ထိုင်းစတိုင် ငပိထမင်းကြော်
ထိုင်းစတိုင် ငပိထမင်းကြော်
ထိုင်းစတိုင် ငပိထမင်းကြော်လေးပါ။  ငပိထမင်းကြော်မှာ သရက်သီး၊ ငရုတ်သီးစိမ်း၊ သံပရာသီး အရသာကြောင့် ချဉ်စပ် အရသာလေးနဲ့ စားလို့ကောင်းပါတယ်။ စားလို့လည်း ကောင်းပြီ လုပ်ရတာ လွယ်လွယ်လေးမို့ တူတူ လုပ်စားကြည့်ရအောင်…
ငပိထမင်းကြော်တွင် ပါဝင်ပစ္စည်းများ
  • ချက်ပြီသား ထမင်း        – ၂လုံး
  • ငပိ                         – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆား                       – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့်            – လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား                   – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  • ပဲငံပြာရည်(အကြည်)   – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့်        – အနည်းငယ်
  • ဟင်းရွက်ဆီ              – စားပွဲတင်ဇွန်း ၃ဇွန်း
  • နှမ်းဆီ                     – လက်ဖက်ရည်ဇွန်း ၁ဇွန်း
တွဲဖက် ပါဝင်ပစ္စည်းများ
  • ပုဇွန်ခြောက်             – စားပွဲတင်ဇွန်း ၃ဇွန်းစာ
  • ပုဇွန်ခြောက်မှုန့်         – စားပွဲတင်ဇွန်း ၂ဇွန်း
  • ပဲသီး                       – စားပွဲတင်ဇွန်း ၂ဇွန်း (ပါးပါးလှီးပါ)
  • ကြက်သွန်နီ              – ၂လုံး (ပါးပါးလှီးပါ)
  • သရက်သီး                – ၁လုံး (ပေါက်ပေးပါ)
  • သံပရာသီး                – ၁လုံး ( ပါးပါးလှီးပါ)
  • ကြက်ဥ                    – ၂လုံး (ခလောက်ပြီ အပြားကြော်ပြီ ပါးပါးလှီးပါ)
  • ငရုတ်သီးစိမ်း            – စားပွဲတင်ဇွန်း ၁ဇွန်း (ပါးပါးလှီးပါ)
  • ကြက်သွန်မြိတ်          – စားပွဲတင်ဇွန်း ၁ဇွန်း (ပါးပါးလှီးပါ)
  • ကြက်ရင်ဗုံသား          – ၁ခု (အတုံးသေးတုံးပေးပြီ ဆားနည်းကာ အညှိရောင်သန်းသည်အထိ ကြော်ပေးထားပါ)
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ငပိကို ထည့်ပြီ ၁မိနစ်ခန့်မွှေပေးပါ။
၂။ ပြီလျှင် ထမင်းထည့်ပြီ ငပိနဲ့ ထမင်းများကို ရောမွှေလိုက်ပါ။
၃။ ထို့နောက် အရသာအတွက် ဆား၊ ကြက်သားမှုန့်၊ သကြား၊ ပဲငံပြာရည်၊ ငရုတ်ကောင်းမှုန့်တို့ကို ထည့်ပေးပြီ အပေါ်မှ နှမ်းဆီ ဖြူးပေးပါ။
၎။ ပြီလျှင် ပန်းကန်လုံး ထဲသို့ ငပိထမင်းကြော်များကို ထည့်ပြီ ပန်းကန်ပြားတစ်ခုထဲသို့ မှောက်ထည့်လိုက်ပါ။
၅။ ပြီမှ ငပိထမင်းကြော် ဘေးတွင် တွဲဖက်ပါဝင်ပစ္စည်းများ ဖြစ်သော (ပုဇွန်ခြောက်၊ ပုဇွန်ခြောက်မှုန့်၊ ကြက်သားကြော်၊ ပဲသီး၊ ကြက်သွန်နီ၊ သရက်သီး၊ သံပရာသီး၊ ကြက်ဥကြော်၊ ငရုတ်သီးစိမ်း) တို့ကို စီပေးထားပါ။
၆။ ထို့နောက် အားလုံးကို ရောမွှေလိုက်ပြီ အပေါ်မှ သံပရာသီးလေး ညှစ်ပြီ အရသာရှိစွာ ထိုင်းစတိုင် ငပိထမင်းကြော်ကို သုံးဆောင်နိုင်ပါပြီ..
43 comments
  1. Hmone Gyi says:
    sar chin sa yar lay… kha kha pee ma sar tar top kyar pe… yangon pyan ma bae ko lote tar lay tawe eat ya mar bae 🙂
    • admin says:
      အေး အရမ်းစားကောင်းတယ်။ ကိုယ်ပြန်လာရင် လုပ်ကျွေးမယ်.. 😛
  2. ကျေးဇူးတင်ပါတယ်ရှင်။ ကျန်မလို အချက်အပြုတ် မကျွမ်းကျင်တဲ့
    အိမ်ရှင်မ အတွက်ကတော့ မ၀တ်ရည် က စံပြ ကောင်း တစ်ယောက်ပါပဲရှင်။
    ဒီ လို အစီစဉ်လေးတွေ များများတင်ပေးတဲ့ အတွက် ကျေးဇူးပါ ။
    • admin says:
      ဟုတ်ကဲ့ တင်ပေးပါ့မယ်နော်.. ၀တ်ရည်ကလည်း ကျေးဇူးပါ.. 🙂
  3. myint win says:
    တခါမှမစားဖူးတဲ့ဟင်းတွေကိုတင်ပေးတဲ့အတွက်အစ်မဝတ်ရည်ကိုကျေးဇူးတင်ပါတယ်
  4. sydney says:
    Really nice,fantastic.I try it.
  5. wunna says:
    i like this very much .
    Thanks you so much naw
  6. ko Htwe says:
    ကောင်ခးပါတယ်..ကျေးဇူးတင်ပါတယ်..သရက်သီးက အချဉ်သီးဆိုရင် ပိုကောင်းပါတယ်..
    • admin says:
      သရက်သီးက အချဉ်သီးနဲ့ပဲ လုပ်စားရတာပါ။ ကျေးဇူး
  7. pi si says:
    အရမ်းစားလို့ ကောင်းတာပဲ ကျနော် လုပ်စားလိုက်တယ် ..
    ကြေးအိုးဆီချက် လုပ်နည်းလေးသိချင်လို့ တင်ပေးပါအုန်း မမ 😀
    • admin says:
      ဟုတ်ကဲ့ ကြေးအိုးဆီချက်လ်ုပနည်းကို ရှေ့အပတ်လောက် ကြိုးစားပြီ တင်ပေးပါ့မယ်.. 🙂
  8. aye aye tint says:
    စားချင်စရာလေးကွယ်။လုပ်စားအုန်းမယ်။ကျေးဇူးပါ။
  9. june says:
    ညီမရေ…ငပိထမင်းကြော်လုပ်စားတာအရမ်းကောင်းတယ်.
  10. may says:
    အမ ရေ
    ထိုင်းစတိုင်ပသျူးထမင်းကြော် လုပ်နည်းလေးပြောပြပါ
  11. may says:
    ကျေးဖူးအမြဲတမ်းတင်နေပါတယ်ညီမလေး
  12. nilar says:
    မနက်ဖြန် လုပ်စားမယ်။ အရမ်းစားကောင်းမယ့် ပုံလေးပဲ။
  13. Thant Zin Oo says:
    အရန်းစားကောင်ပါတယ်၊ကျေးဇူးပါဘဲ
  14. […] ထိုင်းစတိုင် ငါးဖယ်ကြော် […]
  15. gigi says:
    it’s really delicious..thank you ma wut yee
  16. kham says:
    Thank you ma wut yee.
    A ma ka hla tal.
  17. ဆိုင်မှာစားတာထက်ပိုကောင်းတယ် ကျေးဇူးပါကွယ်
  18. Kkhine says:
    စားချင်စရာလေးနော်။ချက်စားကြည်.မယ်ဝတ်ရည်ရေ။
  19. htinkyaw says:
    မဝတ်ရည်
    ကျေးဇူးအများကြီးတင်ပါတယ်။ တစ်ခါတလေ ဒီလိုမိသားစု အိမ်မှာချက်ပြုတ်စားရတာလည်း ပျော်စရာနဲ့ နွေးထွေးမှု တစ်ခုပါ။
    အဲဒီအတွက် အစားအသောက်ကောင်းလေးတွေ ဝေမျှပေးတဲ့ မဝတ်ရည်ကို ကျေးဇူးပါလို့ ထပ်ပြောပါရစေ။
    နောက်ထပ်လည်း မျှဝေပေးပါအုန်း။
    ကျနော်တစ်ခု သိချင်လို့ပါ ။ ထိုင်း ပင်စိမ်းထမင်းကြော် မှာထည့်တဲ့ ပင်စိမ်းက ဘယ်မှာရနိုင်မလဲ ။ သိရင် ဖြေကြားပေးစေချင်ပါတယ်။
    ကျေးဇူးပါ
    • admin says:
      ပင်စိမ်းက ဈေးမှာလည်း အလွယ်တကူ မေးဝယ်လို့ရပါတယ်.. 🙂
  20. ပြင်ဆင်ထားပုံလေးကကိုစားခြင်စရာဖြစ်နေပါတယ်။
    အရသာလည်း ငပိကြိုက်တဲ့ကျနော်တ်ု့အတွက် ကောင်းမှာပါပဲ။
    လှပပြီး အရသာရှိတာလေးတွေဖြန့်ဝေတတ်တဲ့စိတ်စေတနာ
    ထက်များစွာသာလွန်သော အကျိုးကျေးဇူးများရပါစေဗျာ။
    (From Dr. Myo Aung, Zabuthiri Specialist Hospital, Nay Pyi Taw)
  21. PhyuK says:
    မ၀တ်ရည်ေ၇ ငါးပိကို သံပုရာသီးတစိပ်လောက် ထည့်ဖျော်ရင် အနံ ပိုကောင်းသလားလို့ပါ
  22. su myat says:
    ငပိ ကဘယ်​လိုငပိလဲအမ
  23. AYETHIDAMYINT says:
    ငပိ က ဘာငပိ ကိုသံုးရမလဲ အစ်မ
  24. Khine Zar Thwe says:
Leave a Reply
Your email address will not be published. Required fields are marked *