ကြက်သွန်နီ ကွင်းကြော် (Fried Onion Ring)

ကြက်သွန်နီ ကွင်းကြော် (Fried Onion Ring)

နေ့လည်စာ အစာပြေ လွယ်လင့်တကူ လုပ်စားနိုင်ဖို့ ကြက်သွန်နီ ကွင်းကြော်လေးပါ။ Onion ring လို့ခေါ်တဲ့ ကြက်သွန်နီ အကွင်းလေးတွေ လှီးပြီ ဆီများများနဲ့ ကြော်ထားတာပါ။ ကြွပ်ရွရွလေးနဲ့မို့ အရမ်းလည်း စားကောင်းပါတယ်။ လုပ်ရလည်း လွယ်ပြီ အချိန်တိုတွင်းမှာပဲ လုပ်စားနိုင်မှာပါ…

ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ – ၃လုံး (အလုံးကြီး)
  • ဂျုံမှုန့် – ၁ခွက်ခွဲ
  • Baking powder – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

  • ကြက်ဥ – ၁လုံး
  • နွားနို့ – ၁ခွက်
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ကြက်သွန်နီကို အ၀ိုင်း ထူးထူးလှီးပေးပါ။

၂။ ထို့နောက် ခွက်တစ်ခုထဲတွင် (ဂျုံမှုန့်၊ baking powder၊ ဆား၊ ငရုတ်ကောင်းမှုန့်) တို့ကို သမအောင် ရောနုယ်ပေးပါ။

၃။ ကြက်ဥနှင့် နွားနို့ကို ရောခလောက်လိုက်ပါ။

၎။ ခလောက်ထားသော နွားနို့ခွက်ထဲ ကြက်သွန်နီကွင်း များကို အရင်နှစ်စိမ်ပေးပါ။

၅။ ပြီမှ ဂျုံခွက်ထဲသို့ ကြက်သွန်နီကွင်းများကို ထည့်ပြီ ဂျုံကပ်ပေးပါ။

၆။ ပိုကြွပ်ရွစေရန် ဂျုံကပ်ပြီသား ကြက်သွန်နီကွင်းများကို နောက်တစ်ကြိမ် နွားနို့ခွက်ထဲ ပြန်နှစ်ပြီ ဂျုံ ထပ်မန် ကပ်ပေးပါ။

ရ။ ထိုနည်းအတိုင်း ကျန်ကြက်သွန်နီကွင်းများကို ပြုလုပ်ပါ။

၈။ ပြီနောက် ဆီများများထည့်ထားသော ဆီကြော်အိုး (သို့) deep fast fryer ထဲထည့်ပြီ ကြက်သွန်နီကွင်းများ အညှိရောင်သန်းလာသည်အထိ ကြော်ပေးပါ။

၉။ ကြက်သွန်နီ ကွင်းကြော်လေးများ ရပြီဆိုလျှင် ခရမ်းချဉ်သီး ketup (သို့) sour cream မိမိကြိုက်နှစ်သက်ရာဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…

———————————————————————————————————————

27 comments

  1. Pye Soe Tun says:

    Ths a ma

  2. Hmone Gyi says:

    share bae… i only eat ready made normally as i don’t know how to make it and will try it 🙂

  3. Than Than Mu says:

    ကျေးဇူးတင်ပါတယ်။ ကျော်ကြည့်လိုက်ပါ့မယ်။

  4. Thet Thet Khine says:

    It may be so easy but so tasty,
    I’ll try it. Thanks.

  5. MAGYI says:

    I like fried onion very much especially from OUTBACK STEAK HOUSE.I have no idea how to fry it.let me copy from you.thanks sis

  6. Aye Thandar says:

    Thanks for your sharing. My baby is very like onion. I will do it. Thx u.

  7. ခင်ယမုံ says:

    လုပ်စားမယ်ညီမလေးရေ..
    ကျေးဇူး

  8. Nay Chi Lin says:

    I like this website. I interested cooking. My hobby is cooking. New menus find to this site. Thank u so much. Do it yourself.

  9. yoe lay says:

    ကြော်တဲ့အခါ သုံးတဲ့ဂျုံမှုန့်က ဘာအမျိုးအစားလဲမသိဘူးနော်.. ရိုးရိုးဂျုံမှုန့် ( Plain Flour ) နဲ့ သုံးရင် ကြော်ခါစပဲ ကျွတ်ပီး ၁ နာရီလောက်နေတဲ့အခါ ပြန်ပျော့သွားလို့ပါ… ဘာလို့လဲမသိဘူးနော်… နောက်ပီး ကြက်သားဂျုံမှုန့်ကပ်ကြော်ရင်လဲ အဲ့လိုပဲ ဖြစ်ဖြစ်သွားလို့ ဘယ်လိုအမျိုးအစားသုံးရလဲဆိုတာ ဖြေပေးပါဦးနော်… with Thz!

    • admin says:

      ရိုးရိုး ဂျုံမှုန့်ပဲ သုံးတာပါ။ ကြော်ပြီပြီခြင်း ဆီစုတ်စက္ကူနဲ့ပဲဖြစ်ဖြစ် ဆီစစ်ပေးရင် ချက်ချင်း မပျော့ပါဘူး…

  10. Nay Chi says:

    ကြက်ဥ ကသတ်သတ်လွတ်လို့ လား ဟင်….

    • admin says:

      တချို့သက်သက်လွတ် ကြက်ဥ စားတဲ့သူတွေလည်း ရှိပါတယ်..

  11. Aye Aye Mon says:

    ကောင်းမှကောင်း. ကြိုက်မှကြိုက် မြင်ရတာနဲ့ တင် စားချင်လာပြီ ညီမရေ

    ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

  12. Wyut Yi Htay says:

    Ama wutyee …
    I am also wyut yi 🙂 I am ur fan …. I really love ur blog as i love cooking… I always made screen shot on all food that I wanna eat so that I can cook layer on… recently during this moment I hv little time to cook as I am a student … but I save all of ur cooking methods…
    ALSo This onion fries …I really love it… where can I buy deep fast fryer ama..is it availabe in myanmar??

    Admiring u deeply &
    Hoping fully ur reply
    Ur sis wyut yi htay 🙂

  13. Wyut Yi Htay says:

    Ama wutyee …
    I am also wyut yi 🙂 I am ur fan …. I really love ur blog as i love cooking… I always made screen shot on all food that I wanna eat so that I can cook later on… recently during this moment I hv little time to cook as I am a student … but I save all of ur cooking methods…
    ALSo This onion fries …I really love it… where can I buy deep fast fryer ama..is it availabe in myanmar??

    Admiring u deeply &
    Hoping fully ur reply
    Ur sis wyut yi htay 🙂

  14. sawjosephaung says:

    ကြက်သားကြော်ဖြစ်ဖြစ်တခြားအသားဖြစ်ဖြစ် မုန့်ကျွတ်နဲ့ ကပ်ပြီးကြော်တဲ့နည်း သိချင်ပါတယ် အမ

Leave a Reply

Your email address will not be published. Required fields are marked *