စားချင်စဖွယ် ငါးခူကြော်

ငါးခူကြော် နှင့် ကြက်သွန်ကြော်

မြန်မာ ဟင်းလျာဖြစ်သည့် ကြွပ်ကြွပ်ရွရွ ငါးခူးကြော်ကိုလည်း မြည်းသွားကြနော်..

ပါဝင်သော ပစ္စည်းများ

၁။ ငါးခူ – ၄ကောင်

၂။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

၃။ ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၎။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၅။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၆။ ကြက်သွန်နီ – ၃လုံး (အ၀ိုင်း ပါးပါးလှီးပါ)

၇။ ကြက်သွန်ဖြူ – ၃မွှာ (အ၀ိုင်း ပါးပါးလှီးပါ)

ချက်ပြုတ်နည်း

၁။ ကြက်သွန်ဖြူ၊ နီကို ဆီများများဖြင့် အညှိရောင်သန်းသည် အထိကြော်ပေးပါ။

၂။ ငါးခူကို ဓားဖြင့် အစောင်းမွန်းပြီး ၃ပိုင်းတုံးလိုက်ပါ။

၃။ ပြီးမှ ဆား၊ ကြက်သားမှုန့်၊ ဆနွင်းမှုန့်၊ ငရုတ်သီးမှုန့် ထည့်ရောနုယ်လိုက်ပါ။

၎။ ထို့နောက် ဒယ်ထဲ ဆီများများ ထည့်၍ နုယ်ထားသော ငါးခူကို တ၀က်ခွဲပြီး မီးနည်းနည်းဖြင့် အညှိရောင်သန်းလာ သည်အထိ ကြော်ပေးပါ။

၅။ ငါးခူများရပြီးဆိုလျှင် ပန်းကန်ပြားထဲထည့် ကြော်ထားသော ကြက်သွန်ဖြူ၊ နီများကို အပေါ်မှ ဖြူးပေးပါ။

၆။ စားချင်စဖွယ် ကျွတ်ရွသော ငါးခူကြော်ကို ထမင်းနှင့် စားသုံးနိုင်ပါပြီး။

6 comments

  1. Hmone Gyi says:

    sar chin lite tar…today chinese shop bar tawe buy own ma…but you can’t get all the time..only sometimes

  2. ငါးခူကြော်က ဆီအရမ်းပေါက်တယ်း(

    • Hmone Gyi says:

      no really if you use fry cooker…it shoule be ok…i normally use fry cooker to fry everything…

      • chowutyee says:

        နေခြည် မီးမီးနည်းနည်းနဲ့ ကြော်ရင် မပေါက်ပါဘူး… 😉

  3. […] January 27, 2010 စားချင်စဖွယ် ငါးခူကြော် […]

  4. ဝင်းကို says:

    ငရုတ်​သီးက အကြမ်းမှုန့်​လား အမ

Leave a Reply

Your email address will not be published. Required fields are marked *