ဝက်သား ပုံးရည်ကြီးချက်
ဝက်သား ပုံးရည်ကြီးချက်
မြန်မာ အရသာစစ်စစ် ၀က်သား ပုံးရည်ကြီးချက်လေးပါ။ ၀က်သားကို အရင်ဆုံး ပဲငံပြာရည်၊ ဆား၊ ကြက်သားမှုန့် တို့ဖြင့် နှပ်ထားပြီမှ ချက်ထားတာမို့ နူအိပြီ စားလို့ကောင်းပါတယ်။ ပုံးရည်ကြီး ကြိုက်သူတွေ ထမင်းမြိန်မှာ သေချာပါတယ်။ ခုပဲ တူတူချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • ၀က်သား ၃ထပ်သား – ၄၀၀ ဂရမ်
  • ကြက်သွန်နီ – ၂လုံး (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ဂျင်း – လက်ဖက်ရည်ဇွန်း တ၀က် (နှုတ်နှုတ်စဉ်းပါ)
  • ငရုတ်သီးစိမ်း – ၂ထောင့် (ထက်ခြမ်းခြမ်းထားပါ)
  • ပဲငံပြာရည်(အနောက်) – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား – စားပွဲတင်ဇွန်း တ၀က်
  • ပုံးရည်ကြီး – ၁ထုပ်
ချက်ပြုတ်နည်း
၁။ ၀က်သားကို (ဆား၊ ကြက်သားမှုန့်၊ ပဲငံပြာရည်၊ သကြား) တို့ဖြင့် သမအောင် ရောနုယ်ပြီ ရေခဲသေတ္တာ အောက်ထပ်တွင် ၂နာရီခန့် နုပ်ထားပေးပါ။
၂။ ပြီမှ အိုးတစ်အိုးထဲတွင် ရေကို ၀က်သုံးထပ်သားမြုပ် သည်အထိထည့် မီးပြင်းပြင်း ဖြင့်တည်ထားပေးပါ။ ၀က်သား နူသည်အထိ ၃ကြိမ်ခန့် ရေထပ်ထည့်ပြီး တည်ပေးပါ။
၃။ ၀က်သုံးထပ်သားနူးအိလာပြီး ရေခန်း လာပြီဆိုလျှင် ၀က်သားကို အနေတော် အတုံးလေးများ တုံးပေးပါ။
၎။ ထို့နောက် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ငရုတ်သီးစိမ်း တို့ကို ဆီသပ်ပေးပါ။
၅။ ပြီနောက် ၀က်သားများ၊ ပုံးရည်ကြီး၊ ရေ(ခွက်တ၀က်)တို့ကို ထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။
၆။ ပြီမှ အရသာအတွက် ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ) တို့ကို ထည့်ပါ။
ရ။ ဆီပြန်လျှင် အပ်ါမှ ရှောက်ရွက်လေးအုပ်ပြီ အရသာရှိသော ၀က်သား ပုံးရည်ကြီးချက်ကို ထမင်းနဲ့ သုံးဆောင်လို့ ရပါပြီ…
——————————————————————————————————–
51 comments
  1. မေအိ says:
    wow~ မနေ့ညကပဲ စားချင်တယ်လို့ ပြောနေတာ
    ချက်ကြည့်ဦးမယ်.. ကျေးဇူးးး မ
  2. nono says:
    အဆင်သင့်လိုက်လေ အိမ်မှာဝက်သားလည်းရှိတယ် ပုံးရည်ကြီးထုပ်လည်းရှိတယ် ရှောက်ရွက်လေးပဲလိုတော့တယ် နက်ဖြန်အတွက် ဟင်းကောင်းလေးရပြီ ခေါင်းမစားရတော့ဘူး ကျေးကျေး မ
  3. ₡yclόὴ€ Ðreαṁs says:
    kyi ny yinn nak bike tg sar lr p~~
    sarrr chin lite tr ….
  4. Thiri says:
    ကျေးဇူးပဲမရေ
    သီရိချက်တာဘာလိုမှန်းမသိဘူး။
    အခုမရဲ့နည်းအတိုင်းချက်စားမယ်။
  5. sandiswemaung says:
    • admin says:
      ဟုတ်ကဲ့ လုပ်စားကြည့်ပါနော်.. ထမင်းအရမ်းမြိန်တာ
  6. Mi Aye Mon says:
    ကြိုက်တယ်… ဒီနည်းလေးအတိုင်းချက်စားဦးမယ်….
  7. ကျေးဇူးပဲ အစ်မရေ။ အိမ်က မိသားစုကို ချက်ကျွေးလိုက်အုံးမယ်။
  8. wyne says:
    အမ ဝိုင်းက ဝက်သားမစားတော့ ဝက်သားအစားအခြားဘာအသားနဲ့ ဆိုရင် ပုန်းရည်ကြီးနဲ့လိုက်ဖက်လဲဟင်
  9. ၀င်းဝင်း says:
    ကျေးဇူးတင်ပါတယ်နော်။ ချက်စားကြည့်လိုက်ဦးမယ်။
  10. anty sabai says:
    Thanks a lot……wutyee.
  11. Hmone Gyi says:
    kha mar pone yayyy gyi tawe shi tal… bal loe cook ya myan ma thi loe ma cook pyit tar… ku top cook loe ya pe.. thx my twin
    • admin says:
      haaa.. ကိုယ်အကြိုက်ပဲနေမှာ။ ၀က်သားက အိအိနဲ့ ပုန်းရည်ကြိးနဲ့ စားလို့ကောင်းတယ်
  12. khinemarhan says:
    thanks, i like it very much.
  13. kay says:
    Thanks for the recipe sis. Your husband is very lucky to have you. 🙂
  14. myintzunge says:
    ama yay takhar ta lay kyi chin tae hin twe shar lo ma ya bu bal lo shar ya tar lal hin ho nay ka watthar pone yay kyi chat mal so p pyan shar tar ma twe lo ama
  15. အရင်က ဝက်သားပုန်းရည်ကြီးကို ကြက်သွန်ဖြူ/နီ ဆီသတ် ဝက်သားလုံးထည့်ပြီး ချက်တာ.. စားရတာ တစ်ခုခု လိုနေသလို အမြဲ ခံစားရတယ်..
    အခု ညီမတင်ထားတဲ့ နည်းအတိုင်း ချက်ကြည့်တာ.. စားလို့ကောင်းလွန်းလို့ ညီမရေ..
    ကျေးဇူးတင်လို့ comment ပေးလိုက်ပါတယ်.. (^_^)
  16. […] ၀က်သား ပုံးရည်ကြီးချက် […]
  17. ကိုထိုက် says:
    ဒီတညတော့အမချက်ပြုတ်နည်းတွေကြီးဖတ်နေရင်းကိုမိုးလင်းသွားပြီဗျာ အညာသားဆိုတော့အခုတင်တဲ့ ၀တ်ပုံး ကိုအရမ်းကြိုက်ပါတယ် ကျေးဇူးပါအမရေ ငါ့အမပျော်ရွှင်ပါစေ
  18. Myint Zu says:
    thank you so much. I made it exactly like what u said and it’s successful. thanks alot sis.
  19. windy says:
    ကျေးဇူးပါ မ ရေ…….
    မ ရေးထားတဲ့ ကင်ချီလုပ်နည်းတော့ အခုနှပ်ထားပြီ ဘရ်လို အရသာနေမလဲမသိဘူး။ ကင်ချီက ဘရ်နှစ်ရက်နေရင် စားလို့ရပြီလဲ။ သူငယ်ချင်းတွေကို ဖွယ်ဖွယ်ရာရာ ချက်ကျွေးနေရတာကို ပျော်နေတော့ မရဲ့ Wutyee food House ဆိုက်ဒ်က အရမ်းကို အထောက်အကူပေးတရ်။ နောက်နေ့မှ ၀က်သားဟင်း ပုန်းရည်ကြီး ချက်ကျွေးလိုက်အုံးမရ်. ^_^
    • admin says:
      ကင်ချီက အချဉ်ပေါက်အောင် အမြှပ်လေးတွေ ထသည်အထိ ထားပေးရမှာပါ။ ဟုတ်ကဲ့ ချက်စားကြည့်ပါနော်
  20. Ye Tint says:
    စားကြမယ် ဟေ့ကောင်းကောင်း
  21. သီတာ says:
    ကျေးဇူးပါ……….:)
  22. chit mawi says:
    thank you bar mah..
  23. su says:
    ဝက်သားကို နူးအိနေအောင် ဘယ်လို ချက်ရမလဲ အစ်မ
    ညီမချက်တိုင်း ဝက်သားက မာနေလို့ ပါ
    • admin says:
  24. ပိုးပိုး says:
    ကျေးဇူးပါမမ
  25. thin mya mya soe says:
    ချက်စားချင်နေတာ။အခုမှပဲ နည်းအသေအချာသိတော့တယ်။
Leave a Reply
Your email address will not be published. Required fields are marked *