Martarbak ကြက်ဥ ခေါက်ဆွဲကြော်

Martarbak ကြက်ဥ ခေါက်ဆွဲကြော်

အစာပြေ အဖြစ် လုပ်စားဖို့ Martarbak ကြက်ဥ ခေါက်ဆွဲကြော်လေးပါ။ လုပ်ရအရမ်းလွယ်ပြီ အချိန်တိုတွင်းမှာကို လုပ်စားလို့ရမှာပါ။ တူတူလုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ဥ – ၂လုံး
  • ကြက်ဥခေါက်ဆွဲ – ၅၀ ဂရမ် (ရေနွေးဖြင့် ၅မိနစ်ခန့်ပြုတ်ပေး၍၊ ရေအေးပြန်စိမ်ပြီ ဇကာဖြင့် စစ်ထားပါ)
  • ခရမ်းချဉ်သီး – ၁လုံး (အစေ့ထုတ် ပါးပါးလှီးထားပါ)

  • ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

ချက်ပြုတ်နည်းများ

၁။ ခွက်တစ်ခုထဲတွင် (ကြက်ဥ၊ ခေါက်ဆွဲ၊ ခရမ်းချဉ်သီး၊ ကြက်သွန်မြိတ်၊ ဆား၊ ကြက်သားမှုန့်၊ သကြား၊ ငရုတ်ကောင်းမှုန့်) တို့ကို ထည့်ပြီ ရောမွှေလိုက်ပါ။

၂။ ပြီလျှင် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ရောမွှေထားသော ကြက်ဥခေါက်ဆွဲများကို လောင်းထည့်လိုက်ပါ။

၃။ တဖက်ကျက်သွားလျှင် နောက်တဖက်သို့ လှန်ပြီ အညှိရောင်သန်းသညအထိ ကြော်ပေးပါ။

၎။ ကြက်ဥခေါက်ဆွဲကြော် ရပြီဆိုလျှင် ကတ်ကြေးဖြင့် ၈ပိုင်းပိုင်းလိုက်ပြီ အပေါ်မှ ကြက်သွန်မြိတ်လေးများ ဖြူးပေးပါ။

၅။ ထိုင်း ငရုတ်သီးအချိုဆော့ဖြင့် တွဲဖက်ကာ ကြက်ဥ ခေါက်ဆွဲကြော်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…

————————————————————————————————————-

21 comments

  1. Than Than Yin says:

    Thank you Wutyee lay, I’ll try for my grand children.

  2. ayetintyoung says:

    အဆန်းလေးမို့ လုပ်စားအုံးမယ်။

  3. tinthuthuwin says:

    ကျေးဇုူးနော်

  4. winminlatt says:

    အရမ်းကြိုက်ပါတယ်နောက်လည်းချက်နည်းအသစ်ထွက်တိုင်းပို့ပေးပါဦး
    ကျေးဇူးပါ

  5. sandasoe says:

    လုပ်စားပြီးပြီညီမရေအရမ်းစားလို့ကောင်းတယ်

  6. U Htay nyut says:

    ကြက်ဥခေါက်ဆွဲကြော် လုပ်လို့လွယ် စားလို့ကောင်းတဲ့ နည်းလေးမို့ ကျေးဇူးတင် ပါတယ်

  7.ူAMY says:

    အ၇မ်းလွယ်ပါတယ်ကျေးဇူးတင်ပါတယ်နော်
    ဟင်းချက်ဝါသနာပါတော့ Wutyee food houseကအ၇မ်းကိုအလုပ်ဖြစ်ပါတယ်

  8. Khin Than Than Soe says:

    Hello,Wutyee. I would like to know where can I get muffin tray and paper cups for cupcakes,Thanks

    • admin says:

      Market place မှာတော့ ကိတ်မုန့်လုပ်တဲ့ ဗန်းလေးတွေ ရောင်းပါတယ်.. 🙂

  9. HtetYi says:

    အစ်မရေ ရမ်းပြီးတော့ ချက်လိုက်တာ အိုးကသေးသွားလို့ လားမသိဘူး ကြက်ဥကထူပြီးတော့ ခေါက်ဆွဲတွေက လည်းပြစ်ပြစ်ကြီး ဖြစ်သွားတယ်။ ဒါမှမဟုတ် ကြက်ဥပဲ များသွားလို့လားမသိဘူး။ ကြော်ပြီးတော့ အပြင်က ကြည့်ရင် ကြက်ဥကိုပဲ မြင်ရတယ်။ ဘယ်လိုပြင်ချက်ရမလဲ မသိဘူး။

    • admin says:

      ဟုတ်လိမ့်မယ်။ ဒယ်ပြားနဲ့ကြော်ရင် ပိုအဆင်ပြေမယ် 🙂

  10. Shun says:

    စားလို့အရမ်းကောင်းတယ်…
    ကျေးဇူးပါ မမ…
    မမရဲ့ ချက်နည်းတွေအမြဲကြည့်ပြီးချက်စားဖြစ်တယ်။

  11. cheerry says:

    ဂရမ် ကိုလည်း ကျပ်သားနဲ့တွဲပြီးဖော်ပြပေးလို့ရမလား ညီမလေး…….အချိန်အဆလွဲမှာစိုးလို့ အကူအညီတောင်းတာပါညီမရေ…..ကျေးဇူးနော်

Leave a Reply

Your email address will not be published. Required fields are marked *