နုပျိုခြင်း၏ လျှိုဝှက်ချက် (၅)ချက်

နုပျိုခြင်း၏ လျှိုဝှက်ချက် (၅)ချက်

နုပျိုခြင်းဟာ သင်ရဲ့ အမူအကျင့် နဲ့ တနေ့တာ လုပ်ဆောင်ခြင်းပေါ်မှာပဲ အခြေခံနေတာ ဖြစ်ပါတယ်။ ဟယ်၊ နုလိုက်တာ အသက်၄၀ဆို ၂၅၊ ၃၀ပဲ ထင်ရတယ်။ အသက် ၅၀ကလည်း အသက် ၄၀လောက်ပဲ ထင်ရတယ် စသည်ဖြင့် နုပျိုနေခြင်းဟာ သူတို့မှာ လျှိုဝှက်ချက် ကိုယ်စီ ရှိနေကြလို့ပါပဲ။ အဲဒီ လျှိုဝှက်တွေဟာ ဘာတွေလည်း ဖော်ထုတ်ကြည့်တဲ့အခါ အရေးဆုံး နဲ့ တူညီနေတဲ့ အချက်(၅)ချက်ကို ရှာဖွေ တွေ့ရှိကြပါတယ်။

၁) လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးပါ

လေ့ကျင့်ခန်းကို ပုံမှန်လုပ်ခြင်းဖြင့် သွေးလည်ပတ်ကို ကောင်းစေပြီ ရင့်ရော်စေသော် ဆဲလ်သေများကို ပြန်လည်ရှင်သန်စေမှာ ဖြစ်ပါတယ်။ ထို့ပြင် လေ့ကျင့်ခန်း ပုံမှန် လုပ်ခြင်းဖြင့် လှပသော ခန္ဓာကိုယ် နဲ့ စိတ်ကို လူငယ်တစ်ဦးလို အမြဲလန်းဆန်းစေပါတယ်။ နုပျိုခြင်းအတွက် လေ့ကျင့်ခန်းပုံမှန် လုပ်တဲ့အပြင် အိပ်ရေးကို ၀လင်အောင် အိပ်ဖို့နဲ့၊ ဆေးလိပ်မသောက်ဖို့လည်း ထည့်သွင်းပြောချင်ပါတယ်။

၂) ကျန်မာရေးနဲ့ ညီညွတ်တဲ့ လတ်ဆတ်တဲ့ အစားအစာများကို စားပါ

နုပျိုပြီ လှပတဲ့ အသားရေနဲ့ ခန္ဓာကိုယ်ဖြစ်ဖို့ ဆိုရင် လတ်ဆတ်တဲ့ အသီးအနှံ၊ အစားအစာများကို စားသုံးရမှာပါ။ အိုမင်းခြင်းကို လျှော့ကျစေနိုင်တဲ့ စပျစ်သီး၊ နာနတ်သီး၊ blueberry သီး၊ ပန်းသီး၊ ထောပတ်သီး၊ ချယ်ရီသီး၊ ကီဝီသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ဖယ်ရီသီး၊ ငပျော်သီး၊ ခရမ်းချဉ်သီး စသည့် အသီးအနှံများကို နေ့စဉ် အလှည့်ကျ သုံးဆောင်ပေးရမှာပါ။ ဒီအသီးအနှံတွေထဲမှာ စပျစ်သီးက Antioxidant အများဆုံး ပါဝင်တာမို့ အိုမင်းခြင်းကို လျှော့ကျခြင်းအတွက် အကောင်းဆုံး ဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်များ အနေဖြင့် ဟင်းနုနွယ်၊ ပန်းကော်ဖီ၊ မုန်လာဥနီ၊ ကညွှတ်၊ ကစွန်းဥ၊ ကော်ဖီထုပ်၊ မှို တို့ကလည်း နုပျိုခြင်းကို အထောက်အကူပေးပါတယ်။

အသားငါး အနေနဲ့ အမဲသား၊ ၀က်သား အသားတွေက ပိုအရသာရှိတယ်ဆိုပေမယ့် ငါးမှာ လူကို အကျိုးပြုစေတဲ့ အရာတွေအများကြီး ပါဝင်တာကိုလည်း သင်မေ့ထားလို့ မရပါဘူး။ ငါးဆီက ထွက်တဲ့ Omega3 Fatty Acid က ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့အပြင် အိုမင်းခြင်းကို နှေးစေတဲ့ အကျိုးအာနိသင်တွေ ပါဝင်ပါတယ်။ ဒါကြောင့် နုပျိုချင်တယ်ဆိုရင် ဟင်းသီးဟင်းရွက် များများနှင့် ငါးများများ နေ့စဉ် သုံးဆောင်ပေးဖို့ တိုက်တွန်းချင်ပါတယ်။

ထို့ပြင် အစားအစာကို တကြိမ်ထဲနဲ့ အများကြီး စားမယ့်အစာ၊ အချိုးစား နည်းနည်းဖြင့် တနေ့ကို ၄ကြိမ် စားသုံးပေးပါ။

၃) နေရောင်ထဲ မထွက်ပါနှင့်

ဒီလိုပြောလို့ နေရောင်မထွက်ရင် အိမ်ထဲမှာပဲ နေရမယ်လို့ ဆိုလိုခြင်း မဟုတ်ပါဘူး။ နေရောင်ခြည် UV ကြောင့် ခန္ဓာကိုယ်ပေါ်က ဆဲလ်တွေ သေသွားတာကို ကာကွယ်ဖို့ အပြင်မထွက်ခင် နာရီဝက်ခန့် မျက်နှာကို UVကာကွယ်ပေးနိုင်တဲ့ Sun ခရင်းကို မျက်နှာ၊ နား၊ လည်ပင်းကို လိမ်းပြီမှ အပြင်ထွက်သင့်ပါတယ်။

ဒါ့အပြင် UV ကာကွယ်တဲ့ ထီး၊ နေကာမျက်မှန်၊ အ၀တ်အစားကို ၀တ်ဆင့်သင့်ပါတယ်။ ခြံထဲမှာ လေ့ကျင့်ခန်း လုပ်မယ် ဆိုရင်လည်း နေခင်း နေပူချိန်ကို ရှောင်ကြဉ်ပြီ မနက်အစောပိုင်း နဲ့ ညနေပိုင်းကို ပြုလုပ်သင့်ပါတယ်။

၎) အချိုမစားပါနှင့်၊ ရေများများသောက်ပါ

နောက်တစ်ချက်အနေနဲ့ လှပသော ခန္ဓာကိုယ်ထိန်းသိမ်းဖို့ အချိုစားခြင်း နဲ့ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအစာတွေကို ဖြတ်တောက်ရမှာပါ။ အချိုစားခြင်းကြော်င့ ဖြစ်ကြောင့် အိုမင်းခြင်းကို မြန်စေပြီ အရေးအကြောင်းတွေကို ပေါ်စေပါတယ်။ ထို့ပြင် တစ်နေ့ကို ရေများများသောက်ခြင်းဖြင့် ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီ အိုမင်းခြင်းကို နှေးကွေးစေပါတယ်။ အရင်ဆုံး ၁လီတာ ပုံမှန် သောက်ကြည့်ပါ။

၅) Spiritual စိတ်ထားလှလှလေး မွေးပါ

စိတ်ထားလှမှ လူလှတယ်ဆိုတဲ့ စကားပုံကို ကြားဖူးကြမှာပါ။ ဒေါသထွက်ခြင်း၊ စိတ်ဖိစိများခြင်းကြောင့် ထွက်ပေါ်စေတဲ့ hormoneကြောင့် ပိုပြီ အိုမင်းရင့်ရော်စေတဲ့အပြင် အရေးအကြောင်းတွေကိုလည်း ပိုမို ထင်ရှားစေပါတယ်။ ဒါကြောင့် နုပျိုခြင်းအတွက် စိတ်ထားလှလှလေး မွေးဖို့ အရေးကြီးပါတယ်။

ဘာသာပြန် – Wutyee Food House
Reference – Internet

26 comments

  1. အိသက်မွန် says:

    ညီမလေးလည်းလက်တွေ့လိုက်ပြီးလုပ်ကြည့်လိုက်ဦးမယ် ကျေးဇူးပဲမဝတ်ရည်ရေ….

  2. mawmaw naing says:

    Thanks sis

  3. khin gyi dwe says:

    thank you for your recepie

  4. khin gyi dwe says:

    thanks

  5. allone says:

    very thank you

  6. wint war says:

    ကျေးဇူးပါ အမ………..

  7. Ma chaw says:

    ကျေးဇူးအများကြီးတင်တယ်အမရေ.တကယ်ကိုလိုက်နာပါ့မယ်။နုချင်လို.လေ။

  8. Mee Mee says:

    ကျေးဇူးကမ္ဘာ ပါ ၀တ်ရည်

  9. Thidar says:

    အမရဲ့ဟင်းနည်းအားလုံးကိုကြိုက်​တယ်​။ပါဝင်​ပစ္စည်း​တွေကိုလည်းသုံးပုံသုံးနည်းပါသိရ​တော့အဆင်​​တော်​​တော်​​ပေ့ပါတယ်​။ကျေးဇူးပါ

  10. yuyu says:

    ကျေးဇူးတင်ပါတယ်။

  11. Chitchat Zinlay says:

    Thanks 🙂

  12. Lwin May Thet says:

    လှတော့လှချင်တာပေါ့ ချောကလတ်တော့ မရှောင်နိုင်ဘူး မမရေ. . :'(

  13. mayhtutpanmoe says:

    i would like to get new post. 🙂
    i love to cook.
    hope i can learn from these.

    • admin says:

      Email subcription လုပ်ထားရင် Post အသစ်တင်တိုင်း ပို့ပေးပါတယ်..

Leave a Reply

Your email address will not be published. Required fields are marked *