ကြက်သားကင်ပေါက်စီ
ကြက်သားကင်ပေါက်စီ (၃လုံးစာ)
မနက်စာအဖြစ် ပေါက်စီကို အစားများကြပါတယ်။ အများစုက ပေါက်စီကို အိမ်မှာလုပ်မစားပဲ ၀ယ်စားကြတာ များပါတယ်။ ၀တ်ရည်ကတော့ အပြင်က၀ယ်စားတာထက် အိမ်မှာလုပ်စားတာ ပိုနှစ်ချိုက်တယ်။ ကိုယ်ထည့်ချင်တဲ့ အစားပလာတွေ ထည့်လို့ရတယ်။ အရသာလည်း မတူဘူး ပိုစားကောင်းတယ်။ ဘယ်သူမဆို အိမ်မှာ ပေါက်စီကို လုပ်စားနိုင်အောင် တင်လိုက်ခြင်းဖြစ်ပါသည်။
ပေါက်စီ ဒိုးတွင် ပါဝင်သောပစ္စည်းများ (CityMart ဆိုင်တွင် ၀ယ်ယူနိုင်ပါသည်)
၁။ ပေါက်စီလုပ်သည့် ဂျုံ (low-gluten flour) – ၁၂၀ ဂရမ်
၂။ Double Action Baking Powder – လက်ဖက်ရည်ဇွန်း တ၀က်
၃။ Instant Yeast – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၎။ သကြား (Castor sugar) – စားပွဲတင်ဇွန်း ၁ဇွန်း
၅။ Shortening – စားပွဲတင်ဇွန်း တ၀က်
(မှတ်ချက်။ ။Shortening ၀ယ်မရလျှင် ဟင်းရွက်ဆီကိုသုံးပါ)
၆။ ရေ – ၁နို့ဆီဘူး တ၀က်
အစာသွပ်တွင် ပါဝင်သောပစ္စည်းများ
၁။ ကြက်ရင်ဗုံသား – ၁၅ကျပ်သား (ကင်ပြီးသား)
၂။ သကြား – စားပွဲတင်ဇွန်း တ၀က်
၃။ ပဲငံပြာရည်(အနောက်) – လက်ဖက်ရည်ဇွန်း တ၀က်
၎။ ရေ – စားပွဲတင်ဇွန်း ၇ဇွန်း
၅။ နှမ်းဆီ – လက်ဖက်ရည်ဇွန်း တ၀က်
၆။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
၇။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
၈။ ကြက်သွန်နီ – ၂လုံး ( ၈စိပ်စိပ်ပါ)
၈။ ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
ချက်ပြုတ်နည်း
၁။ ကြက်သားကို barbecue ဆော့(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ဆီအနည်းငယ်ထည့်၍ 0ven ဖြင့် မိနစ်၃၀ခန့် ကင်ပေးပါ။
၂။ ပြီးလျှင် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း)ထည့်ပြီး အစာသွပ်တွင် ပါဝင်သည့် ပစ္စည်းအားလုံးကို ထည့်မွှေပေးပါ။
၃။ အစာသွပ်ရန် ချက်ပြီးလျှင် ဒိုးကို စလုပ်ရမည်။
ဒိုးလုပ်နည်း
၁။ ဒိုးလုပ်ရာတွင် ပါဝင်သော ပစ္စည်းအားလုံးကို ရောနုယ်လိုက်ပါ။ ဒိုးကို နာနာနုယ်ပေးပါ။ ဒိုးအနေထားသည် ချောမွတ်သော အနေထားတွင် ရှိနေရမည်။
၂။ ပြီးလျှင် ဒိုးကို ထလိမ့်တုံးဖြင့် ၃လက်မခွဲ အရွယ်အ၀ိုင်းဖြစ်အောင် လိမ့်ပေးပါ။
၃။ ထို့နောက် အစာသွပ်ရမည့် အသားများကို အလုံးလုံး၍ ဒိုးပြားထဲထည့် ပေါက်စီပုံဖော်ပါ။
၎။ ပေါက်စီအောက်ဘက်ကို ဆီအနည်းငယ်သုတ်ပြီး ပန်းကန်လုံးတစ်ခုထဲထည့်ပါ။ ရေစွပ်ထားသော အ၀တ်ဖြင့် အပေါ်မှ ၂နာရီခန့် အုပ်ထားပေးပါ။
၅။ ပေါက်စီ ၂ဆကြီးလာပြီးဆိုလျှင် အပူခံ ပန်းကန်ပြားထဲထည့် ပေါင်းအိုးထဲ ၁၀မိနစ်ခန့် ထည့်ပေါင်းပေးပါ။
၆။ အရသာထူးခြားသော ကြက်သားကင်ပေါက်စီကို ပူပူနွေးနွေး စားသုံးနိုင်ပါပြီး။
40 comments
  1. ပေါက်စီ ပုံဖော်ပုံ ကလှတယ်။ ဒါမျိုးလူတိုင်းမလုပ်တတ်ဘူး။ တော်တယ် သူငယ်ချင်း
    • chowutyee says:
      ကျေးဇူးပဲ သူငယ်ချင်း ;).. ငါ ပုံဖော်ပုံ အဆင့်ဆင့် ကိုသေသေချာချာရိုက်ပြီး နောက်တခါ တင်ပေးမယ်။
  2. Hmone Gyi says:
    wow my twin is extremely so clever…khl ka ta yae kha nay tal 😉 will try if i have some free time 😉
    • chowutyee says:
ံဟီးဟီး… ကိုယ်လုပ်စားပြီးရင် ပြန်ပြောအုန်းနော်… 😉
  3. Ma Ei says:
    ပေါက်စီ ပုံဖော် တာ အရမ်းတော်တယ်..။ အမ ကလဲ ဟင်းချက် တာ မုန့် လုပ် တာ ၀ါသနာ ပါ တော့ ညီမ ရဲ့  site ကို ရတော့ အမ ၀င်ကြည့်ပြီး အားပေးသွားပါတယ်။ နောက်လဲ အားပေးနေမယ်နော်။
  4. Snow says:
    ရည်ရည် ပေါက်စီလုပ်ပြတော့ လွယ်သလိုပဲ။ အစ်မတော့ ဖက်ထုပ်လုပ်တာတောင် မလုပ်တတ်လို့ ခေါင်းအုံးပုံလုပ်ပြီး ထုပ်လိုက်ရတယ်။
    အခုလို မျှဝေတာ ကျေးဇူးတင်ပါတယ်။ တစ်ရက်လောက် စမ်းလုပ်ကြည့်အုံးမယ်။
    • chowutyee says:
      ဟဲဟဲ… ၀တ်ရည်လည်း ပထမဆုံး စမ်းလုပ်တုန်းကလည်း သိပ်အဆင်မပြေဘူး(ပေါက်စီပုံနဲ့ မတူပဲ ဘာနဲ့တူမှန်းကိုမသိတာ).. အဲဒါနဲ့ နောက်တစ်ခါမှ ထပ်စမ်းလုပ်မှ အဆင်ပြေသွားတာ.. စမ်းလုပ်ကြည့်ပါ အစ်မ.. အဆင်မပြေတာရှိလည်း ပြောပါနော်..း)
  5. သဇင် says:
    ညီမရေ shortening ဆိုတာ ဘာလဲမသိလို့ မေးကြည့်တာပါ ။
    • chowutyee says:
      မသဇင် shortening ဆိုတာ ဟင်းရွက်ဆီ တို့နဲ့လုပ်ထားတာ။ Shortening အရောင်က အဖြူရောင်၊ ပြီးတော့ ဘာအရသာမှ မရှိဘူး.. သူက ပေါက်စီ၊ ပါမုန့် လုပ်တာတို့မှာ အသုံးများတယ်. မသဇင် မြင်သာအောင် သူပုံကိုရှာပြီး link တွဲပေးလိုက်တယ်။ http://www.joyfullyfit.com/images/shortening-all_vegetable-453-ss.jpg
    • KT says:
      There is vegetable shorterning or animal shorterning. You can use “wet c” if there’s no shorterning in Burma.
      • chowutyee says:
        Not animal oil!!! Thanks for yours answering 😉
        Shortening မြန်မာပြည်မှာ ရောင်းတာ မတွေ့ပါဘူး.. လိုက်စုံစမ်းတာလည်း နေရာနှံနေပါပြီး.. နိုင်ငံခြားမှာတော့ ၀ယ်နိုင်ပါတယ်.. Shortening အစား ဟင်းရွက်ဆီသုံးနိုင်ပါသည်။း)
  6. KT says:
    Or just Vegetable oil if you don’t like “wet C”
  7. သဇင် says:
    ကျေးဇူး ညီမ ၀တ်ရည။် ပုံလေးတွဲတင်ပေးတာ ။ 😀
    အမ အထင်တော့ ဒီက supermarket ထောပတ်တန်းမှာ ရှိလိမ့်မယ်… pastry မုန့်တွေမှာ ထည့်တာမျိုးနဲ့ ခပ်ဆင်ဆင်တူတယ်…
    Also thanks to KT for your info. 😉
  8. Myint Myint Wai says:
    Poa Skin become yellow colour after I steamed. Why? Because of type of flour? Please can you reply to me by mail.
    Thanks.
    • chowutyee says:
  9. thar lay says:
    ကျွန်တော်က တော့ ဒီနေ့ 
    ကောင်းတယ် ခင်ဗျ..
    ကျေးဇူးတင်ပါတယ်..
    • chowutyee says:
  10. Gar Field says:
    ကောင်းလိုက်တာ ဒီလိုမျိုးတွေ တင်ထားလိမ့်မယ်လို့ မထင်မိဘူး မြန်မာလိုရေးထားတာတွေဆိုတော့ အရမ်းအသုံးတည့်တယ် ကျေးဇူးပဲ
    သူငယ်ချင်းတို့ရေ
  11. Eaindray Oo says:
    မမရေ ညီမ လုပ်ကြည့် တာ ပေါက်စီ အခွံက မာနေတယ်။ ဘယ်လိုလုပ်ရမလဲ မမ။
    တခြားတော့ မချက်ကြည့်ဘူး။ ပေါက်စီက ကြိုက်လို့ စမ်းကြည့်တာ အခွံသား ကမာနေသလိုပဲ မမ။ ပြောပြ ပါအုံးနော်။အမှန်မတည့်လို့လားမသိဘူး။
    • chowutyee says:
      ပေါက်စီလုပ်တဲ့ ဂျုံမှုန့် မသုံးထားလို့ ဖြစ်မယ်။ ပေါက်စီပုံပါတဲ့ ဂျုံမှုန့် သီးသန့်ဝယ်ပြီ ထပ်လုပ်စားကြည့်ပါနော် မ.. 🙂
    • chowutyee says:
      When u do Paul Si, u need to add yeast
  12. fkthet says:
    ပေါက်စီပုံပါတဲ့ ဂျုံမုန့်က ဘယ်မှာ ရနိုင်သလဲဟင်
    • chowutyee says:
      မ CityMart မှာ ၀ယ်လို့ရတယ်။ ရိုးရိုးဂျုံနဲ့လည်း လုပ်လို့တော့ရတယ်၊ ဒါပေမယ့် ပေါက်စီလုပ်တဲ့ ဂျုံက ပိုပြီ နူးညံ့ပြီ စားလို့လည်း ပိုကောင်းတယ်.. 🙂
  13. Khin La Yaung says:
ိအမရေ
    Instant Yeast ဆို ဘာကိုခေါ်တာပါလဲ။မသိလို့ပြောပြပေးပါနော်။
    ပြီးတော့ ပဲပေါက်စီလုပ်နည်းလေးကိုလည်း သိချင်ပါတယ်။ဟင်းချက်နည်းတွေ ပြန်မျှဝေပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင်။
    • chowutyee says:
      Instant Yeast ကို City Mart မှာ ၀ယ်လို့ရပါတယ်.. ပဲပေါက်စီ လည်း နောက်ကျရင် တင်ပေးလိုက်ပါ့မယ်နော်.. ကျေးဇူး
  14. Nan Khin Thein says:
    ဝတ်ရည်
ွိီိဝတ်ရည်Food House ကိုအရမ်းကြိုက်ပါတယ်။အမြဲလဲဝင်ကြည့်ဖြစ်တယ်။
    ပေါက်စီစမ်းလုပ်ကြည့်တာအဖုံးကိုဖွင့်လိုက်တော့ပွ၇ာကနေချက်ချင်းပြန်ကျုံ့သွားတယ်။အဲဒါဘာဖြစ်လို့လဲ။ကူညီပါအုံး။ကျေးဇူးပဲနော်။
    • admin says:
      Yeast ထည့်ရင်တော့ ပွပြီ ပြန်မကျုံ့ဘူး။ ပွအောင် ၂နာရီလောက် ထားပြီမှ ပေါင်းရင် အဆင်ပြေမှာပါ။ plz try it again
  15. Thida says:
    Thanks you for your help…
  16. shanghtin says:
    Hi could you also make step by step video ! how to make BouSi 🙂 really appreciate it. thz..
    • admin says:
      ခုတော့ ဗီဒီယို ရိုက်ပေးမယ့်သူမရှိလို့၊ အဆင်မပြေပါဘူး။ နောက်ပိုင်းတော့ ကြိုးစားပြီ တင်ပေးပါ့မယ်။ ကျေးဇူးပါ
  17. နားရက်ရရင် ပေါက်စီ လုပ်စားမယ်ဗျာ
  18. […] ကြက်သားကင်ပေါက်စီ […]
  19. ကိုစိုင်း says:
    လသာလမ်း အောက်ဘလောက်၊ ပေါက်စီKing ဆိုင်ကခုနှစ်လွှာပေါက်စီမျိုးစားချင်တယ်၊ အစာအတွက်စိတ်ချပါ၊ ဒိုးအတွက်ပဲပြသနာရှိတယ် ။
  20. lai htin says:
    ပထမတခါက မအောင်မြင်ဘူး.. နောက်တခါထပ်လုပ်ကြည့်ဦးမယ်နော်..
Leave a Reply
Your email address will not be published. Required fields are marked *