မဆလာ လက်ဘက်ရည်

မဆလာ လက်ဘက်ရည် (၄ခွက်စာ)

အိန္ဒိယစတိုင် မဆလာ လက်ဘက်ရည်ပါ။ ဒီ လက်ဘက်ရည် သောက်တိုင်း အိန္ဒိယရောက်သွားသလို အမြဲ ခံစားရတယ်။ အနံ့ရော၊ အရသာပါ ထူးကဲ ကောင်းမွန်ပါတယ်။ မနက်စောစော လက်ဘက်ရည်ပူပူ သောက်ရအောင်..

ပါဝင်ပစ္စည်းများ

  • Lipton လက်ဘက်ရည်ထုပ် – ၄ထုပ်
  • ရေ – လက်ဘက်ရည်ခွက် ၅ခွက်
  • နို့ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း

  • နို့စိမ်း – စားပွဲတင်ဇွန်း ၃ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၄ဇွန်း
  • ဂျင်း – လက်တစ်ဆစ် (ပါးပါးလှီးပါ)
  • ငရုတ်ကောင်းမဲစေ့ – ၆လုံး (မညက်တညက်ထောင်းပါ)
  • ဖာလာစေ့ – ၄ခု
  • သစ်ဂျပိုးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • လေညှင်း – ၅ခု

လက်ဘက်ရည် ဖျော်နည်း

၁။ အရင်ဆုံး ဒယ်အိုးထဲ ရေ(၅ခွက်)ကို ပွက်ပွက်ဆူအောင် တည်ထားပါ။

၂။ ဆူလာလျှင် ဂျင်းပြားထည့် ၁မိနစ်တည်ထားပါ။ ထို့နောက် ငရုတ်ကောင်း၊ ဖာလာစေ့၊ သစ်ဂျပိုးမှုန့်၊ လေညှင်း တို့ကို ထည့်ပြီ နောက်ထပ် ၁မိနစ် ထပ်တည်ပါ။

၃။ မီးလျှော့ပြီ Lipton လက်ဘက်ရည်ထုပ် ၄ထုပ် စိမ်ပြီ အဖုံးအုပ်ကာ ၅မိနစ်ခန့် တည်ထားပါ။

၎။ ထို့နောက် မီးပိတ်ပြီ နို့ဆီ၊ နို့စိမ်း၊ သကြားတို့ကို ထည့်၍ ရောမွှေလိုက်ပါ။

၅။ ပြီလျှင် စတီခွက်(သို့) ချိုင့်ထဲသို့ လက်ဘက်ရည်များကို ဇကာဖြင့် စစ်ထည့်လိုက်ပါ။

၆။ အရသာရော၊ အနံ့ပါ သင်းပျံ့သည့် မဆလာ လက်ဘက်ရည်ကို သောက်သုံးနိုင်ပါပြီ..

9 comments

  1. Nwe Yin Win says:

    Thanks Wutyee. I like India delicacies especially India tea.

  2. Hmone gyi says:

    i drank before, it is delicious 😀

  3. Myat Su says:

    မမ၀တ်ရည်ရေ.. Lipton နေရာမှာ လက်ဖက်ခြောက်အချိုခြောက် အစားထိုးလို့ရလားဟင်??

    • nyi nyi aung says:

့မြန်မာလူမျိုးများနှင့် နီးစပ်တဲ့ အသစ်အဆန်း လေးတွေကို သိခွင့်ရတဲ့အတွက် ကျေးဇူးတင်မိပါတယ်..
      မြည်းစမ်းကြည့်ပါအုံးမယ်.

    • admin says:

      Black tea လက်ဘက်ခြောက် ကြိုက်တာ သုံးလို့ရပါတယ်… 🙂

  4. 묘나인툰 says:

    မသိတာလေးတွေ သိခွင့်ရလို့

Leave a Reply

Your email address will not be published. Required fields are marked *