အမဲသား၊ ချိစ် ဘာဂါ

အမဲသား၊ ချိစ် ဘာဂါ (၃လုံးစာ)

အိမ်မှာ အစာပြေ လုပ်စားနိုင်ဖို့ ချိစ်ဘာဂါလေးပါ။ ပျော်ပွဲစားသွားရင်ပဲဖြစ်ဖြစ်၊ မိသားစုစုံရင် လုပ်စားနိုင်ပါတယ်။ ဘာဂါကို အစားပြေအနေနဲ့ စားသုံးလေ့ရှိပါသည်။ ဘာဂါကို အချိန်တို အတွင်းမှာပဲ အလွယ်တကူ လုပ်စားနိုင်မှာပါ..

အသားပြားပြားတွင် ပါဝင်သောပစ္စည်းများ

၁။ အမဲသား-၂၅၀ ဂရမ် (နှုတ်နှုတ်စဉ်းပါ)

၂။ ပါမုန့်ခြောက် – စားပွဲတင်ဇွန်း ၂ဇွန်း

၃။ ကြက်ဥ – ၁လုံး (ခလောက်ထားပါ)

၎။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၅။ ဆား – လက်ဖက်၇ည်ဇွန်း ၁ဇွန်း

၆။ ကြက်သွန်နီ – တ၀က် (နှုတ်နှုတ်စဉ်းပါ)

ရ။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

အသားပြား ချက်နည်း

၁။ ခွက်တစ်ခုထဲတွင် အသားပြားတွင် ပါဝင်သောပစ္စည်းများဖြစ်သော (အမဲသား၊ ပါမုန့်ခြောက်၊ ကြက်ဥ၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ) အားလုံးကို သမအောင် ရောနုယ်လိုက်ပါ။

၂။ ပြီးလျှင် ၂လက်မ အရွယ်လောက် အသားအ၀ိုင်းပြား ၂ပြားလုပ်လိုက်ပါ။

မှတ်ချက်။ ။ အသားပြားဝိုင်းအောက်ပိုင်းကို အနည်းငယ် ချိုင့်ထားပါ။

၃။ ဒယ်ထဲ ဆီများများ ထည့်ပြီ အသားပြားများကို အညှိရောင်သန်းလာသည် အထိ ကြော်ပေးပါ။

ဘာဂါတွင် ပါဝင်သောပစ္စည်းများ

၁။ ဟမ်ဘာဂါ ပါမုန့် – ၃လုံး

၂။ ခရမ်းချဉ်သီး – ၂လုံး (အ၀ိုင်းလှီးပါ)

၃။ သခွားသီး – ၁လုံး (အခွံနွှာပြီ အ၀ိုင်းပါးပါး လှီးပါ)

၎။ ကြက်သွန်နီ – ၂လုံး (အ၀ိုင်းပါးပါး လှီးပါ)

၅။ ချိစ် – ၆ချပ်

၆။ မရိုနိစ် – စားပွဲတင်ဇွန်း ၆ဇွန်း

၇။ ဆလတ်ရွက် – ၁စည်း (တ၀က်ဝက်ပါ )

၈။ ထောပတ် – စားပွဲတင်ဇွန်း ၁ဇွန်း

၉။ အသားပြား (အမဲသား(သို့)ကြက်)

ဟမ်ဘာဂါ လုပ်နည်း

၁။ အရင်ဆုံး ဟမ်ဘာဂါ ပါမုန့် ၁လုံးကို ဓားဖြင့် ထမ်းခြမ်းခြမ်းလိုက်ပါ။

၂။ ပြီနောက် ပါမုန့်ပေါ်သို့ အစဉ်အတိုင်း (ဆလတ်ရွက်၊ ချိစ်၊ အမဲသားဝိုင်း၊ ဆလတ်ရွက်၊ ချိစ်၊ ခရမ်းချဉ်သီး၊ သခွာသီး၊ ကြက်သွန်နီ၊ မရိုနစ်(စားပွဲတင်ဇွန်း ၂ဇွန်း)) တို့ကို ထည့်ပေးပါ။

၃။ ထို့နည်းအတိုင်း ကျန်ဘာဂါများကို ပြုလုပ်ပါ။

၃။ အမဲသား၊ ချိစ်ဘာဂါကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ… မိမိကြိုက်နှစ်သက်သလို ခရမ်းချဉ်သီးဆော့ ၊ အားလူးကြော်၊ ကိုကာကိုလာ များဖြင့်လည်း တွဲဖက်စားသုံးနိုင်ပါသည်။

Tip: ဘာဂါ ပါမုန့်ကို ထက်ခြမ်းခြမ်းပြီလျှင် ထောပတ်သုတ် မီးနည်းနည်းပြပေးပါက ထောပတ်အနံ့သင်းနေသော ဘာဂါကို ရရှိပါသည်…

22 comments

  1. Hmone Gyi says:

    it look really decilious…only i can do professional is also burger as i used to work at burger king around 10 months 😉 but i don’t like burger too much as they are quite expensive rather than KFC…so i chose KFT rather than burger foods mostly 🙂

  2. leo says:

    ဟမ်ဘာဂါ စားသွားပါတယ်း)

  3. chowutyee says:

    test

  4. ko nyein says:

    which bread use in meat slice? white bread or not?thanks.

    • chowutyee says:

      Ko Nyein ရေ ဟမ်ဘာဂါ ပါမုန့်က သီးသန့် ရောင်းပါတယ်… ပြီမှ အလယ်က တ၀က်ဝက်လိုက်ရုံပါပဲ.. white bread ပါပဲ.. 😀

  5. ကောင်လေး says:

    ဒီဘာဂါ လုပ်နည်းကျတော့လည်း photo တွေ အများကြီး မပါဘူး… photo များများလေးနဲ့ တွဲတင်ပါလား ၀တ်ရည်..ဒါဆို ပုံလေးတွေနဲ့ ဆိုတော့ ပိုပြီး မြင်ယောင်တာပေါ့…

  6. ငယ်ဇော် says:

    မမရေ …. ငယ် နေ့တိုင်းလိုလို ဘာဂါ ဝယ်စားနေရတာ စိတ်ညစ်လှပြီ၊ မမရဲ့ Homemade ဘာဂါလုပ်စားကြည့်ဦးမယ်၊ အိမ်မှာ ပါမုန့်ခြောက် အဆင်သင့်မရှိဘူး မမရယ်၊ ဂျုံမှုန့်၊ ဆန်မှုန့်၊ ကော်မှုန့်ပဲ ရှိတယ်၊ ဂျုံမှုန့်ကို အစားထိုး သုံးလို့ ရမလားဟင်?

    • admin says:

      ပါမုန့်ခြောက် မရှိရင် ရိုးရိုးပါမုန့်ကိုပဲ အတုံးသေးတုံးပြီ ထည့်လို့ရတယ် ညီမ

  7. nge lay says:

    ငယ်လေးအရမ်းကြိုက်တဲ့ဘာဂါကိုအိမ်မှာအ၀ကြီးလုပ်စားတော့မယ်…….
    ကျေးဇူးပါ ……………မမ

  8. win htin says:

    i like this website

  9. Aye Tz says:

    Thankss.. Look yummy!

  10. […] အမဲသား၊ ချိစ် ဘာဂါ […]

  11. kyaw says:

    မရိုနိစ်မရှိဘူး ဘာထည့် ရမ လဲ။

  12. yimarsoe says:

    မရိုနိစ်ကဘယ်လို မျိုး ၀ယ်ရတာလဲ ဟင် …. ဆိုင်က ၀ယ်စားတဲ့ ဘာဂါတွေထဲက မရိုနိစ်က အရသာနဲ့ မတူသလိုပဲ … ပြန်ဖြေပေးနော် … ကျေးဇူးးပါ

  13. Thaung Sein says:

    အမဲသားကျက်ပြီးနူး​အောင်​ဘယ်​လိုလုပ်​ရမလဲ

Leave a Reply

Your email address will not be published. Required fields are marked *