နှင်းဆီ ပုဇွန်
နှင်းဆီ ပုဇွန်
ဟိုတယ်စတိုင် နှင်းဆီ ပုဇွန်ကို စားသုံးသူတိုင်း နှစ်သက်ကြ ပါလိမ့်မည်။ တရုတ်စတိုင် ဟင်းလျာတစ်ခု ဖြစ်ပါတယ်… စားသုံးသွားကြပါအုန်းရှင်
ပါဝင်သော ပစ္စည်းများ
၁။ ပုဇွန်တုတ် – ၃၀ကျပ်သား (အခွံမခွာပါနှင့်)
၂။ ပန်းကော်ဖီပွင့် (သို့) broccoli – တစိပ် (အတုံးလေးများ လှီးပါ)
၃။ mustard – စားပွဲတင်ဇွန်း တ၀က် (CityMart ဆိုင်တွင် ၀ယ်ယူနိုင်ပါသည်)
၎။ ကြက်ဥအနှစ် – ၃လုံး
၅။ ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
၆။ ပျားရည် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
၇။ ရှာလကာရည် – စားပွဲတင်ဇွန်း တ၀က်
၈။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်းတ၀က်
၉။ နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၁၀။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ချက်ပြုတ်နည်း
၁။ ပုဇွန်ကို အခွံမခွာပဲ ၁၀မိနစ်ခန့် ပေါင်းအိုးဖြင့် ပေါင်းပေးပါ။
၂။ ပေါင်းပြီးပြီးချက်ချင်း ရေခဲရေထဲ ပုဇွန်များကို စိမ်လိုက်လျှင် ပုဇွန် အရောင်တက်လာ လိမ့်မည်။
၃။ ပြီးမှ ပုဇွန်ကို တ၀က်ခြမ်းလိုက်ပြီး ပန်းကန်ပြားထဲ နှင်းဆီပုံဖော် ထည့်လိုက်ပါ။
၎။ ဇောက်ခွက်တစ်ခုထဲ ( mustard၊ ကြက်ဥအနှစ်၊ ဟင်းရွက်ဆီ၊ ပျားရည်၊ ရှာလကာရည်၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်၊ ဆား ) အားလုံးကို ရောခလောက်ပေးပါ။
၅။ ပြီးလျှင် ပုဇွန်ပေါ်သို့ ခလောက်ထားသော အရည်များကို လောင်းချလိုက်ပါ။
၆။ ပုံအလှဖော်ရန် ပန်းကော်ဖီပွင့် (သို့) broccoli ကို ရေနွေးဖြင့် ၂မိနစ်ခန့် ဖျော်ပေးပါ။ ပြီးလျှင် ဆား၊ သကြား အနည်းငယ် ထည့်နုယ်ပေးပါ။
ရ။ ပန်းကော်ဖီပွင့် (သို့) broccoli ကို ပုဇွန် ပန်းကန်ပြားပေါ်တွင် ပုံဖော်တင်လိုက်ပါ။
27 comments
  1. Fatty says:
    So cool!!! Wanna eat!
  2. Hmone Gyi says:
    oh oh so cool look yummy…wow my twin is so clever 😉
  3. ဖြူသန့် says:
    အရမ်းကို စားချင်စဖွယ်လေး ငရည်လေးက သိပ်တော်တာပဲ။
  4. July says:
    taw lite tar wut yee… really look like Rose.. 😀
  5. khin Nilar Htwe says:
    သို့
    မ၀တ်ရည် အမကို လေးလည်းလေးစားတယ်။ အားလည်းကျမိပါတယ်။
    ဒီးဟင်းထဲမှာ ကြက်ဥအနှစ်က အစီမ်းလား။ အကြက်လား။ မရှင်းလို့ပါအမ ။ပြောပြပေးပါနော်အမ ။Thanks a lot
    • chowutyee says:
      ကျေးဇူးပါ ခင်နီလာရေ… ကြက်ဥအနှစ်က အစိမ်းကို ခလောက်ပြီး ထည့်ရမှာပါ… လုပ်စားကြည့်ပါ၊ စားလို့တော်တော်ကောင်းတယ်.. 🙂
  6. fkthet says:
    ဒါလည်းစိတ်ဝင်စားတယ် လုပ်ကြည့်မယ်နော် ပုံဖော်ရတဲ့အစားအသောက်တွေက ရေအဆ က စကားပြောတယ်လို့ထင်တယ်လေ။ အမ တီဗွီက ဖက်ထုပ်လေးလိုပ်ကြည့်ဘူးတယ်။ ဂျုံက ပေါင်းလိုက်ရင် အဖြူကနေ ညစ်တစ်တစ်ဖြစ်သွားတယ် ဘာကြောင့်ဖြစ်နိုင်မလဲဟင် ဘာပေါင်းပေါင်းပါ တခုခုလိုနေလို့လားလို့ သိရင်ပြောပေးပါလား ညီမလေး
  7. Su Hlaing says:
    ဟွားးးးးးးးးးးးးးးးးးးးးအရမ်းတော်တာဘဲ။ နှင်းဆီပန်းပွင့်နဲ့တကယ်တူတယ်။ လိုက်လုပ်ရင်တောင်ရပါ့မလားမသိဘူး။ အရမ်းတော်တာဘဲ။ညီမကဟင်းချက်ရတာဝါသနာပါတယ်။ဒါပေမဲ့ ချက်မစားဖြစ်ပါဘူး။ ချက်နည်းလေးတွေကိုတော့မှတ်ထားပါတယ်။ အလုပ်အားရင်တော့ချက်စားဖို့ပေါ့။ အခုလိုမျိုး ဟင်းချက်နည်းလေးတွေကိုအချိန်ပေးပြီးတင်ပေးတဲ့အစ်မကိုကျေးဇူးတင်ပါတယ်။
    • chowutyee says:
      ညီမ လုပ်လည်း နှင်းဆီပန်းနဲ့ တူမှာပါ ညီမ။ လုပ်ရတာ ထင်သလို မခက်ဘူး။ ပုဇွန်လေးတွေကို အဆင့်ဆင့် ထပ်သွားရုံပဲ။ အားရင် ချက်စားကြည့်နော်… နောက်လည်း လာလည်အုန်းနော်. 🙂
  8. ခင်ယမုံ says:
    ချိုစိမ့်မွှေးလေးဖြစ်နေမှာပဲ..ကောင်းလိုက်တာ
    ချက်စားမယ်နော် ညီမလေး
    ကျေးဇူး
    🙂
  9. moe pwint says:
    အမ..ချက်ပြတဲ့ဟင်းချက်နည်းလေးတွေကိုအိမ်မှာချက်စားဖြစ်တယ်..ကျေးဇူးနော်အမ…
    အမက သမီးရဲ့မြင်ဆရာဖြစ်နေပြီ..အားကျတယ်…
    • chowutyee says:
  10. Junelay says:
    လှတယ်နော် မစားချက်တော့ဘူး ^-6
  11. […] နှင်းဆီ ပုဇွန် […]
  12. one visitor says:
    Hi sis,
    Kyat u anit ka asein htae ya tar lar sis.
  13. Min Myat Thurain says:
    အမ ဝတ်ရည်
    အမ blog ကို ခုမှသိတာပါ
    အိမ်မှာ မိဘတွေကို ဟင်းကောင်း၂ချက်ကျွေးချင်လို့ခင်ဗျ
    ခုလို blog လေးတစ်ခုတွေ့ရတာ အရမ်းဝမ်းသာတယ်
    အမြဲတမ်းလာလည်ပါမယ်
    အမပုံဖော်ထားတဲ့ နှင်းဆီပွင့်ပုံမဖော်တတ်ဘူးခင်ဗျ
    နည်းနည်းလောက် ရှင်းပြန်ုင်မလားခင်ဗျာ
    လေးစားစွာဖြင့်
    • admin says:
      ခရမ်းချဉ်သီးနှင့် နှင်းဆီပွင့် ပုံဖော်နည်းကို http://www.wutyeefoodhouse.com/?p=5231/ ဒီလင့်မှာ ရေးထားပါတယ်။ ကျေးဇူးပါ
      • Min Myat Thurain says:
        ကျွန်တော်က ပုစွန် နှင်းဆီပုံဖော်နည်းသိချင်တာပါခင်ဗျာ။ ခရမ်းချဉ်သီးနှင်းဆီပုံဖော်တာတော့ ကျွန်နော်တတ်သွားပြီဗျ။ကျေးဇူးပါ မဝတ်ရည်
        • admin says:
          ပုဇွန် နှင်းဆီဖော်နည်းက လွယ်ပါတယ်။ နောက်တစ်ခါ ၀တ်ရည်လုပ်စားဖြစ်ရင် ဓာတ်ပုံ အဆင့်ဆင့်၇ိုက်ပြီ တင်ပေးပါ့မယ်.. 😀
  14. Hnin phyu says:
    ညီမလေးဝတ်ရည်- အမဒီနေ့မှာ ပုဇွန်နှင်းဆီလုပ်ဖြစ်ပါတယ် စာအုပ်ထဲမှာ မရှင်းတာလေးတွေရှိလို့. ဒီမှာပြန်ကြည့်တော့ကြက်ဥအစိမ်းထည့်ရမယ်ဆိုတာသိရပါတယ်. ဂေါ်ဖီကအောက်ခံမှာထားရမှာလားအတုံးကလေးတွေကရော? အမပုံဖော်တာ မလှဘူးဖြစ်နေလို့ပါ ကျေးဇူးနော်
Leave a Reply
Your email address will not be published. Required fields are marked *