ပဲနီလေး ဟင်းချို
ပဲနီလေး ဟင်းချို
ငါးကြင်းဆီပြန်ဟင်းလေးနဲ့ တွဲသောက်ဖို့ ပဲနီလေး ဟင်းချိုပါ။ ရိုးရှင်းပေမယ့် ဘယ်ချိန် သောက်သောက် မရိုးနိုင်တဲ့ ပဲနီလေး ဟင်းချိုလေးပါ။ ပဲနီလေး အပြင် ဟင်းချိုထဲကို အာလူး၊ မုန်လာဥနီ၊ ပဲကြာဇံ တို့အစုံအလင် ပါဝင်တာမို့ အရသာ ပိုတောင် ကောင်းပါသေးတယ်။ အချိန်တိုတွင်းမှာပဲ အလွယ်တကူ ချက်ပြုတ်နည်းနိုင်တာမို့ ခုပဲ တူတူချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • ပဲနီလေး – ထုပ် တ၀က်
  • မုန်လာဥနီ – ၁ခု (နှုတ်နှုတ်စဉ်းပါ)
  • အာလူး – ၂လုံး (အခွံနွှာပြီ အတုံးသေးများ တုံးပါ)
  • ပဲကြာဇံ – ထုပ်တ၀က် (ရေနွေးဖျော်ထားပါ)
  • ကြက်သွန်နီ – ၂ခု (ပါးပါးလှီးပါ)
  • ကြက်သွန်နီကြော် – စားပွဲတင်ဇွန်း ၁ဇွန်းစာ
  • ကြက်သွန်ဖြူ – ၂မွှာ (ပါးပါးလှီးပါ)
  • ဂျင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်းစာ
  • ကလဝေရွက် – ၁ရွက်
  • ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ခနောကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ချက်ပြုတ်နည်း
၁။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ ကြက်သွန်ဖြူ၊ ဂျင်း၊ နနွင်းမှုန့် တို့ကို ဆီသပ်ပေးပါ။
၂။ ပြီမှ ရေ(ရခွက်) ကိုထည့်၍ ပွက်ပွက်ဆူအောင် တည်ထားပေးပါ။
၃။ ဆူလာလျှင် (ပဲနီလေး၊ အာလူး၊ ကြက်သွန်နီ၊ မုန်လာဥနီ) တို့ကို ထည့်ပြီ အဖုံးအုပ်ကာ ပဲနီလေး ပြဲသည်အထိ တည်ထားပါ။
၎။ ပဲနီလေး ပြဲပြီဆိုလျှင် ပဲကြာဇံ၊ ကလဝေရွက်တို့ကို ထည့်ပေးပါ။
၅။ အရသာအတွက် (ဆား၊ ကြက်သားမှုန့်) တို့ကို ထည့်ပေးပါ။
၆။ အရသာ အနေတော်မှ အပေါ်မှ ကြက်သွန်နီကြော်များ ဖြူးကာ သုံးဆောင်နိုင်ပါပြီ…
——————————————————————————————–
12 comments
  1. Hmone Gyi says:
    home mar soup drink chin yin lote sar nay kya lay… look so delicious
  2. TNA says:
    ပဲနီလေးကိုရိုးရိုးပဲချက်စားဖူးတာ။ အခုလိုစုံစုံလင်လင်ထည့်လို့ရမှန်းမသိဘူး။ ကျေးဇူးပါ။ ချက်စားကြည့်လိုက်အုံးမယ်။
  3. ကောင်လေး says:
    ကျွန်တော်လည်း လုပ်စားကြည့်လိုက်ဦးမယ်နော်… ကျေးဇူးပါ အစ်မရာ… အိမ်မှာ အဘွားချက်တဲ့ ပဲဟင်းရိုးရိုးကြီးပဲစားရတာ ငြီးငွေ့လာလို့ပါ…. အရမ်း အရမ်း ကျေးဇူးပါ…
  4. Thandar says:
    ဒီနည်းအတိုင်း ပဲနီလေး ဟင်းချို အိမ်မှာ ချက်စား
    စားလို့လဲ ကောင်းတယ် အရမ်းလဲ ကြိုက်ကြပါတယ်…
    ကျေးဇူးတင်ပါတယ် .. 😀
    • admin says:
  5. […] ပဲနီလေး ဟင်းချို […]
  6. ကိုထိုက် says:
    ဟောဗျာအခုပဲချက်ပြီးတာ တေရော အဲလိုတွေထဲ့လို့ရမှန်းမသိဘူး မုန်လာဥနီနဲ့အာလူးလိုသွားတယ် နောက်တခါမှသေချာပြန်လုပ်တော့မယ် …
  7. wyine says:
    အမ ကရက်ဝေရွှက်အနံနဲ့ လိုက်ပါ့မလား ချိုအီးအီးနာက်နောက်ကြီးဖြစ်နေမလား အာလူး-မုန့်လာဥနီတို့ ထည့်လိုက်တော့။ချိုပေါ့ပေါ့လေး သောက်ရတာဆိုတော့လေ
Leave a Reply
Your email address will not be published. Required fields are marked *