စီချွမ့် ပုဇွန်ကြော်

စီချွမ့် ပုဇွန်ကြော်

တရုတ်စတိုင် စီချွမ့် ပုဇွန်ကြော် လေးပါ။ စီချွမ့် ငရုတ်ကောင်းပါတာမို့ စားနေကျ အရသာနဲ့ မတူပဲ တမူထူးခြား ကောင်းမွန်ပါတယ်။ တချို့ကလည်း စီချွမ့်ပုဇွန်ကြော်နည်းအတိုင်း ကြက်သားကို အစားထိုးပြီ ကြော်ရင်လည်း စားလို့ကောင်းပါတယ်။ စီချွမ့်ပုဇွန်ကြော်က ထမင်းနဲ့ တွဲဖက်သုံးဆောင်မယ်ဆိုရင် လိုက်ဖက်တဲ့ ဟင်းလျာ တစ်မျိုးပါ။ ခုပဲ တူတူလုပ်စားကြည့်ရအောင်…

ပုဇွန်တွင် ပါဝင်ပစ္စည်းများ

  • ပုဇွန်ကျား – ၂၀၀ ဂရမ် (အခွံနွှာပြီ ကျောကို ဓားဖြင့် ခွဲပြီ ချေးထုတ်ပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
  • သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကော်မှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း

စီချွမ့်ချက်ရန် ပါဝင်ပစ္စည်းများ

  • စီချွမ့် ငရုတ်ကောင်း – စားပွဲတင်ဇွန်း တ၀က် (မညက်တညက် ထောင်းပေးပါ)
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • နှမ်း – စားပွဲတင်ဇွန်း တ၀က် (ခပ်ညက်ညက်ထောင်း ထားပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စင်းပါ)
  • ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း တ၀က်
  • ထောပတ် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဗီနီကာ – စားပွဲတင်ဇွန်း ၁ဇွန်း

မှတ်ချက်။ ။ စီချွမ့် ငရုတ်ကောင်းကို Hua Jiao (or) Sichuan pepper City Mart တွင် ၀ယ်ယူနိုင်ပါသည်။

ချက်နည်း

၁။ အရင်ဆုံး ဇလုံတစ်ခုထဲသို့ ပုဇွန်တွင် ပါဝင်ပစ္စည်းဖြစ်သော (ပုဇွန်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်ဥ၊ သကြား) တို့ဖြင့် သမအောင် ရောမွှေလိုက်ပါ။

၂။ ပြီလျှင် ရောနုယ်ထားသော ပုဇွန်များကို ကော်မှုန့်များ ကပ်ပေးပါ။

၃။ ထို့နောက် ဒယ်ထဲ ဆီများများ ထည့်ပြီ ပုဇွန်များ အညှိရောင်သန်းသည်အထိ ကြော်ပေးပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ။

၎။ စီချွမ့် ပုဇွန်ကြော်ဖို့ ပါဝင်ပစ္စည်းတွေကို ပန်းကန်တစ်ခုထဲတွင် ပြင်ဆင်ထားပါ။

၅။ ဒယ်ထဲ ထောပတ်ထည့်ပြီ ကြက်သွန်ဖြူ ဆီသပ်ပေးပါ။

၆။ ပြီလျှင် စီချွမ့် ငရုတ်ကောင်း၊ ပဲငံပြာရည်၊ ဗီနီကာ၊ နှမ်းဆီ၊ နှမ်း၊ ပုဇွန်တို့ကို ထည့်ပြီ သမအောင် ရောမွှေပြီ ၁မိနစ်ခန့် ကြော်ပေးပါ။

ရ။ အရသာရှိသော စီချွမ့် ပုဇွန်ကို သုံးဆောင်လို့ရပြီ…

15 comments

  1. pinky says:

    အရမ်းစားကောင်းမယ့်ပုံပဲ.. လုပ်စားကြည့်လိုက်ဦးမယ်.. ကျေးဇူးပါမမရေ.. 😀

    • admin says:

      စားကောင်းတယ် ညီမ။ စီချွမ့်ငရုတ်ကောင်းနဲ့မို့ အရသာက တမျိုးလေးပဲ စားကောင်းတယ်.. 😛

  2. thanks. it’s yummy & good .

  3. Chit Chit says:

    Yummy,I will try to cook.

  4. yowang says:

    စီချွမ့်ငရုပ်ကောင်းအစားမြန်မာငရုပ်ကောင်းသုံးလို့ရလား

  5. winminlatt says:

    နှမ်းဆီနဲကြော်ရမယ်ပြောတယ်၊ပဲဆီနဲ့ကြော်လဲရပါသလား

    • admin says:

      နှမ်းဆီနဲ့ ကြော်တော့ အနံ့ပိုမွှေးတာပေါ့… ပဲဆီနဲ့ ကြော်လည်း ရပါတယ်

  6. Phyoe says:

    I’ve just tried cooking this. It’s delicious. Thanks for the recipe, sis. Have a good day. 🙂

  7. thaki soe says:

    good

Leave a Reply

Your email address will not be published. Required fields are marked *