အသားလုံး စပါဂ်တီ

အသားလုံး စပါဂ်တီ

ညနေစာ အီတလီ စတိုင် အသားလုံး စပါဂ်တီလေးပါ။ အသားလုံး စပါဂ်တီက တမျိုးစားလို့ ကောင်းပါတယ်။ စပါဂ်တီချစ်သူတွေ ကြိုက်နှစ်သက်မယ့် ချက်နည်း အသစ်လေးပါ။ ခုပဲ တူတူလုပ်ကြည့်ရအောင်…

စပါဂ်တီတွင် ပါဝင်ပစ္စည်များ

  • စပါဂ်တီ ခေါက်ဆွဲထုပ် – တ၀က် (၁၅၀ ဂရမ်)
  • ထောပတ် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ရေ – ၂လီတာ

  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • Parmansen ချိစ် – ၂ပြား (ဖြူးရန် ခြစ်တံခြစ်ထားပါ)
  • broccoli(ဂေါ်ဖီစိမ်း) – အနည်းငယ် (အလှဆင်ရန် ရေနွေးဖျော်ထားပေးပါ)

အသားလုံး ပါဝင်ပစ္စည်းများ

  • အမဲသား (သို့) ၀က်သား – ၃၀၀ ဂရမ် (နှုတ်နှုတ်စဉ်းပါ)
  • ပါမုန့်ခြောက် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၃ပုံ၁ပုံ (နှုတ်နှုတ်စဉ်းပါ)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ချိစ် – စားပွဲတင်ဇွန်း ၁ဇွန်းစာ( ခြစ်တံဖြင့် ခြစ်ထားသော)

ဆော့အတွက် ပါဝင်သောပစ္စည်းများ

  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ခရမ်းချဉ်သီး အနှစ် (Tomato Paste) – စားပွဲတင်ဇွန်း ၄ဇွန်း
  • ခရမ်းချဉ်သီး – ၃လုံး (ပြုတ်ပြီ အစေ့ထုတ် အတုံးသေးလေးများ တုံးထားပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်းခွဲ
  • သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ငရုတ်ကောင်းမှုန့် (အမဲ) – စားပွဲတင်ဇွန်း တ၀က် (ထောင်းပြီးသား အမှုန့်)
  • ဟင်းချက်ဝိုင်နီ (Red Wine) – စားပွဲတင်ဇွန်း ၃ဇွန်း
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
  • Oregano၊ Thyme – စားပွဲတင်ဇွန်း တ၀က်စီ (အနောက်တိုင်း ဟင်းခတ် အမွေးအကြိုင်)

(City Mart Market Place တွင် Oregano, Thyme အမွှေးအကြိုင်များ ၀ယ်ယူနိုင်သည်)

ပြင်ဆင်နည်း

၁။ ဒယ်အိုးတစ်ခုထဲ ရေ(၂လီတာ) ထည့်ကာ ဆူအောင် တည်ထားပါ။

၂။ ပြီနောက် ရေဆူလာလျှင် သံလွင်ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) တို့ကို ထည့်ပေးပြီ စပါဂ်တီခေါက်ဆွဲများကို ၁၀မိနစ်မှ ၁၅မိနစ် ထိ ကျက်သည်အထိ ပြုတ်ပေးပါ။

၃။ စပါဂ်တီခေါက်ဆွဲ ကျက်လျှင် ရေအေးပြန်စိမ် ပေးပြီ ဇကာဖြင့် ပြန်စစ်ပေးပါ။

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဇောက်ခွက်တစ်ခုထဲတွင် (အမဲသား(သို့) ၀က်သား၊ ပါမုန့်ခြောက်၊ ကြက်ဥ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချိစ်၊ ဆား၊ ကြက်သားမှုန့်) တို့ကို ရောနုယ်ပေးပါ။

၂။ ပြီမှ ပုံတွင်ပါသည့်တိုင်း အမဲသား(သို့) ၀က်သားလုံး ၁၀လုံးလုံးပေးပါ။

၃။ ထို့နောက် Grill oven ထဲထည့်ပြီ ၁၅မိနစ်ခန့် ကင်ပေးပါ။

၎။ ကင်ပြီလျှင် အသားလုံးများကို oven ထဲမှ ပြန်ထုတ်ထားပါ။

၅။ ပြီလျှင် ခရမ်းချဉ်သီးဆော့ ချက်ပါမည်။

၆။ ဒယ်ထဲ သံလွင်ဆီ (စားပွဲတင်ဇွန်း ၄ဇွန်း) ထည့် ကြက်သွန်ဖြူ၊ နီထည့်ဆီသပ် အညှိရောင်သန်းလာသည် အထိ မွှေပေးပြီ ငရုတ်သီးမှုန့်ထည့်ပေးပါ။

ရ။ ပြီးလျှင် အသားလုံး၊ ၀ိုင်နီ၊ ခရမ်းချဉ်သီး၊ ခရမ်းချဉ်သီးအနှစ်၊ ဆား၊ သကြားတို့ကို ထည့်ပေးပါ။

၈။ ပြီမှ အပေါ်မှ oregano၊ thyme၊ ငရုတ်ကောင်းမှုန့်် တို့ကို ဖြူးပေးပါ။

၉။ အသားလုံး ခရမ်းချဉ်သီးဆော့ ရပြီဆိုမှ ဒယ်ထဲ ထောပတ်(စားပွဲတင်ဇွန်း ၁ဇွန်းခွဲ) ထည့်ပြီ ဇကာ စစ်ထားသော စပါဂ်တီခေါက်ဆွဲ ထည့်ကာ ၁မိနစ်ခန့် ရောမွှေပေးက အနံ့ရော အရသာပါ ပိုမိုကောင်းမွန်သော စပါ(ဂ်)တီ ခေါက်ဆွဲကို ရရှိမှာပါ။

၁၀။ စပါဂ်တီ တစ်ပွဲစာ ပြင်ရန် ခေါက်ဆွဲ တ၀က်ကို ပန်းကန်ပြားထဲ ထည့်လိုက်ပါ။

၁၁။ အသားလုံး ဆော့ရည် တ၀က်ကို ထည့်ကာ အပေါ်မှ ချိစ်များ ဖြူးပေးပြီ broccoli လေးတွေဖြင့် အလှဆင်ပေးကာ သုံးဆောင်နိုင်ပါပြီ…

———————————————————————————————————

 

21 comments

  1. Hmone gyi says:

    tal tal lay ko sar loe kaung bae pone bae…kha lae ku ta law pasta doe …sapaghetti doe bae eat chin nay tar nae a tal bae thx pig yee

    • admin says:

      လုပ်စားကြည့် မှုံကြီး။ အရမ်းစားကောင်းတယ်..

      • Hsu Yee says:

        ကြက်သားအလုံးမဟုတ်ဘဲ ရိုးရိုး ကြက်သားစပါဂတီ လုပ်နည်းလေး ပြောပြပါလား မမ

  2. Sandar says:

    Thanks a lot, wutyee yae!

  3. Khaing Wint Wah says:

    မ၀တ်ရည်စပါဂ်တီကကြက်သားနဲ့ကောလုပ်လို့ရလားဝင့်တို့ချစ်သူ့နှစ်ယောက်စလုံးက၀က်သား၊အမဲသားမစားလို့ပါ
    ပြောပေးပါနော်

    • admin says:

      ဟုတ်ကဲ့ ကြက်သားနဲ့လည်း လုပ်လို့ရတယ် sis. sorry for late reply!

  4. Khwa Nyo says:

    I would like to know how many table spoon of tomato we need (approx.) because tomato size is different. Whenever I cooked it is very sour. Thanks.

  5. ကိုသင်းအေါင်ဆွေ says:

    အီတါလီယန်ခေါက်ဆွဲပြုလုပ်နည်းကိုဖေါ်ပြပေးစေလိုပါတယ်ခင်ဗျာကျွန်တေါ်ကခေါက်ဆွဲအလုံးကြီးများကိုအလွန်မြတ်နိုးပါသဖြင့်ရရှိနိုင်မည့်နေရာများကိုညွှန်ပြပေးစေလိုပါသည်.ကျေးဇူးတင်ပါသည်.မေးလိပ်စါသို့ဖြစ်နိုင်လျှင်ပို့ပေးစေလိုပါသည်ခင်ဗျား

  6. Aye Chaw Su Soe says:

    အိမ်မှာလုပ်စားပြီးပါပြီ။ကျေးဇူးတင်ပါတယ်

  7. khin thandar says:

    sis ..when we put into grill oven, how much temperature do we need to set ? is it upper heat only or both ?
    thanks…

    • admin says:

      Grill ကို ၁၈၀ ဒီဂရီနဲ့ အပေါ်မီးနဲ့ ကင်ပေးပါ။

  8. thida says:

    စပါဂတီ ကို အ လွယ်ဆုံး လုပ် စားတာ တင်ပေးပါလား။

  9. Kaung Myat Moe says:

    မ၀တ်ရည်ရေ Spaghetti ခေါက်ဆွဲလုပ်နည်းမှာ Bolognese Sauce ချက်တဲ့နေရာမှာ နောက်ဆုံးဖြူးတဲ့ Oregano နဲ့ Thyme ဆိုတာဘာလဲအမ။ တစ်ချက်လောက် ပြောပေးပါဦး။ Oregano ကငံပြာရည်လား၊ ခရုဆီလား။ Thyme ဆိုတာကရော။

    လေးစားစွာဖြင့်
    ကောင်းမြတ်မိုး

Leave a Reply

Your email address will not be published. Required fields are marked *