အာပုံမုန့်

အာပုံမုန့်

အစာပြေလုပ်စားနိုင်ဖို့ အာပုံမုန့် လုပ်နည်းလေးပါ။ အုန်းနို့ကြောင့် ချိုစိမ့်ပြီ အရမ်းလည်း စားကောင်းတယ်။ လုပ်နည်းလေး ကြည့်ရအောင်…

အာပုံမုန့် လုပ်ရန် ပါဝင်ပစ္စည်းများ

  • ဆန်မှုန့် – ၁ခွက် (၁၂၀ ဂရမ်)
  • ကြက်ဥ – ၁လုံး
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း

  • ဆား – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  • ဆိုဒါ(baking soda) – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  • ရေ – ၁ခွက်

အုန်းနို့နှစ်တွင် ပါဝင်ပစ္စည်းများ

  • အုန်းနို့ခရင်း – ၁၆၀ ဂရမ်
  • သကြား – စားပွဲတင်ဇွန်း ၃ဇွန်း
  • ဆန်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း

ပြင်ဆင်နည်း

၁။ အရင်ဆုံး ဇောက်ခွက်ထဲ (ဆန်မှုန့်၊ သကြား၊ ဆား၊ ဆိုဒါ) အားလုံးကို သမအောင် ရောနုယ်လိုက်ပါ။

၂။ ပြီလျှင် ကြက်ဥ၊ ရေ(၁ခွက်) ထည့်ပြီ hand mixer (သို့) မွှေတံ(wirewhisk) ဖြင့် ခပ်နာနာလေး အာပုံမှုန့် အရည်ချောမွေ့သွားသည်အထိ မွှေပေးပါ။

၃။ ပြီလျှင် အုန်းနို့အနှစ်ချက်ပါမည်။ ဒယ်ထဲ အုန်းနို့ခရင်းထည့်ပြီ ပျစ်အောင် ၁မိနစ်ခန့် တည်ထားပါ။

၎။ ပြီမှ (သကြား၊ ဆန်မှုန့်) တို့ကို ရောမွှေလိုက်ပြီ ပျစ်လာလျှင် မီးပိတ်ပြီ  ခွက်တစ်ခုထဲထည့်ထားပါ။

မုန့်ပြုလုပ်နည်း

၁။ ခု အာပုံမှုန့် စလုပ်ပါတော့မည်။ ဇောက်ဒယ်ထဲ ဆီထည့်ကာ စက္ကူဖြင့် ဒယ်ပတ်ပတ်လည် ဆီသုတ်ပေးပါ။

၂။ ပြီလျှင် မီးများများဖြင့် တည်ပါ။ ဒယ်ပူလာလျှင် အာပုံမှုန့် အနှစ်ရည်(ခွက်တ၀က်)ကို လောင်းထည့်ပေးပြီ ဒယ်ကို စောင်းကာ အနှစ်ရည်များ အ၀ိုင်းပုံ ပြန့်သွားအောင် ပြုလုပ်ပါ။

၎။ အာပုံ ဘေးသားများကြွပ်ရွ လာပြီ အညှိရောင်သန်းလာလျှင် ပန်းကန်ပြားတစ်ခုပေါ် တင်ထားပါ။ ထိုနည်းအတိုင်း အာပုံအနှစ်ရည်များကုန်သည်အထိ အာပုံမုန့်များကို ပြုလုပ်ပေးပါ။

၅။ ပြီမှ အာပုံမုန့်ပေါ်သို့ အုန်းနို့ရည်(စားပွဲတင်ဇွန်း ၂ဇွန်း)ကို ဆမ်းပြီ အပေါ်မှ သကြားအနည်းငယ်ဖြူး ပေးပါ။

၆။ အရသာရှိပြီ ချိုစိမ့်သော အာပုံမုန့်ကို ၄ခေါက်ခေါက်ပြီ အရသာရှိစွာ သုံးဆောင်လို့ရပြီ…

29 comments

  1. Aniston says:

    I like most.

  2. mawmaw naing says:

    I like this sis thanks.

  3. Sandar says:

    မြန်မာမုန့်လုပ်နည်း တွေလိုချင်နေတာနဲ့ ကွက်တိပဲ။
    နောက်လဲ ပို့ပေးပါအုန်းနော်။

  4. tinohn says:

ေ၇ တ ခွက် က ဘယ် လို ခွက် မျိုး လဲ ဆို ဒါ သိ ချင် ပါ တယ်

    • admin says:

      Measurement ခွက်ကိုပြောတာပါ။ ၁ခွက် = ၂၀၀ မီလီလီတာနဲ့ ညီမျှပါတယ်… 🙂

  5. T2 says:

    ဝတ်ရည် မုန့်စမ်းလုတ်စားနည်းလေးပြောပြပေးပါ။ ရန်ကုန်မုန့်စမ်းဝယ်လာပြီး ဘယ်လိုနယ်ရမှန်းမသိလို့

  6. T2 says:

    လုပ်စားပီးပြီ၊ ကောင်းမှကောင်းပဲ

  7. Yu Yu says:

    မြိတ်မြို့မှာ အဲဒီ အာပုံ မုန့်စားဖူးတယ်..လုပ်နည်းတူတူပဲလားဟင်
    ငှက်ပျောရွက်နဲ့ ထုပ်ထားတယ်လေ….မုန့်သားအိအိလေး။
    မဝတ်ရည်မုန့်က ကြွပ်နေတယ်နော်။ ဘာလို့လဲ

    • admin says:

      ဟုတ်ကဲ့ တူတူပါပဲ။ မုန့်သားနဲ့ အုန်းနို့ရည်နဲ့ထုပ်လိုက်ရင် ပျော့သွားပါတယ်။ စားရင် ကြွပ်ကြွပ်ကြီး မဖြစ်နေပါဘူး လုပ်စားကြည့်ပါနော်.. 🙂

  8. Mar Lar says:

    Thank you Wutyee. This is the one I longer to eat but I don’t know how to make it. I made it today and it was very good like where I had in Tavoy. Thanks a lot.

  9. Mar Lar says:

    Wutyee, can I get the recipe of Kauk Mote please.

  10. gerald pein says:

    ငယ်တုန်းက ရွှေဘို မှာ စား ရ တာ သတိရလိုက်တာ…

  11. namraj says:

    I tried with Japanese rice flour and follow instruction above. Unfortunately it looks nothing like yours. Any suggestion? I am thinking that I used wrong type of flour. it does not come out crisp at all. Mine looks like scrambled eggs LOL!!! HELP

    • admin says:

      ဒီအချိုးစားတိုင်း ထည့်ရင် ဘေးက ကြွပ်ရွလာရမှာ။ လုပ်တဲ့အခါ Non_Stick ဇောက် ဒယ်ကို သုံးပေးပါ. 🙂

  12. Nwe Nwe San says:

    thanks a lot..Ma Wut Yee

  13. Thiri says:

    ချစ်ခင်ရပါသော မမ၀တ်ရည်
    ညီမကဟင်းချက်ရတာကို ၀ါသနာပါပါတယ်
    ကိုယ်ချက်တဲ့ဟင်းကို မိသားစုသူငယ်ချင်းတွေကို ချက်ကျွေးပီး သူတို့ကစားကောင်းတယ်ဆိုရင်
    ညီမ အရမ်းပျော်ရွင်ရပါတယ် ထူးဆန်းနေပင်မဲ့ ညီမကို relax ဖြစ်စေတာကဟင်းချက်တာပါပဲ
    အခုဆိုအစ်မရဲ့ဟင်းချက်နည်းစာအုပ်တွေရော online ကပါ ညီမ မချက်ဖူးတဲ့ဟင်းလျှာတွေကိုစမ်းချက်ပီး
    အခုဆို အိမ်မှာသီရိချက်တဲ့ဟင်းက အကောင်းဆုံးဆိုပီးပြောနေကျပီ
    ကျေးဇူးမမရေ…:D

  14. Nwe Nwe Oo says:

    International usage eg.teaspoon,tablespoon ,gram,measuring cup နနဲ့ဖေါ်ပြပေးစေလိုပါတယ်။With Metta,(from,Auckland ,Newzealand .

  15. Nwe Nwe Oo says:

    ဆန်မှုန့်one metric cup=250gmပါ။ဖေါ်ပြထားတဲ့120gmအချိန်အရ1metric cupရပါတယ်။လိုချင်တဲ့ချက်နည်းနဲ့searchလုပ်မရပါ။အစမှပြန်ရှာနေရပါတယ်။

  16. Nwe Nwe Oo says:

    ကျေးဇူးအထူးတင်ပါတယ်။အခုဘဲလုပ်ပြီးပါပြီး။အောင်မြင်ပါတယ်။လုပ်စားချင်နေတာကြာပါပြီအောင်မြင်သွားလို့သူများကိုဒါနပြုလို့ရပါပြီ။

  17. Soe Soe Khaing says:

    ခုဘဲလုပ်စားနေတာ ..ကောင်းမှကောင်း..Thanks

Leave a Reply

Your email address will not be published. Required fields are marked *