ပုဇွန်ကော်ပြန့်စိမ်း

ပုဇွန်ကော်ပြန့်စိမ်း

ပါဝင်သောပစ္စည်းများ

၁။ ကော်ပြန့်ရွက်- ၁၅ရွက်

၂။ ပုဇွန်အသး- ၁၀ကျပ်သား

၃။ မုန်လာဥနီ- ၂ခု (အရှည်လှီးပါ)

၎။ ပဲပင်ပေါက်- ၅ကျပ်သား (အညှာခြွေပါ)

၅။ ပန်းကော်ဗီ(အရှည်လှီးပါ)

၆။ ခရုဆီ

ရ။ ဆား- လက်ဖက်ရည်ဇွန်း ၂

၈။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၂

၈။ ဆလတ်ရွက်

၉။ ပဲပြား – အတုံးကြီး ၁တုံး(အရှည်လှီးပါ)

၁၀။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)

ချက်ပြုတ်နည်း

၁။ ဒယ်ထဲဆီထည့်ပါ ကြက်သွန်ဖြူထည့်ပြီး အညှိရောင်သန်းလာသည် အထိ ဆီထိုးပါ။ ပြီးလျှင် ပုဇွန်၊ ဟင်းရွက်များထည့်ပါ၊ ရေအနည်းငယ်ပါ ထည့်ပါ။

၂။ ထို့နောက် ခရုဆီ၊ ဆား၊ ကြက်သားမှုန့် ထည့်၍ ၃မိနစ်ခန့် (မီးအနေထားကို အလယ်) မွှေပေးပါ။

၃။ ရေခန်းပြီး ဆီပြန်လာလျှင် အပေါ့အငံမြည်းကာ (လိုအပ်ပါက ဆားအနည်းငယ်) ထည့်ပါ။

၎။ ထို့နောက် ကြော်ထားသော အစားပလာများထဲ (စားပွဲတင်ဇွန်း ၂ဇွန်းခွဲ)ကို ကော်ပြန့် တစ်ရွက်ထဲထည့် လိတ်လိုက်ပါ။

၅။ ဒီအတိုင်း တခြား ကော်ပြန့်များကို ဆက်လိတ်သွားပါ။ ထို့နောက် ပေါင်းအိုးဖြင့် ၅မိနစ်ခန့်ပေါင်းပေးပြီ ဆလတ်ရွက်နှင့် စားသုံးနိုင်ပါသည်။

၆။ ကော်ပြန့်စိမ်းကို ကိုယ်ကြိုက်နှစ်သက်ရာ ဆော့နှင့်တွဲဖက်စားနိုင်ပါသည်။

၇။ ပုဇွန်ကော်ပြန့်စိမ်းသည် လုပ်ရလွယ်ပြီး အစားပြေအနေနဲ့ စားသုံးနိုင်ပါသည်။ ကော်ပြန်ကြော်စားသုံးချင်ပါက ကော်ပြန်စိမ်းကို ဒယ်ထဲ ဆီများများထည့်၍ ကြော်ကာ စားသုံးနိုင်ပါသည်။

16 comments

  1. Hmone Gyi says:

    Wanna eat now…look very yummy…good jobs my twin 😉

  2. Thu Kha says:

    ကော်ပြန့်စိမ်း မစားရတာကြာပြီ.. သတိရလိုက်တာ.. ပိတ်ရက်လုပ်စားမယ် 🙂

  3. Trader Begger says:

    cooking steps need timing? How can I cook without timing??

  4. ရည် ရေ ဖြစ်နိုင်ရင် လုပ်တဲ့ပုံတွေကို အဆင့်ဆင့် ပြပေးပါလား။ အကြံပြုတာပါ။ ချက်ရင်း ဓာတ်ပုံရိုက်ရတဲ့ ကိစ္စက မလွယ်မှန်းတော့သိပါတယ်။ ပိုပြည့်စုံသွားအောင်လို့ပါ။ ဥပမာ – ကော်ပြန့်လုပ်နည်းမှာ ကော်ပြန့်လိပ်တာက ပညာသား ပါတယ်လို့ ထင်တယ်။ ကော်ပြန့်တရွက်ကို အစာဘယ်လောက်ထည့်ရမလဲဆိုတာလည်း မှန်းရခက်လို့ပါ။ အစား များသွားရင် အစာထဲကအရည်ကြောင့် ပေါက်သွားဖူးတယ်။ အစာနည်းနည်ပဲ ထည့်ပြန်တော့လည်း မကောင်းဘူး။ အဲလိုအချိန်အဆလေးတွေပါ ပြောပြပေးနော် သူငယ်ချင်းး)

    • chowutyee says:

      ကျေးဇူးပဲ နေခြည်ရေ အကြံဥာဏ်ပေးလို့… ကော်ပြန့်အစာ ဘယ်လောက်ထည့်ရမယ် ဆိုတာကို ပြန်ပြင် ထည့်ပေးထားပါတယ်… နောက်ပိုင်းတင်တဲ့ ပုံတွေကို အတတ်နိုင်ဆုံး လုပ်နည်းပုံနဲ့ပါ တွဲပြပေးပါမယ် သူငယ်ချင်း။

  5. ဖြူသန့် says:

    ကော်ပြန့်စိမ်း စားချင်တယ်။ ပုံလေးက စားချင်စရာလေး။

  6. ma lay says:

    Thanks Thanks a lot ….

  7. carrot says:

    ကော်ပြန့် ရွက်တွေပျော့အောင်ဘယ်လိုလုပ်တာလဲ ပြောပြပေးပါအုံး
    ဆိုင်မှာဝယ်စားတဲ့ ကော်ပြန့်ရွက်ကပျော့ပျော့လေးဆိုတော့ ပေါင်းတာလား
    ဘယ်လိုလုပ်ရမှန်းမသိလို့ ကျေးဇူးပြုပြီး ပြောပြပေးပါအုံး မမဝတ်ရည်ရေ

    • chowutyee says:

      Carrot ရေ ကော်ပြန့်ရွက်တွေက အထုပ်ကို ဖောက်ဖောက်ခြင်း ပျော့ပါတယ်။ အထုပ်ကို ဖောက်ပြီ ကြာကြာထားလိုက်မှ မာသွားတာပါ။ မာသွားခဲ့လျှင် ကော်ပြန့်မလုပ်ခင် ရေခဲသေတ္တာထဲမှ ကြိုထုတ်ထားပြီ လက်သုတ်ပုဝါကို ရေစွတ်၍ ကော်ပြန့်ရွက်များကို အုပ်လိုက်ပါ။ ပြီးမှ ပေါင်အိုးဖြင့် ၅မိနစ်ခန့် ပေါင်းပေးရင် ကော်ပြန့်ရွက်တွေ ပြန်ပျော့သွားပါလိမ့်မည်…း)

    • heinminsoe says:

      မဝတ်ရည်ချက်ကျွေးတာစားချင်လိုက်တာ ဘယ်လိုလုပ်ရမလဲ

  8. Junelay says:

    မမ ပုဇွန်နဲ့မဟုတ်ဘဲ ပြောင်းဖူးနဲ့စားချင်တယ် မမလုပ်တာစားချင်တယ် ^-6

Leave a Reply

Your email address will not be published. Required fields are marked *