ငါးဖယ်အစားသွပ် ကြက်ဥလိပ်ကြော်
ငါးဖယ်အစားသွပ် ကြက်ဥလိပ်ကြော်
ပါဝင်သောပစ္စည်းများ
၁။ ကြက်ဥ – ၃လုံး (ခလောက်)
၂။ ငါးဖယ် – ၁၀ကျပ်သား (ထောင်း)
၃။ ကြက်သွန်နီ၊ ဖြူ – အနည်းငယ် (နှုတ်နှုတ်ဆင်း)
၎။ ကြက်သွန်မြိတ် – ၄ချောင်း (အရှည်လှီးး)
၅။ ဆား၊ ကြက်သားမှုန့််
၆။ မုန်လာဥနီ – ၂ခု (အရှည်လှီး)
ချက်ပြုတ်နည်း
၁။ ငါးဖယ်ခြစ်ထောင်း ထားတဲ့ထဲကို ကြက်ဥနှစ် (စားပွဲတင်ဇွန်း တ၀က်)၊ ဆား (လက်ဖက်ရည်ဇွန်း ၂ ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၂ ဇွန်း)၊ ဂျုံ (လက်ဖက်ရည်ဇွန်း ၃ ဇွန်း)အနည်းငယ်ထည့်နုယ် ပေးပါ။
၂။ ခလောက်ထားသော ကြက်ဥ ၃လုံးကို ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ အပြားဖြစ်အောင်ကြော်ပေးပါ။
၃။ ကြက်ဥအပြား အလယ်ထဲသို့ – (ငါးဖယ်အပြား၊ မုန်လာဥနီ၊ နံနံပင်၊ ကြက်သွန်မြိတ်) ထည့်လိပ်ပေးပါ။
၎။ ထို့နောက် တန်ပူရာမှုန့်(စားပွဲတင်ဇွန်း ၃ဇွန်း) +ဆား (လက်ဖက်ရည်ဇွန်း တ၀က်)+ရေ အနည်းငယ်ထည့် (ပျစ်ပျစ်)ရောဖျော်ပြီး ကြက်ဥအလိပ်ပေါ်လောင်းချပေးပါ။
၅။ ထို့နောက် ကြက်ဥအလိပ်ကို ဒယ်ထဲ ဆီများများထည့်ပြီး ဆီထဲ နှစ်ကြော်ပေးပါ။
၆။ ကြော်ပြီးသော ကြက်ဥအလိပ်ကို အ၀ိုင်းေးလးများ လှီးပေးပါ။
စားချင်စဖွယ်ကောင်းပြီး အနံသင်းနေသော ငါးဖယ်အစားသွပ် ကြက်ဥလိပ်ကြော်ကို စားသုံးနိုင်ပါပြီး။
8 comments
  1. Hmone Gyi says:
    wow look very professional….gonna try but i doubt to be the same LOL
  2. Ray Chew says:
    That look so nice. I’ll try it One Day
  3. Junelay says:
    ကြိုက်တယ် ကျွေးပါလား မမလုပ်တာဆိုတော့ ^-7 စားချင်တယ်
  4. ma mu says:
    ခင်မင်စွာဖြင့်
    မမူ
  5. MW says:
    အမ အဲ့လို ကြက်ဥအပြားထဲကို ငါးဖယ်ထည့်ပြီး တန်ပူရာအမှုန့်လောင်းပြီးကြော်တော့ အထဲကငါးဖယ်ကျက်ပါသလား
    သမီးမသိလို့ ပြောပြပေးပါနော်အမ
Leave a Reply
Your email address will not be published. Required fields are marked *