ကျောက်ပွင့်သုပ်

ကျောက်ပွင့်သုပ်

ချဉ်ချိုစပ် ကျောက်ပွင့်သုပ်လေးပါ။ အရသာ ကောင်းမွန်ပြီ အချိန်တို အတွင်းမှာပဲ အသုပ်တမျိုး လုပ်စားနိုင်မှာပါ။ သုပ်နည်းလေး ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကျောက်ပွင့် – ၂ခု (ရေစိမ်ပြီမှ တကိုက်စာ အရွယ်လေးများ ပိုင်းဖြတ်ထားပါ)
  • ခရမ်းချဉ်သီး – ၂လုံး (အစေံထုတ်ပြီ အရှည်ပါးပါးလှီးပါ)
  • ကြက်သွန်နီ – ၁လုံး (ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ ဆီချက် – စားပွဲတင်ဇွန်း ၁ဇွန်း

  • မြေပဲ – စားပွဲတင်ဇွန်း ၂ဇွန်းစာ (မညက်တညက် ထောင်းထားပါ)
  • ပုဇွန်ခြာက် – စားပွဲတင်ဇွန်း ၁ဇွန်းစာ (ညက်ညက်လေး ထောင်းထားပါ)
  • သံပရာသီး – ၁လုံး (အရည်ညှစ်ရန်)
  • ငရုတ်သီးစိမ်း – ၂တောင့် (ပါးပါးလှီးပါ)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီးပါ)
  • ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
  • နှမ်း – အနည်းငယ် (အပေါ်မှ ဖြူးရန်)

သုပ်နည်း

၁။ ဇလုံ တစ်ခုထဲတွင် (ကျောက်ပွင့်၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူဆီချက်၊ မြေပဲ၊ ပုဇွန်ခြောက်မှုန့်၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ငရုတ်သီးစိမ်း) တို့ကို သမအောင် ရောနယ်လိုက်ပါ။

၂။ ပြီမှ အရသာအတွက် (ဆား၊ ကြက်သားမှုန့်၊ ငံပြာရည်ရည်၊ သံပရာရည်) တို့ကို ထည့်ပေးပြီ ထပ်နုယ်ပေးပါ။

၃။ အရသာအပေါ့အငံ့ အနေတော်လျှင် အပေါ်မှာ နှမ်းလေးများ ဖြူးပြီ ကျောက်ပွင့်သုပ်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ..

14 comments

  1. ခင်ယမုံ says:

    ညီမလေးရေ..
    ကျောက်ပွင့်က တထုတ်ထုတ်နဲ့ စားလို့တော်တော်ကောင်းမယ်နော်..
    လုပ်စားမယ်ညီမလေး..
    ကျေးဇူး
    :0

    • admin says:

      ဟုတ်ယ် မခင်ယမုံ။ စားလို့ကောင်းတယ်။ တချို့လည်း မြေပဲမထည့်ပဲ၊ ပဲမှုန့်ထည့်သုပ်လည်း စားကောင်းတယ်.. 🙂

  2. senglikham says:

    အရမ်းကြိုက်တယ်…ညီမရေ…

  3. Hmone Gyi says:

    i love too 🙂

  4. thank u.
    i visat ur account.
    i eat it.

  5. su su hlaing says:

    လုပ်စားကြည့်ပါ့မယ်ဆီနည်းနည်းနဲ့သုပ်ရင်လဲကောင်းမှာဘဲနော်

  6. ချယ်ရီ says:

    သုပ်စားပြီးပြီ။အရမ်းကောင်းတာပဲအမ။ပုဇွန်အစိမ်းသုပ် သုပ်နည်းလေးပြောပြပေးပါနော်။ကျေးဇူးတင်ပါတယ်

  7. honey says:

    လုပ်စားကြည့်ပါ့မယ်

Leave a Reply

Your email address will not be published. Required fields are marked *