ဝက်အူချောင်းကင် နှင့် Garlic bread

ဝက်အူချောင်းကင် နှင့် garlic bread

ဝက်အူချောင်းကင် နှင့် garlic bread ပါ။ ၀က်အူချောင်းကို ဘီယာနဲ့ ပြုတ်ပြီမှ ကင်ထားမို့ တမူထူးခြားတဲ့ ကင်နည်း တမျိုးပါ။ ဒီကင်နည်းအတိုင်း ကြက်အူချောင်းကိုလည်း ကင်လို့ရပါတယ်။ လုပ်ရလွယ်ပြီ အချိန်တွင်းပဲ ကင်နိုင်တာမို့ ခုပဲ လုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ၀က်အူချောင်း – ၂၀၀ ဂရမ်
  • ကြက်သွန်နီ – ၁လုံး (အ၀ိုင်းပါးပါးလှီးပါ)
  • ဘီယာ – ၂ခွက်
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • Mustard – တွဲဖက်စားရန်

ကင်နည်း

၁။ အရင်ဆုံး ၀က်အူချောင်းများကို ပင်(သို့)အပ်ဖြင့် အပေါက်လေးများ ဖြစ်အောင် ပုံတွင် ပြထားသည့်အတိုင်း အပ်ဖြင့်ထိုးပေးပါ။

၂။ ပြီနောက် ဒယ်အိုးထဲ ကြက်သွန်နီ၊ ဘီယာ(၂ခွက်)၊ ရေ(ခွက် ၄ပုံ၃ပုံ)၊ ၀က်အူချောင်းများ ထည့်ပေးပြီ မီးအတင့်ဖြင့် ၄-၅မိနစ်ခန့် တည်ထားပါ။

၃။ ထို့နောက် ၀က်အူချောင်းများကို ပြန်ဆယ်ပြီ ကင်ရန် မီးသွေး မီးကင်ပြား(သို့) ဂစ်မီးကင်ပြား ကို ဆီသုပ်ထားပါ။

၎။ ၀က်အူချောင်းများကို မီးကင်ပြားပေါ်တင်ပြီ တဖက်ကို ၆မိနစ်နှုန်းဖြင့် ၁၂မိနစ်ခန့် ကင်ပေးပါ။ ကင်နေစဉ် ဆီများ သုပ်ပေးပါ။

၅။ ပန်းကန်ထဲတွင် ၀က်အူချောင်းကင်၊ ကြက်သွန်ဖြူ ပါမုန့်ကင်၊ ကြက်သွန်နီကင်၊ ငရုတ်သီးပွကင် တို့ကို ပြင်ဆင်ပေးပါ။

၆။ ၀က်အူချောင်းကင်ပေါ်မှ Mustard ဖြူးပေးပြီ အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…

Garlic Breadတွင် ပါဝင်ပစ္စည်းများ

  • ပြင်သစ်ပါမုန့် – ၁ခု (၁၂လက်မ ရှည်)
  • Salted ထောပတ် – စားပွဲတင်ဇွန်း ၁၂ဇွန်း
  • ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
  • တရုတ်နံနံပင် – စည်းဝက် (နှုတ်နှုတ်စဉ်းပါ)
  • ချိစ် – စားပွဲတင်ဇွန်း ၄ဇွန်းစာ (ခြစ်တံဖြင့် ခြစ်ထားပါ)
  • င၇ုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

Garlic Bread ကင်နည်း

၁။ အရင်ဆုံး ပါမုန့်ကို အစောင်းလှီးပေးပါ။

၂။ ပြီနောက် ခွက်တစ်ခုထဲ (ထောပတ်၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ချိစ်၊ ငရုတ်ကောင်းမှုန့်) အားလုံးကို သမအောင် ရောမွှေလိုက်ပါ။

၃။ ပြီလျှင် ကြက်သွန်ဖြူထောပတ်များကို ပါမုန့်ပေါ်သို့ သုပ်လိမ်းပေးပါ။

၎။ ထို့နောက် မီးကင်ပြားဖြင့် တဖက်ကို ၂မိစန်နှုန်းဖြင့် ပါမုန့် အညှိရောင်းသန်းလာသည်အထိ ကင်ပေးပါ။

၅။ အနံ့မွှေးပြီ အရသာကောင်းမွန်တဲ့ Garlic bread ကို ရရှိပါပြီ…

————————————————————————————————–

12 comments

  1. Ma Phoo Phoo says:

    Mustard ရဲ့အရသာကခါးသက်သက်ရှိပါသလား ညီမ။

    • admin says:

      ဟုတ်။ နည်းနည်း ခါးသက်သက် အရသာတော့ရှိပါတယ်။ ဒါပေမယ့် ၀က်အူချောင်းကင်နဲ့တော့ လိုက်ဖက်ပါတယ်..

  2. minthaw says:

    ဘီယာနဲ့ဆို မိုက်မယ်ဗျ

  3. thuthu says:

    အဲဒါ ၀က်အူချောင်းတွေ ဘယ်မှာ ၀ယ်လို့ရမလဲ မမ

  4. prettygirl says:

    Love it 🙂

  5. Eicho says:

    ဘီယာနဲ့ ၀က်အူချောင်းပြုတ်တော့ မခါးသွားဘူးလားဟင်။ ပြန်ပြောပေးပါအုန်း၊ ကင်ကြည့်ချင်လိုပါ..

    • admin says:

      မခါးပါဘူး။ ကင်ကြည့်ပါနော်၊ အရမ်းစားလို့ကောင်းပါတယ်.. 🙂

  6. cooking lover says:

    I so appreciate yr post.

  7. zin says:

    ပြင်သစ်ပေါင်မုန့်ကရန်ကုန် ဘယ်မှာဝယ်လို့ရနိုင်ပါလဲ
    ထောပတ်အငံက တံဆိပ် နဲ့ မေးဝယ်ရမလဲသိချင်လို့ပါ

Leave a Reply

Your email address will not be published. Required fields are marked *