ဝက်နံရိုးကင်

ဝက်နံရိုးကင်

အနောက်တိုင်းစတိုင် ၀က်နံရိုးကင်ပါ။ လီမွန်ရည်၊ အမွှေးအကြိုင်တွေနဲ့ ရောပြီ ကင်ထားမို့ အရသာရော အနံ့ပါ အရမ်းကောင်းမွန်ပါတယ်။ ခုပဲ တူတူကင်ကြည့်ရောအင်..

ပါဝင်ပစ္စည်းများ

  • ၀က်နံရိုး – ၈၀၀ ဂရမ် (၀က်နံရိုးနု သုံးလျှင် ပိုမိုကောင်းမွန်သည်)
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
  • လီမွန်ရည် – စားပွဲတင်ဇွန်း ၂ဇွန်း

  • နှမ်း – အနည်းငယ် (ဖြူးရန်)
  • ကြက်သွန်မြိတ် – အနည်းငယ် (ပါးပါးလှီးထားပါ)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
  • rosemary – လက်ဖက်ရည်ဇွန်း ၁ဇွန်း (အနောက်တိုင်း ဟင်းခတ်အမွှေးအကြိုင်)
  • thyme – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • oregano – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ပင်စိမ်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းပါ)
  • စမုန်စပါးစေ့ (Fennel seeds)- လက်ဖက်ရည်ဇွန်း တ၀က် (ခပ်ညက်ညက်ထောင်းပါ)
  • နံနံစေ့မှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

(အနောက်တိုင်း ဟင်းခတ်အမွှေးအကြိုင် rosemary၊ thyme၊ oregano နှင့် စမုန်စပါးစေ့ ကို Market place city mart တွင် ၀ယ်ယူနိုင်ပါသည်)

ကင်နည်း

၁။ အရင်ဆုံး ခွက်တစ်ခုထဲတွင်(ဆား၊ ငရုတ်ကောင်းမှုန့်၊ thyme၊ oregano၊ rosemary၊ နံနံစေ့မှုန့်၊ ပင်စိမ်း၊ စမုန်စပါးမှုန့်)တို့ကို ရောနုယ်ထားပါ။

၂။ အရင်ဆုံး ၀က်နံရိုးများကို ၁လက်မခွဲအရွယ်များ ပိုင်းဖြတ်ထားပါ။

၃။ ပြီနောက် သံတံစို့ဖြင့် ၀က်နံရိုးများကို သီပေးပြီ အပေါ်မှ သံလွင်ဆီနှင့် လီမ္မောရည်များ သုပ်လိမ်ပေးပါ။

၎။ ပြီလျှင် အပေါ်မှ ရောနုယ်ထားသော ဟင်းခတ်အမွှေးအကြိုင်များကို ၀က်နံရိုးပေါ်သို့ ဖြူးပေးပါ။

၅။ ထို့နောက် ကင်ရန် မီးကင်ပြားကို ဆီသုပ်ပေးထားပါ။

၆။ ၀က်နံရိုး တဖက်ကို မိနစ် ၂၅မိနစ်နှုန်းဖြင့် ၅၀မိနစ်ခန့် ၀က်နံရိုးကျက်သည်အထိ ကင်ပေးပါ။

ရ။ အရသာရှိသော ၀က်နံရိုးကင်ပေါ်မှ ကြက်သွန်မြိတ်၊ နှမ်း ဖြူးပြီ သုံးဆောင်လို့ရပါပြီ။

————————————————————————————————————

9 comments

  1. Someone says:

    ကျေးဇူးတင်ပါတယ်အမ လုပ်စားကြည့်လိုက်ဦးမယ်

  2. Yu Lay says:

    အစ်မရေ ၀က်နံရိုး အရမ်းကြိုက်တယ်။ လုပ်စားကြည့်မယ်

  3. Ma Win Thandar says:

    Thank nyi ma 🙂

  4. ခိုင်လေးဝါ says:

    ချက်နည်း ပေးလို့ ကျေးဇူးပါ။ အမြဲ အားပေးနေပါ့မယ် 🙂

  5. khin Ohn Mar says:

    ညီမ လေး ၀တ် ရည်,
    မီးကင်ပြား ဆိုတာ Alluminium bag ကိုပြောတာလား?
    သူ့ကို ဇကာပေါ်မှာတင်ပြီ အဲဒီအပေါ်မှာ နံရိုးကိုတင်ပြီးကင်ရမှာလား?

    thanks in advance

Leave a Reply

Your email address will not be published. Required fields are marked *