Thousand Island Dressing

Thousand Island Dressing

အနောက်တိုင်းစတိုင် Dressing ဖြစ်ပါတယ်။ ဆလတ် နှင့် တွဲစားနိုင်သလို၊ ဟမ်ဘာဂါ တို့ sandwich တို့မှာလည်း သုတ်စားနိုင်ပါတယ်။ ၀တ်ရည်ကတော့ အသီးအရွက်စားတာ ကျန်းမာရေးနှင့် ညီညွတ်တယ် ဆိုလို့ အမြဲလုပ်စားလေ့ရှိတယ်။ နှစ်သစ်ကူးတုန်းကလုပ်စား သေးတယ်။ အရသာက ချိုချဉ်နဲ့ အလွန်ကောင်းမွန်ပါတယ်။ အနောက်စားသောက်ဆိုင် နှင့် ဟိုတယ်များမှာ မှာယူစားသုံးနိုင်ပါသည်။

Thousand Island Dressing ပါဝင်သောပစ္စည်းများ

၁။ မရိုနိစ် (mayonnaise)- စားပွဲတင်ဇွန်း ၅ဇွန်း

၂။ ခရမ်းချဉ်သီးဆော့ – စားပွဲတင်ဇွန်း ၂ဇွန်း

၃။ ကြက်သွန်နီ – လက်ဖက်ရည်ဇွန်း၁ဇွန်း (နှုတ်နှုတ်ဆင်းပါ)

၎။ ကြက်သွန်ဖြူ – လက်ဖက်ရည်ဇွန်း တ၀က် (နှုတ်နှုတ်ဆင်းပါ)

၅။ ငရုတ်သီးပွ အစိမ်း – လက်ဖက်ရည်ဇွန်း၁ဇွန်း (နှုတ်နှုတ်ဆင်းပါ)

၆။ Tabasco – ၃စက် (CityMart ဆိုင်တွင် ၀ယ်ယူနိုင်ပါသည်)

၇။ ဆား – လက်ဖက်ရည်ဇွန်းတ၀က်

Thousand Island Dressing နှင့် တွဲဖက်စားမည့် ဆလတ်တွင် ပါဝင်သသောပစ္စည်းများ

၁။ ဆလတ်ရွက် – ၂စည်း (၄ပိုင်းပိုင်းပါ)

၂။ ခရမ်းချဉ်သီး – ၁လုံးခွဲ (၈စိပ်စိပ်ပါ)

၃။ ပြောင်းဖူး – ၁ဖူး(ပြုတ်ပြီးသားကို ခြွေပါ)

၎။ ကြက်ပေါင်ခြောက်ပြား – ၅ပြား (ကြော်ပါ အတုံးလေးများလှီးပါ)

၅။ သခွားသီး – တစိပ် (အတုံးလေးများလှီးပါ)

၆။ မုန်လာဥနီ – ၁လုံး (ပြုတ်ပြီးသားကို အတုံးငယ်များလှီးပါ)

ရ။ ပန်းသီး – တ၀က် (အတုံးလေးများလှီးပါ)

၈။ ဂဏန်းချောင်း – ၄ချောင်း (အမြှင်လေးများ နွင်းပါ)

၉။ ကြက်ဥ – ၁လုံး (ပြုတ်ပြီး အ၀ိုင်းလေးများလှီးပါ)

၁၀။ Olive – လက်ဖက်ရည်ဇွန်း၁ဇွန်း (အ၀ိုင်းလှီးပါ) (CityMart ဆိုင်တွင် ၀ယ်ယူနိုင်ပါသည်)

ဆလတ်သုတ်နည်း

၁။ Thousand Island Dressing ပါဝင်သောပစ္စည်းများကိုလည်း ရောနုယ်လိုက်လျှင် ပန်းေ၇ာင်သန်း လာပါမည်။

၂။ ပန်းရောင် မသန်းသေးလျှင် ခရမ်းချဉ်သီးဆော့ အနည်းငယ်ထပ်ထည့်ပါ။

၃။ ဆလတ်တွင် ပါဝင်သော ပစ္စည်းများ အားလုံးကို ရောနုယ်လိုက်ပါ။

၎။ ပြီးလျှင် Thousand Island Dressingကို ဆလတ်ရောနုယ်ထားတဲ့ထဲ လောင်းချလိုက်ပြီး ရောမွှေလိုက်ပါ။ အသင့်စားသုံးနိုင်ပါပြီး။

12 comments

  1. hmone gyi says:

    that one is the one i want as i really want to learn and i really wanna do sauce myself heee….i normally eat with salad too… thx for uploading….

  2. leo says:

    လေ့လာသွားပါတယ်ခင်ဗျား)

  3. ကိုသားကြီး says:

    ကျွန်တော်ကတော့ အမယ်များဘူး ၀တ်ရည်ရဲ့.. သခွားသီး ဂဏန်းချောင်း ပြောင်းဖူး mayonnaise အလွယ်ပေါ့… ဒါလေးတွေပဲ ရောသုတ်စားဖူးတယ် 🙂

    • chowutyee says:

      ဟီးဟီး ကိုသားကြီးနည်းလည်း ကောင်းတာပဲနော်။ ဒီတစ်ခါ ခရမ်းချဉ်သီးဆော့ လေးပါ နည်းနည်း ရောထည့်လိုက်ရင် ပိုစားကောင်းသွားလိမ့်မယ်။ မအီတော့ပဲ၊ ပိုလို့ စားကောင်းတယ်.. 😛

  4. Gu Gyi says:

    Tabasco ကဘာလဲဟင်…Mart တွေမှာတော.တွေ.ဘူးတယ်
    နောက်ပြီးထည် ရတာကလဲ၃စက်ထဲဆိုတော့ သူကဘာအရသာပေးလဲ
    သူ့ ကိုအခြားဘယ်နေရာတွေမှာကောသုံးလို့ ရလဲ

    • chowutyee says:

      Tabasco ကအနောက်တိုင်း အစားအသောက်တွေမှာ အသုံးများတာပါ။ သူမပါလို့ အရသာ အရမ်းမကွဲသွားပါဘူး.. tabascoက ဆော့ရည်တမျိုးပါပဲ

  5. kyaw khine says:

    အကြံဥာဏ်ပေးပါရစေ ။ tabascoက pizza နဲ့ အများအားဖြင့်တွဲ စားသုံးပါတယ် ။ ဟမ်ဘာဂါနဲ့လည်း တွဲစားပါတယ်။ အရသာက ချဉ်ပူစပ် ခင်ဗျ။ ငရုတ်ကောင်းနဲ့ အဓိက တွဲစပ်ထားတဲ့ ဆောစ့် ပေါ့။ ဈေးနည်းနည်းကြီးပါတယ် ပုလင်းက သေးသေးလေး။ ပြီးတော့ ဆောစ့်စပ်တဲ့ နေရာတော်တော်များများမှာလည်း အသုံးပြုပါတယ်။ ကျေးဇူးတင်ပါတယ် မ၀တ်ရည် ကြုံရင် ကြုံသလို အကြံဥာဏ်ပေးခွင့်ပြုပါ။ ဆရာလုပ်တာ မဟုတ်ပါဘူး ။ မ၀တ်ရည်ရဲ့ တင်ပြချက်တွေကို ဖတ်သူတွေ ပြည့်စုံသွားစေချင်လို့ အချက်အလက်လေးလောက်ပဲ ကူညီနိုင်ပါတယ်

    • chowutyee says:

      Tabasco ဆော့ကို သိပါတယ်။ ရန်ကုန်မှာလည်း CityMart မှာဝယ်လို့ရပါတယ်။ အကြံပေးချင်တယ်ဆိုလို့ ၀တ်ရည်ကလည်း အထူးကျေးဇူးပါနော်။ နောက်လည်း လိုအပ်တာရှိရင် အကြံပေးပါနော်.. ကျေးဇူးပါ.. 🙂

  6. may thingyan says:

    sis i buy fruit salad dressing at city mart and it smells like jelly.
    i don’t like that smell
    i like it sweetness
    can i buy salad dressing without smell ?
    If so tell me that name ,i often go city mart ! 🙂
    and i want to know where the mustard is used?
    as i also buy that one and now i can’t use it ! 😛

    • admin says:

      Mustard က mayonisse လုပ်တဲ့အခါမှာလည်း သုံးပါတယ်။ ပါစတာ၊ အနောက်တိုင်းချက်နည်းတွေမှာ သုံးပါတယ်။ Salad dressing အတွက်တော့ mayo ဆိုတဲ့ နံမည်ကို ၀ယ်သုံးပါ ကျေးဇူးပါ

Leave a Reply

Your email address will not be published. Required fields are marked *