ဟမ်၊ ချိစ် ပေါင်မုန့်ကြက်ဥကြော်

ဟမ်၊ ချိစ် ပေါင်မုန့်ကြက်ဥကြော်

အစာပြေ လုပ်စားနိုင်ဖို့ ဟမ်၊ချိစ် ပေါင်မုန့် ကြက်ဥကြော်ပါ။ Pork luncheon Meat၊ ချိစ်၊ mustard အရသာကြောင့် အရမ်းစားလို့ ကောင်းပါတယ်။ oregno အနံ့လေးလည်း သင်းနေတာမို့ ခုပဲ တူတူကြော်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ပေါင်မုန့် – ၈ချပ် (ဘေးသားများကို လှီးပေးပါ)
  • ဟမ်(Pork Luncheon Meat) – ၁ဘူး (မထူးမပါးလှီးပါ)
  • ချိစ် – ၄ပြား
  • ခရမ်းချဉ်သီး – ၃လုံး (အ၀ိုင်းပါးပါးလှီးပါ)

  • Mustard – အပေါ်မှ ဆမ်းရန်
  • Oregano – လက်ဖက်ရည်ဇွန်း တ၀က် (ဖြူးရန်)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်ဥ – ၄လုံး (ခလောက်ထားပါ)

ကြော်နည်း

၁။ အရင်ဆုံး ပေါင်မုန့်ပေါ်သို့ ဟမ်ပြား၊ ခရမ်းချဉ်သီး၊ Mustard ပုံတွင်ပါသည့်အတိုင်း အစဉ်လိုက် တင်လိုက်ပါ။

၂။ ပြီလျှင် oregano အမှုန့် နှင့် ဆား အနည်းငယ် ဖြူးပြီ ချိစ်ပြားတင် ပေါင်မုန့်တချပ်ပြန်အုပ်ပေးပါ။

၃။ ထို့နောက် ပေါင်မုန့်ကို တြိဂံပုံ ထပ်ခြမ်းခြမ်းပေးပါ။

၎။ ကြက်ဥ ထည့်ထားသော ခွက်ထဲသို့ ပေါင်မုန့်များကို တဖက်ကို ၁၀မိနစ်နှုန်းဖြင့် မိနစ် ၂၀ခန့် စိမ်ထားပါ။ ထို့နည်းအတိုင်း ကျန်ပေါင်မုန့်များကို ကြက်ဥပန်းကန်ထဲ စိမ်ပေးပါ။

၅။ ပြီနောက် ဒယ်ထဲ ဆီများများထည့်ပြီ ပေါင်မုန့်များ အညိရောင်သန်းသည်အထိ မီးအသင့်တင့်ဖြင့် ကြော်ပေးပါ။

၆။ ပြီလျှက် ဟမ်၊ချိစ် ပေါင်မုန့် ကြက်ဥကြော်ကို Mustard ဖြင့်တွဲဖက် သုံးဆောင်နိုင်ပါပြီ…

28 comments

  1.့ နှင်း says:

    စားချင်လိုက်တာနော်..:D

  2. zin zin moe says:

    အဲဒီလိုမျိုးလေး လုပ်စားချင်တယ်… ဒါပေမယ့် Ocean supermarket သွားရင် ပစ္စည်း အမယ်အသစ်တွေကို ဘယ်လိုရှာရမှန်းမသိဘူး… 🙁

    • admin says:

      ဟမ်ကို စည်သွပ်ဗူးတန်းမှာ ၀ယ်လို့ရပါတယ်။ Oregano ကိုတော့ ဟင်းခတ်အမွှေးအကြိုင်တန်းမှာ ၀ယ်လို့ရပါတယ်.. 🙂

  3. htay htay aung says:

ွGood!Like it!

  4. Hmone gyi says:

    awww a mike sar lay bae… will try to do like that soon to treat mur and par and par par top like mar tay char tal

    • admin says:

      ကိုယ်လုပ်တဲ့ မနက်စာတော့ ဘယ်မှီပါ့မလဲ၊ ရန်ကုန်ပြန်လာရင် ငါကိုလည်း ချက်ကျွေးနော်

  5. nate says:

    oregano
    ဘယ်မှာရောင်းသလဲ။ သိချင်ပါတယ် လုပ်စားကြည့်မယ်နော် Thanks a lot!

    • admin says:

      Oregano ကို Market place City mart ဟင်းခတ်အမွှေးအကြိုင်တန်း မှာရောင်းပါတယ်

  6. myintmyatshwetwe says:

    very like

  7. Ko Phyo says:

    ပါဝင်ပစ္စည်းတွေကိုဘယ်မှာဝယ်ရမလဲ မသိဘူး….လုပ်ပါအုန်း :'(

  8. winminlatt says:

    လုပ်စားမယ်

  9. Hsu Mon Aung says:

    အခုလိုဟင်းချက်နည်းတွေအစုံသိရတာကျေးဇူးအများကြီးတင်ပါတယ်

  10. ကျေးဇူးပါနော်
    ဒါပေမယ်ကြော်မယ့်အဆာပလာတွေဘယ်မှာဝယ်လို.ရလဲ

  11. maythu says:

    မ – ညီမ ကြော်ရင် နှစ်ခြမ်းကွာသွားမလားမသိဘူး။ အဲ့လို လှပါ့မလား။

    • admin says:

      နှစ်ခြမ်းမကွဲအောင် အရင် ကြက်ဥစိမ်ပြီမှ ပါမုန့်ကို ကြော်တာပါ။ လှမှာပါ..

  12. eieiswe says:

    Thank a lot. ma. 🙂

  13. Rosyngun says:

    Thank
    My daughter love it, I make this for breakfast

  14. Chit Phue says:

    မ၀တ်ရည်ရေ…
    ဟိုနေ့က ပေါင်မုန့်အသားကပ်ကြော် လုပ်တာ… တွေ့လိုက်ပြီး… ဒီနေ့ ပြန်ရှာမတွေ့တော့လို့…
    ဘယ်လိုရှာရမလဲဟင်…

Leave a Reply

Your email address will not be published. Required fields are marked *