ချစ်သူများနေ့မှာ ဘာလက်ဆောင်တွေ ပေးရင် ကောင်းမလဲ

”ချစ်သူများနေ့မှာ ဘာလက်ဆောင်တွေ ပေးရင် ကောင်းမလဲ”

ကိုယ်ချစ်သူ့ ကောင်မလေးကို ချစ်သူများနေ့မှာ ဘာပေးရင် ကောင်းမလဲ?

အကယ်၍ ကိုယ်ချစ်သူ့ ကောင်မလေး (သို့) ကိုယ့်အမျိုးသမီးက ဒီနှစ် ချစ်သူများနေ့မှာ ဘာမှဝယ်မပေးနဲ့နော်၊ ပိုက်ဆံကုန်ပါတယ် ပြောသော်ဌါးလည်း သူတို့ သင်ဆီက ချစ်သူများနေ့မှာ ကဒ်ပြားလေးဖြစ်စေ၊ ပန်းစည်းဖြစ်စေ၊ လက်ဆောင်လေး တစ်ခုခုတော့ မျှော်လင့်နေမှာ အမှန်ပါပဲ။


ချစ်သူ့ ကောင်မလေး (သို့) အမျိုးသမီးကို ပေးရန် လက်ဆောင် အိုင်ဒီယာ:

၁။ ပန်းစည်း – နှင်းဆီ အနီရဲရဲလေး ပန်းစည်း (သို့) သခွပန်းစည်း (ကြိုအော်ဒါမှာထားဖို့တော့ လိုမယ်နော်)

၂။ သကြားလုံး – ချစ်သူများနေ့ကို ကိုယ်စားပြုတဲ့ အသဲပုံဗူးနဲ့ သကြားလုံးများ (ဆိုင်တိုင်လိုလိုမှာ ၀ယ်လို့ရပါတယ်)

၃။ လက်ဝတ်ရတနာ – ဒီတစ်ခုကတော့ ကိုယ်ချစ်သူကို ဘယ်လိုမှ စိတ်ပျက်နေမှာ မဟုတ်ပါဘူး

၎။ မိမိကြိုက်နှစ်သက်တဲ့ သီချင်း – ဒါကတော့ လူတိုင်းတတ်နိုင်ပါတယ်

၅။ လက်ရေးနဲ့ ရေးထားသော ကဒ်ပြား – အဓိပ္ပါယ် ဖော်ကျူးနိုင်ဆုံး အရာပါ။
ကိုယ်သူမကို ဘယ်လောက် ချစ်တယ်ဆိုတာ စာနဲ့ ချရေးလိုက်ပါ။ ဒီအတွက် ငွေကုန်ကြေးကျ မများပါဘူး။

၆။ စိတ်ကူးယဉ်ဆန်တဲ့ ညစာ – ကိုယ်တိုင် အိမ်မှာ ပြင်ဆင်တာ (သို့) ဆိုင်တစ်ခုခုမှာ စီစဉ်ထားပါ။

ရ။ မှတ်စု စာအုပ် – သင်တို့ ချစ်သူ နှစ်ဦးရဲ့ ဓာတ်ပုံတွေကို စုစည်းပြီ သင်တို့ ချစ်သူ နှစ်ဦးရဲ့ အမှတ်ရတွေကို စာအုပ် တစ်အုပ်ပြုလုပ်ပါ။

၈။ နှလုံးသားထိသွားမယ့် အရာ – အသဲပုံ စက္ကူတွေကို ဖြတ်ပြီ သူမ အခန်း (သို့) ကား တစ်ခုလုံး အနှံ့ လိုက်ကပ်ထားပါ။ ပိုပြီ စိတ်ကူးကွန့်မြူးချင်ရင်တော့ အသဲပုံတစ်ခုခြင်းဆီမှာ သူမကို ဘာလို့ချစ်တာလည်း ဆိုတာ လိုက်ရေးထားပါ။

၉။ ၀က်ဝံရုပ် – ဒါကတော့ လူတိုင်း ပေးနေကျပါ။

၁၀။ သင်ရဲ့ အချိန် – ချစ်သူများနေ့မှာ သင်ရဲ့ အချိန်တွေကို သူမနဲ့ တူတူကုန်ဆုံးရင်၊ သူမကို သင်ဘယ်လောက် ချစ်တယ်ဆိုတာကို ပြောပြပေးပါ။

၁၁။ ဓာတ်ပုံ – သူမရဲ့ ကျောင်းသူဘ၀က အစ ဓာတ်ပုံ စုစည်းပြီ ဗီဒီယို လေးတစ်ခုလုပ်ကာ သူမအကြိုက်ဆုံး သီချင်းလေးကို နောက်ခံ ထားထားပါ။ မိမိ ပုံဖော်နိုင်သလို၊ Photoshop နဲ့ဖြစ်စေ သူမ ဓာတ်ပုံတွေကို အသဲပုံလေးတွေ ပုံဖော်၊ ရယ်စရာပုံလေး ပုံဖော်ထားနိုင်ပါတယ်။ သင်ရဲ့ မျက်နှာကိုလည်း ဖြတ်ညှပ်ကပ်လုပ်ပြီ သူမ ဓာတ်ပုံဘေးမှာ ထည့်ပြီ ချစ်စရာအသွင် ပြုလုပ်ပါ။ မိန်းခလေး တွေက ဖြတ်ထိုးဥာဏ်ကောင်းတဲ့ ကောင်လေးတွေကို ပိုလို့ ချစ်တတ်ပါတယ်။

ကိုယ်ချစ်သူ့ ကောင်လေးကို ချစ်သူများနေ့မှာ ဘာပေးရင် ကောင်းမလဲ?

– ချစ်သူ ကောင်လေး၊ အမျိုးသားတွေကလည်း ကောင်မလေး တွေလိုပါပ၊ဲ ကိုယ်ချစ်သူဆီက လက်ဆောင်တွေ ရရင် ထပ်တူ သဘောကျပါတယ်။ ချစ်သူများနေ့ဆိုတာ အချစ်ကို သီကုံးထားတဲ့ နေ့တစ်နေ့ပါပဲ၊ အဲဒီနေ့မှာ ဘာပေးရမယ်၊ ဘာမပေးရဘူးဆိုတဲ့ စည်းမျဉ်းတွေ မရှိပါဘူး။ ဒါပေမယ့် နိုင်ငံတော်တော် များများမှာတော့ ချစ်သူ ကောင်မလေးတွေက ကောင်လေးတွေကို ချစ်သူများနေ့မှာ ချောကလက် လက်ဆောင်တွေ ပေးကြပါတယ်။ ကိုယ်ချစ်သူ ကောင်လေးက ချောကလက် မကြိုဘူးဆိုရင် တခြား သမရိုးကျ ပေးလို့ရတဲ့ လက်ဆောင်လေးတွေ ရှိပါသေးတယ်။

၁။ သမရိုးကျ လက်ဆောင် – အသစ်စက်စက် ချစ်သူများအတွက် သမရိုးကျ လက်ဆောင်ကတော့ အကောင်းဆုံးပါပဲ။ ချောကလက် အပြင် သကြားလုံး၊ အမွှေးပွအရုပ် တွေကို ပေးလို့ရပါတယ်။

၂။ ကိုယ်တိုင် ပစ္စည်းတစ်ခုခုလုပ်ပေးပါ – ဘာပစ္စည်းလုပ်ရမယ်ဆိုတာတော့ သတမတ် မရှိပါဘူး။ ကိုယ်ချစ်သူ့ ကောင်လေးက ၀ါသနာနဲ့ လိုက်ပြီ ပစ္စည်းလေးတွေ လုပ်လို့ရပါတယ်။ ဥပမာ- သူက သီချင်းကို သူ့ကြိုက်နှစ်သက်တဲ့ သီချင်း စုစည်းခွေ (သို့) ဂီတနဲ့ ပတ်သက်တဲ့ ပတ်သက်တဲ့ အရာလေးတွေ ပေးလို့ရပါတယ်။

၃။ ပိုက်ဆံ ကုန်ကျခံစရာ မလိုပါဘူး – ကိုယ့် ချစ်သူ ကောင်လေးကို အချစ်ကို ဖော်ကျူးပြဖို့ ပိုက်ဆံတွေ အများကြီး ကုန်ကျခံဖို့ မလိုပါဘူး။ ဈေးကြီးတဲ့ ပစ္စည်းထက်ဆိုင်ရင် ကိုယ်ရဲ့ နှလုံးသားဆီက လာတဲ့ လက်ဆောင် ပစ္စည်းကိုပဲ ပေးပါ။ ယောကျာ်လေးတွေက အစားအစာ နှစ်သက်ကြတာများပါတယ်။ ဒါကြောင့် သူကြိုက်တဲ့ ကွတ်ကီး ဖုတ်ပေးတာ ဖြစ်စေ၊ အိမ်မှာ အစားအသောက် ချက်ပြုတ် ပြင်ဆင်ပေးတာ ဖြစ်စေ၊ ချောကလက် စတော်ဘယ်ရီ ကိတ်လေး ဖုတ်တာ ဖြစ်စေ ပြုလုပ်ပေးလို့ရပါတယ်။ သို့မဟုတ်လည်း ကောင်လေးအတွက် အချစ် ကဗျာ(သို့)သီချင်း လေးတွေ သီကုံးပေးလို့လည်း ရပါသေးတယ်။

၎။ အရင်နှစ်နဲ့ ကွဲပြားချင်တယ် – နှစ်တိုင်း ချောကလက်ပေး၊ လက်ဆောင်တွေ ပေးရတာကို မပေးချင်တော့ဘူး။ အရင်နှစ်တွေနဲ့ မတူအောင် တမူထူးခြား ပေးချင်တဲ့ သူတွေကတော့ သူကြိုက်နှစ်တဲ့ ရုပ်ရှင် လက်မှတ် (သို့) ကပွဲ လက်မှတ် ၀ယ်ပေးပါ။ သူအတွက် စပယ်ရှယ် ညစာကို သူကြိုက်နှစ်သက်ရာ ဟင်းလျာတွေကို ချက်ပြုတ်ပြင်ဆင်ပေးပါ။ သင်တို့နှစ်ယောက်အတွက် အရေးပါတဲ့၊ ကိုယ်စားပြုတဲ့ သီချင်းလေးတွေကို စုစည်းပြီ လက်ဆောင်ပေးပါ။

၅။ တခုမှတ်ထားရမှာကတော့ ယောကျာ်လေးတွေက မိန်းခလေးတွေထက် ပိုပြီ ပွင့်လင်းပါတယ်။ သူတို့ ဘာလိုချင်တယ်၊ အဲဒီနေ့မှာ ဘာလုပ်ချင်တယ်ဆိုတာ ပြောပါတယ်။ ဒါကြောင့် ကိုယ် ချစ်သူ့ ကောင်လေးကို ဘာလက်ဆောင်ပေးရမှန်း မသိပဲ အကြပ်ရိုက်နေရင်၊ သူကို ပွင့်ပွင့်လင်းလင်း မေးပြီ တိုင်ပင်လို့ရပါတယ်။

၆။ ကိုယ့်ချစ်သူ ကောင်လေးအတွက် ကိုယ်တိုင် ချောကလက် လုပ်ပေးမယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့နော်။ ဒါကြောင့် ကိုယ်တိုင် ချောကလက် လုပ်ပေးချင်သူများ အတွက် ချောကလက် လုပ်နည်းကို ရေးပေးထားပါတယ်။

ချောကလက်
ပါဝင်ပစ္စည်းများ
•    နို့မှုန့် – ၅၀၀ ဂရမ်
•     cocoa အမှုန့် – ၅၀ ဂ၇မ်
•    ထောပတ်(ဆားမပါတဲ့ ထောပတ်) – ၂၀၀ ဂရမ်
•    သကြား – ရ၀၀ ဂရမ်
•    ရေ – ၁ခွက် (measurement ခွက်)

ချောကလက် ပြုလုပ်နည်း
၁။ ခွက်တစ်ခုထဲတွင် နို့မှုန့် နှင့် cocoa အမှုန့်ကို ရောလိုက်ပါ။
၂။ ပြီလျှင် ဒယ်ထဲတစ်ခုထဲ ရေ(၁ခွက်)၊ သကြားထည့်ပြီ ပွက်ဆူအောင် တည်ထားပါ။ သကြား ပျော်သွားလျှင် မီးလျှော့ပြီ ထောပတ် ထည့်ပါ။
၃။ ထောပတ်ပါ အရည်ပျော်သွားမှ ရောမွှေထားသော နို့မှုန့် နှင့် cocoa အမှုန့်ကို ထည့်ပြီ ဖြည်းဖြည်းခြင်း မွှေပေးပါ။
၎။ ပြီနောက် မီးနည်းနည်းဖြင့် တည်ထားပါ။
၅။ ထို့နောက် မိမိကြိုက်နှစ်သက်ရာ ပုံစံခွက်ထဲ ထည့်ပြီ ရေခဲသေတ္တာထဲတွင် ၂နာရီ- ၃နာရီ အအေးခံထားပေးပါ။
၆။ ချောကလက်ကို ရရှိပါပြီ… (မြေပဲ၊ အုန်းသီးမှုန့်၊ ကြိုက်နှစ်သက်ရာ ချောကလက်ထဲ ထည့်နိုင်ပါသည်)

ဘာသာပြန် – Wutyee Food House
Reference – အင်တာနက်

15 comments

  1. Baby Jen says:

    မမ၀တ်ရည်ရေ…အရမ်းအရမ်းကိုကျေးဇူးတင်ပါတယ်ရှင်
    ချောကလက်လုပ်နည်းလေးပြောပြပေးလို့…cocoa အမှုန့်နဲ့
    ပုံစံခွက်လေးတွေကိုဘယ်မှာဝယ်လို့ရနိုင်မလဲရှင့်…အသည်းပုံ
    ပုံစံခွက်လေးတွေရနိုင်မဲ့နေရာကိုသိရင်ပြောပြပေးပါဦးရှင့်

  2. Hmone gyi says:

    mike ei and so romantic 🙂

    • admin says:

      ဟားဟား။ ကိုယ်အတွက် ဒီနှစ် ချစ်သူများနေ့က အမှတ်တရပေါ့

  3. sithu says:

    ကျေးဇူးပါ ….ဗျာ

  4. winminlatt says:

    ကျွန်တော်ကောင်းမလေးကဆံပင်ကရှည်ပါတယ်ဘော်ဒီဖြောင့်တယ်၊ဘာလက်ဆောင်ပေးသင့်လဲမ၀တ်ရည်အကြံဥာဏ်ပေးပါဦး

  5. piang says:

    like this site.

  6. Kinsan says:

    Lovely Wutyee!

  7. sandar moe tun says:

    ရေတခွက်ဆိုတာဘယ်လိုခွက်နဲ့လဲညီမလေးရေ

  8. Sandi says:

    အစ်မရေ.. တခုလောက်မေးချင်နို့.. ချောကလက်ကိုပုံစံခွက်ထဲထည့်ပီးရင် ဘရ်လိုထုတ်ရမလဲဟင်
    ဟီးးး ခဲသွားရင် ထုတ်လို့မရ ပျော့သွားရင် ပုံစံပျက်မယ်လို့ထင်လို့စ်…
    အနှောက်အယှက်မဖြစ်ရင်လေ.. တခါလောက် နမူနာလေး လုပ်ပီး ပုံလေးတွေ တင်ပေးပါလားရှင့်…
    ညီမ လုပ်ကြည့်ချင်နို့ စာချည်းကျတော့ နားမလည်ပုလေ.. စ် ကျေးဇူးတင်ပါတယ်ရှင့်။

Leave a Reply

Your email address will not be published. Required fields are marked *