ဆိတ်သား ခါးပတ်ကင်
‘ဆိတ်သား ခါးပတ်ကင်’
ဒီဆိတ်သား ခါးပတ်ကင်က အိန္ဒိယ၊ အင်ဒိုနီးရှားတွင် အစားများသော အကင် တမျိုးဖြစ်ပါတယ်။ ဆိတ်သား အတုံးလိုက်ကင်မယ့်အစား နှုတ်နှုတ်စဉ်းပြီ ကင်တဲ့အတွက် သူမှာပါတဲ့ အဆီတွေကို ဖယ်ရှားပြီ မီးခိုးရနံ့လေးနဲ့ စားလို့လည်း ကောင်းပါတယ်။ တချို့က ဆိတ်သားအစား သိုးသားကို အသုံးပြုပြီ သိုးသားခါးပတ်ကင် လုပ်စားရင်လည်း အရသာကောင်းမွန်ပါသည်။ ချက်နည်းလေး ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ [Ingredients]
  • ဆိတ်သား [ground mutton]    ♦ ၁၅ကျပ်သား (နှုတ်နှုတ်စဉ်းထားပေးပါ)
  • နံနံပင် [coriander]                   ♦ စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းထားပါ)
  • ကြက်သွန်မြိတ် [spring onion] ♦ ၁စည်း (နှုတ်နှုတ်စဉ်းထားပါ)
  • ငရုတ်သီးစိမ်း [green chilli]       ♦ ၁ခု (ပါးပါးလှီးပါ)
  • ဂျင်း [ginger]                           ♦ လက်တဆစ် (နှုတ်နှုတ်စဉ်းပါ)
  • ဇီယာမှုန့် [cumin]                      ♦ လက်ဖက်ရည်ဇွန်း တ၀က် (ဇီယာကို ထောင်းပေးလျှင်လည်း ရသည်)
  • ငရုတ်ကောင်းမှုန့် [black pepper]♦ လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား [salt]                               ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကင်နည်း [Grill Recipes]
၁။ ခွက်တစ်ခုထဲတွင် နှုတ်နှုတ်စဉ်းထားသော (ဆိတ်သား၊ နံနံပင်၊ ကြက်သွန်မြိတ်၊ ငရုတ်သီးစိမ်း၊ ဂျင်း၊ ဇီယာမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ဆား) တို့ဖြင့် သမအောင် ရောနုယ်လိုက်ပါ။
၂။ ပြီလျှင် နုယ်ထားသော ဆိတ်သားကို ရေခဲသေတ္တာထဲ ထည့်၍ ၁နာရီခန့် နှပ်ထားပေးပါ။
၃။ ထို့နောက် လက်ကို ရေအနည်းငယ်စွတ်ပြီ ဆိတ်သားများကို ၀ါးတံစို့(သို့) သံတံစို့ဖြင့် သီလိုက်ပါ။
၎။ ကင်မည်ဆိုလျှင် မီးကင်ပြားကို ဆီအရင်သုတ်ထားပေးပါ။ မီးသွေး (သို့) ဂက်(စ်) ကြိုက်ရာဖြင့် ကင်နိုင်ပါသည်။
၅။ ပြီနောက် သီထားသော ဆိတ်သား ခါးပတ်များကို တဖက်ကို ၄မိနစ်မှ ၆မိနစ်ကြားဖြင့် ၁၀မိနစ်ခန့် ကင်ပေးပါ။
၆။ ဆိတ်သားခါးပတ်ကင် ရပြီဆိုလျှင် ပါးပါးလှီးထားသော ကြက်သွန်နီ၊ သံပရာသီးဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…
Tips: ဆိတ်သားခါးပတ်နှယ်ပြီ တံစို့တွင် မသီခင် လက်ကို ရေအေးစိမ်ပြီမှ သီလျှင် ပိုမိုကောင်းမွန်သည်။ ၀ါးတံစို့များကိုလည်း ၁၅မိနစ်ခန့် ရေစိမ်ပြီမှ သီပါ။
29 comments
  1. Hmone Gyi says:
    i normally don’t eat kabah but i will surely try urs receipt or you treate me 😛
    • admin says:
့haa ကိုယ်ကို အမြဲကျွေးပြီသား.. ရန်ကုန်သားပြန်လာခဲ့
  2. myint win says:
    ရွှေကြည်မုန့်လုပ်နည်းတင်ပေးပါဦး
  3. uyemyo says:
    အသစ်တင်တိုင်းပို့ပေးအတွက်ကျေးဇူးပါနော်
  4. Than Than Mu says:
    ကျေးဇူးတင်ပါတယ်။ စားကောင်းမယ်လို့ ယုံပါတယ်။
  5. nge lay says:
    i like it……thank sis
  6. umoe says:
    ကျေးဇူး အထူးတင်ပါတယ်။
  7. Zarchi Phyo says:
    ယိုးဒယားကွတ်တယို လုပ်နည်းရှိရင် မျှပါဦး ဝတ်ရည်
  8. Nang Myint Thwe says:
    ကျေးဇူးနော် … လုပ်စားကြည့်ဦးမယ် … သားသမီးတွေပြန်လာရင် လုပ်ကျွေးမယ် …။
  9. Myint Aung says:
    I also want to know Malaysian Satay. I like satay.
    I can also make barbecue of other meat by this kind of pan on gas stroke. If there is oil on flame I’m afraid flame may suddenly enlarge.
  10. […] ဆိတ်သား ခါးပတ်ကင် […]
  11. […] ဆိတ်သား ခါးပတ်ကင် […]
  12. Zinn says:
    ညီမကိုရှမ်းမုန်ညင်းချဉ်လုပ်နည်းလေးပြောပြပါလားအမ(ရှမ်းခေါက်ဆွဲနဲ့စားတဲ့ရှမ်းချဉ်လေအမ)
    • admin says:
      ဟုတ်ကဲ့ ကြိုးစားပြီ တင်ပေးပါ့မယ်နော်.. 🙂
  13. swe swe myint says:
    sar lo kaung bar tae
  14. may dadar says:
    မ၀တ်၇ည် Oven နဲ့ကင်၇င်ေ၇ာ၇လားဟင်း ဘယ်နှမိနစ်လောက်ကင်၇ပါမလဲ၇ှင်
    • admin says:
      Oven နဲ့ဆိုရင် ၁၈၀ ဒီဂရီနဲ့ ၁၅မိနစ်ခန့်ကင်ပေးပါ..
  15. ဟင်းချက်​နည်း​လေး​တွေတင်​​ပေးလို့​ကျေးဇူးတင်​ပါတယ်
    ငါးဆန်​ပြုတ်​လုပ်​နည်း​လေးသိချင်​လို့တင်​​ပေးပါလား
  16. မင်္ဂလာပါ။
    ယနေ့ဆိတ်သားဒိန်ချင်ချက်စားပါတယ်။
    ကောင်းပါတယ်။အ၇သာလည်းရျိပါတယ်။ကျေးဇူးပါ။ဒီယူကေမယ်ကိုတိုင်ချက်စာရတာပိုကောင်းပါတယ်။ဆိုင်တေါသိတ်စားရတာအဆင်မပြေပါဘူး။
    NATSHIN NAUNG.LONDON.UK
Leave a Reply
Your email address will not be published. Required fields are marked *