အိန္ဒိယစတိုင် စမူဆာကြော်

အိန္ဒိယစတိုင် စမူဆာကြော်

နေ့လည်စာ အစာပြေ လုပ်စားနိုင်မယ့် စမူဆာကြော်လေးပါ။ အိန္ဒိယစတိုင် အာလူး၊ ကြက်သွန်နီကို အစားသွပ်ထားပြီ အရသာ ခပ်စပ်ရှိန်ရှိန်လေးနဲ့ စားလို့ အရမ်းကောင်းပါတယ်။ စမူဆာ လုပ်ပုံအဆင့်ဆင့်ပါ ထည့်သွင်းထားတာမို့ လုပ်စားရ လွယ်ကူမှာပါ။

ပါဝင်ပစ္စည်းများ

  • ကော်ပြန့်ရွက် – ၈ရွက်
  • ကြက်သွန်နီ – ၂ခွက်စာ (ပါးပါးလှီးပါ)
  • အာလူး – ၅လုံး (နူအောင်ပြုတ်ပြီ အတုံးသေးများ တုံးထားပါ)

  • မှတ်ချက် ။ ။ ကြက်သွန်နီနှင့် အာလူး အချိုးအစား တူညီသည်..
  • ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ဇီယာမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီးပါ)
  • မဆလာ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ပြုလုပ်နည်း

၁။ အရင်ဆုံး ဇလုံ တစ်ခုထဲတွင် အစာသွပ်ရန် ပါဝင်ပစ္စည်းများ ဖြစ်သော (ကြက်သွန်နီ၊ အာလူး၊ ငရုတ်သီးမှုန့်၊ ဇီယာမှုန့်၊ နံနံပင်၊ မဆလာ၊ ဆား) တို့ကို ရောနုယ်ထားလိုက်ပါ။

၂။ ကော်ပြန့်ရွက် တစ်ရွက်ကို ထပ်ပိုင်းပိုင်းလိုက်ပါ။

၃။ ပြီနောက် ထပ်ပိုင်းပိုင်းထားသော ကော်ပြန့်ရွက် အောက်နားကို ရေစွပ်ပေးပါ။

၎။ ပြီမှ ကော်ပြန့်ရွက်ကို ပြောင်းပြန်လှန်ပြီ ပုံတွင် ပါသည့်အတိုင်း တြိဂံပုံ ကန်တော့ ဖြစ်အောင် ခေါက်ပေးသွားပါ။

၅။ ပြီလျှင် ကော်ပြန့်ရွက်ထဲသို့ စမူဆာအတွက် အစာသွပ်ရန် နုယ်ထားသော အာလူး၊ ကြက်သွန်နီများကို အစာသွပ်ပေးပါ။

၆။ ပြီနောက်မှ ကန်တော့အပေါ်နားကို ရေစွပ်ပြီ တြိဂံပုံဖြင့်အောင် ပိတ်လိုက်ပါ။

ရ။ ပြီမှ ဒယ်ထဲ ဆီများများထည့်ပြီ ဆီပူလာလျှင် စမူဆာများကို အညှိရောင်သန်းသည်အထိ ထည့်ကြော်ပေးပါ။

၈။ ထို့နောက် စမူဆာကြော် များကို ဇကာဖြင့် ပြန်ဆယ်ပြီ အရသာရှိစွာသုံးဆောင် လို့ရပါပြီ…

မှတ်ချက် ။ ။ ပိုမို ကြွပ်ရွ စေချင်လျှင် ကြော်ထားသော စမူဆာများကို ၅မိနစ် အအေးခံပြီမှ နောက်တစ်ခါ ဆီဖြင့် ထပ်ကြော်ပေးပါ။

——————————————————————————————————–

29 comments

  1. maythingyan says:

    sis thanks u so much!
    i will make that tomorrow! 🙂

  2. Gina May says:

    Now I know how to make it.Thanks Sis!

  3. khin Pyone Nwe says:

    စမူဆာခေါက်နည်းလေးသိခွင်.ပေးတဲ.အတွက် ကျေးဇူးအများကြီးတင်ပါတယ် မ၀တ်၇ည်

  4. Hmone Gyi says:

    share bae…ka lae lote own ma bae hee 🙂

    • admin says:

      လုပ်ရတာ လွယ်လွယ်လေးရယ်။ အစက ငါလည်း ခက်မယ် ထင်နေတာ၊ လုပ်စားကြည့်

  5. siway says:

    အစ်မရေ ဇီယာမုန့်ဆိုတာကြီးကိုနိုင်ငံခြားမှာဘယ်လိုဝယ်ရလဲဗျ ကော်ပြန့်ရွက်ကရောဘယ်လိုမျိုးလဲဗျ။ အမျိုး
    အစားပြောတာပါခင်ဗျာ။

    • admin says:

      ဇီယာမှုန့် = Cumin powder လို့ အိန္ဒိယဆိုင်တွေမှာ မေးဝယ်လို့ရပါတယ်။ ကော်ပြန့်ရွက်က ကော်ပြန့်လုပ်တဲ့မည်သည့် ကော်ပြန့်မဆို အသုံးပြုလို့ရပါတယ်။ ကျေးဇူး

  6. Thiri says:

    ကျေးဇူးဘဲမရြေ

  7. mawmaw says:

    Thanks sis အြ​မဲ​တ​မ်း​အားေ​ပးနေပါတဃ်

  8. aung min says:

    ကျေဇူးတင်ပါတယ် ဒီနေ့ လုပ်စားတယ် တော်တော်ကောင်းပါတယ် ပုဇွန်ချဉ် လုပ်နည်းလေးသိချင်ပါတယ်

  9. Honey says:

    tmr lote sar mal dan dan dan ….. ^_^ thks ma ma Wutt Yee.

  10. yi mon says:

    ဝတ်ရည်ရေ အစ်မကလက်ဘက်ရည်ဆိုင်ဖွင့်ဘူးတယ် စမူဆာကလေအာလူးကိုမပြုတ်ဘူး ပြုတ်ရင်ကြော်တဲ့အခါ စိုကျန်နေတက်တယ်လေ အစိမ်းကို ပါးပါးသေးသေးလှီးရတယ် အဲ့ဒါမှ ပိုကောင်းတယ် ဝတ်ရည်ပြောသလိုတော့ အစ်မလုပ်စားကြည့်ဦးမယ် ပိုကောင်းမယ်ထင်ပါတယ် အမြဲအားပေးနေတယ်နော်

    • admin says:

      ဟုတ်ကဲ့ ခုလို ပြောပြပေးတာ ကျေးဇူးပါ။ ၀တ်ရည် နောက်တစ်ခါ လုပ်ရင် အစ်မပြောသလို ကြော်ကြည့်မယ်နော်။ ကျေးဇူးပါ 😀

  11. shwezin says:

    စမူဆာသေးသေးလုပ်စားအုံးမယ်

  12. Ko Myo Aung says:

    မဝတ်ရည် ကော်ပြန်ရွက်ကလုပ်ယူလို့မရဘူးလား ဝယ်လို့မလွယ်လို့ပါ လုပ်နည်းလေးရှိရင်ပြောပြပေးပါလား

  13. Hsu Paik Yadanar says:

    Zee yar monte ko english lo bae lo khaw lae ma thi woo ama

  14. i love says:

    thank you

Leave a Reply

Your email address will not be published. Required fields are marked *