရတယ်။ ဒါပေမယ့် အထုပ်သေးပဲ ၀ယ်ခဲ့ပါ။ yeast က ပါမုန့်ဖုတ်တာတို့မှာ ပွဆေးမှိုတစ်မျိုးပါ။

  11. Ei Snow says:

    တိုရှည်ကို အိမ်မှာစားချင်တာကြာပြီ မတ်ပဲ စိမ် ကြိတ်ဘို့ခက်လို့ … အခုတော့ မ၀တ်ရည်ကြောင့် စားရချည်သေးရဲ့ ကျေးဇူး

  12.ီKo Latt says:

    ကျေးဇူးတင်ပါသည်။နောက်လည်းမုန့် မျိုးစုံဖော်ပြပေးပါ။

  13. Hi very very thank you

  14. khin su says:

    အစ်မ
    ဟင်းထုပ်လုပ်နည်းလေးပါတင်ပေးပါဦး။

  15. Noe now says:

    Hello,
    Ma Pae Ko English Lo bae Lo call lae so tar Thi chin par tae.

    Thank u sis 🙂

  16. Natehtwe says:

    မဝတ်ရည်
    တိုရှည်နဲ့တွဲစားတဲ့ ပဲနှစ်ချက်နည်းလေးရယ် ရိုတီလုပ်နည်းသိပါရစေ
    ကျေးဇူးပြု၍ တင်ပေးပါအုံးနော်
    ကျေးဇူးတင်လျက်

  17. Yee Mon says:

    Thanks a million.. Ma Wut Yee!!!
    Wish you to be healthy and wealthy…
    Your posts really help me!

Leave a Reply

Your email address will not be published. Required fields are marked *