Subway အမဲသားလုံး ဆမ်းဝေ့

Subway အမဲသားလုံး ဆမ်းဝေ့ (Subway Meatball Marinara)

အမေရိကာမှာ လူကြိုက်များတဲ့ Subway Meatball Marinara အီတလီ အစားအသောက်ဖြစ်ပါတယ်။ Subway မှာ ဆမ်းဝေ့မျိုးစုံရှိသည့်ထဲမှာ တမူထူးခြားပြီ အမဲသားလုံးနဲ့ စားရတဲ့ ဆမ်းဝေ့လေးကို ၀တ်ရည် တင်ဆက်ပေးမှာပါ။ အမဲသားလုံးလေးများကို ကင်ပြီမှ ခရမ်းချဉ်သီးဆော့နဲ့ ပြန်ရောချက်ရတာပါ။ Subway ဆမ်းဝေ့တစ်ခုမှာ အမဲသားလုံး ၄လုံးနဲ့ ချိစ်၁ပြား ပါဝင်ပါတယ်။ အရသာကလည်း ရိုးရိုးဆမ်းဝေ့တွေနဲ့ မတူပဲ၊ အသားလုံးတွေမှာပါ ချိစ်ပါဝင်တာမို့ တမူထူးခြားနေပါတယ်။ ခုပဲ ချက်နည်းကြည့်လိုက်ရအောင်…

ဆမ်းဝေ့ ပါဝင်ပစ္စည်းများ (၂ယောက်စာ)

  • ဆမ်းဝေ့ပါမုန့် – ၂ခု(ဟော့ဒေါ့လုပ်သည့် ပါမုန့်ကို သုံးလျှင်ရသည်)
  • ချိစ်ပြား – ၂ပြား (တြိဂံ တ၀က်ပိုင်းထားပါ)

အမဲသားလုံး ပါဝင်ပစ္စည်းများ

  • အမဲသား – ၂၀၀ ဂရမ် (နှုတ်နှုတ်စဉ်းပါ)
  • ပါမုန့်ခြောက် – စားပွဲတင်ဇွန်း ၁ဇွန်း
  • နွားနို့ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
  • တရုတ်နံနံပင် – လက်ဖက်ရည်ဇွန်း တ၀က် (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၃ပုံ၁ပုံ (နှုတ်နှုတ်စဉ်းပါ)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ချိစ် – စားပွဲတင်ဇွန်း ၁ဇွန်းစာ( ခြစ်တံဖြင့် ခြစ်ထားသော)

မှတ်ချက် ။ အမဲသား မစားသူများ ကြက်သားဖြင့် ပြုလုပ်နိုင်သည်။

ဆော့တွင် ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ – စားပွဲတင်ဇွန်း ၂ဇွန်း (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ခရမ်းချဉ်သီးအနှစ် – ၁ခွက်စာ (Ready Made စည်သွပ်  ခရမ်းချဉ်သီးအနှစ်ဗူး)
  • ရေ – ခွက် ၄ပုံ၁ပုံ
  • သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • Oregano – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဇောက်ခွက်တစ်ခုထဲတွင် (အမဲသား၊ ပါမုန့်ခြောက်၊ နွားနို့၊ ကြက်ဥ၊ တရုတ်နံနံ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချိစ်၊ ဆား၊ ကြက်သားမှုန့်) တို့ကို ရောနုယ်ပေးပါ။

၂။ ပြီမှ ပုံတွင်ပါသည့်တိုင်း အမဲသားလုံး ၈လုံးလုံးပေးပါ။

၃။ ထို့နောက် Grill oven ထဲထည့်ပြီ ၁၅မိနစ်ခန့် ကင်ပေးပါ။

၎။ ကင်ပြီလျှင် အမဲသားလုံးများကို oven ထဲမှ ပြန်ထုတ်ထားပါ။

၅။ ပြီလျှင် ခရမ်းချဉ်သီးဆော့ ချက်ပါမည်။ ဆော့ချက်ရန် ဒယ်ထဲ သံလွင်ဆီထည့်ပြီ ကြက်သွန်ဖြူ၊ နီများကို ဆီသပ်ပေးပါ။

၆။ ပြီမှ ခရမ်းချဉ်သီးအနှစ်၊ အမဲသားလုံး၊ ရေ၊ သကြား၊ ဆား၊ oregano ထည့်ကာ ၂မိနစ်ခန့် တည်ထားပေးပါ။

ရ။ ထို့နောက် ဆမ်းဝေ့ပါမုန့်ကို အလယ်မှ မပြတ်ရုံ ဓားဖြင့် လှီးပေးပြီ အမဲသားလုံး(၄လုံး) ခရမ်းသီးနှစ် နှင့် ချိစ်ပြား ၁ပြားကို အစားသွပ်ပေးပြီ Subway ဆမ်းဝေ့ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…

———————————————————————————————————————

 

20 comments

  1. ko Htwe says:

    ကောင်းတယ်မဝတ်ရည်.
    အမေရိကား က Baguette Sandwich ကိုပုံပြောင်းလေးလုပ်ထားသလိုဘဲ.. အမေရိကန်မှာဆို Baguette Sandwich တို့ Burger တို့ဆိုတာ Mc donal က နာမည်အကြီးဆုံးဘဲ ..ကောင်းပါတယ် အသစ်အဆန်းလေးတွေ ကိုယ်ပိုင်တီထွင်ပြီး တင်ပေးတာဆိုတော့ .. အများပြည်သူတွေ ဗဟုသုတတိုးတာပေါ့.. ( တစ်ခုလောက်တော့ပြောပရစေလား )Subway Meatball Marinara ဆိုတဲ့နာမည်မှာ. တစ်ခုခုများ မှားနေသလားလို့ပါ။ Marinara ဆိုတာ တစ်ကယ်တော့ ရေထွက်ပစ္စည်း ဖြစ်တဲ့ ပင်လယ်အစားအစာကိုပြောတာလေ.. အခုဟာက အမဲသားနဲ့လုပ်ထားတာဆိုတော့ Marinara ဆိုတဲ့ နာမည် သုံးလို့ဖြစ်ပါ့မလား လို့ပါ..( ဟဲ..ဟဲ
    ဆရာကြီးလုပ်တာတော့မဟုတ်ပါဘူး.). ကျွန်တော်က မဝတ်၇ည်ရဲ့ Website ကိုအားတိုင်း ဖတ်နေတဲ့သူမို့ပါ ။ ဆောရီးနော်..

    • admin says:

      ညီမရေ ဒီချက်နည်းက အစ်မ ဆန်းသစ်ပြီ ထွင်ထားတာ မဟုတ်ပါဘူး။ Subway Meatball Marinara ဆိုတဲ့ Subway brand နဲ့ထုတ်တဲ့ ဆမ်းဝေ့လုပ်နည်းအတိုင်း လုပ်ထားတာပါ။ အမေရိကာမှာ subway ကလူကြိုက်အရမ်းများတာ။ ဆရာကြီးလုပ်တယ်လို့လည်း မထင်ပါဘူး၊ ကျေးဇူးပါနော်..

      • ko Htwe says:

        ညီမရေ တဲ့လား.. တမင်နှိပ်ကွတ်လိုက်တာများလား လို့တောင် ထင်မိပါရဲ့.. ( ဝေဖန်တာကိုမနှစ်သက်ရင်..မဝေဖန်တော့ပါဘူး..)ကျွန်တော်ဟာ
        ယောက်ကျား စင်စစ် ဧကန် ဖြစ်ပါရဲ့နဲ့..ဖုန်းသဘာ..သဘ ကြောင့် လုံးရာက ပြား ရ မှာမျိုးတော့ မဖြစ်ပရစေနဲ့..

        • admin says:

          တကယ် တောင်ပန်းပါတယ်၊ Ko Htwe ရေ။ တမင် ရေးလိုက်တာ မဟုတ်ပါဘူး၊ ညီမဆိုတာ မှားရေးမိတာပါ။ ဝေဖန်တာကိုလည်း မနှစ်သက်စရာ မရှိပါဘူး၊ ဝေဖန်တာကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ဆော်ရီးနော်…. 🙂

    • Anna says:

      Subway မှာ Meatball Marinara ရောင်းပါတယ်… Marinara Sauce နဲ့ လုပ်ထားတဲ့ အသားလုံးကိုပြောတာပါ…onion,garlic,celery,carrots,sea salt,ground black pepper,tomatoes, bay leaves နဲ့ လုပ်ထားတဲ့ Sauce ကိုပြောတာပါ…ကိုထွေးပြောတဲ့ ရေထွက်ကုန် မဟုတ်ပါဘူး… အသားလုံးကို Sauce ထဲနှစ်ထားလို့ Meatball Marinara လို့ခေါ်တာပါ…၀တ်ရည်ပြောသလို Subway Sandwiches ထဲမှာပါပါတယ်…သူတို့ကတော့ အသားလုံးကို Marinara Sauce နဲ့လုပ်ထားတာပါ…Anna လည်း ဆရာလုပ်တာမဟုတ်ပါဘူးနော် မ၀တ်ရည်… ညီမရေလို့ ခေါ်လို့ရပါတယ်… 😛

  2. Hmone Gyi says:

    i love it so much…thx for post 🙂

    • admin says:

      ဟားဟား ကိုယ်လည်း လုပ်စားကြည့်လေ။ တကယ်စားကောင်းတယ်

  3. umoe says:

    ကျေးဇူးတင်ပါတယ်။

  4. nyonyohan says:

    ညီမ၀တ်ရည် ဒီတစ်ပါတ်လုပ်စားကြည့်မယ်။ အခုဗိုက်ဆာနေတာ ချက်ချင်းတောင်စားချင်လာပြီ။

  5. ခင်ယမုံ says:

    ညီမလေးရေ..
    ကြည့်ရတာနဲ့တင် စားကောင်းလို့အီစိမ့်နေမှာပဲ..
    အစ်မက အမဲသားမစားတော့ ဝက်သားလေးနဲ့လုပ်မယ်နော်..
    ကျေးဇူးညီမလေး
    🙂

  6. yi lay says:

    အစ်မရေ ဝိတ်လျော့နေတဲ့ လူတွေအတွက် အာဟာရလည်းရှိ ကျန်းမာရေးအတွက်လည်းကောင်း ဝိတ်လည်းလျော့
    စေတဲ့ ပြုလုပ်နည်းလေးပးပါလား အစ်မ

  7. Zarchi Phyo says:

    ဝတ်ရည် oregano ကို မြန်မာလိုဘယ်လိုခေါ်လဲ

    • admin says:

      Oregano လို့ပဲ ခေါ်တယ်။ Market Place (City Mart) မှာ ၀ယ်လို့ရပါတယ်…

  8. Aye ei ei Aung says:

    like this.

Leave a Reply

Your email address will not be published. Required fields are marked *