အနောက်တိုင်းစတိုင် အားလူးကက်တလိပ်ကြော်

အနောက်တိုင်းစတိုင် အားလူးကက်တလိပ်ကြော်


အနောက်တိုင်း မှာတော့ Coquette potato လို့ခေါ်ပါတယ်။ အနောက်တိုင်း စတိုင်အားလူး ကက်တလိပ်ကြော်ရဲ့ ထူးခြားမူက ထောပတ်နံလေးမွှေးနေပြီး အရသာသည် အလွန်ကြွပ်ရွ စားလို့လည်း အလွန်ကောင်းပါသည်။

ပါဝင်သောပစ္စ္စည်းများ

၁။ အာလူး – ၃၀ကျပ်သား

၂။ ထောပတ် – စားပွဲတင်ဇွန်း ၂ဇွန်း

၃။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း

၎။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၅။ ပါမုန့်ခြောက် (breadcrumb)

၆။ ဂျုံမှုန့်

၇။ ကြက်ဥ – ၁လုံး (ခလောက်ပေးပါ)

ချက်ပြုတ်နည်း

၁။ အားလူး အားလုံးကို နူးအိအောင် ၁၀မိနစ်ခန့် ပြုတ်ပေးပါ။

၂။ ပြီးလျှင် အားလူးကို အခွံနွာပြီး ခြစ်တံဖြင့် ခြစ်ပြီး အားလူးများကို ခြေပေးပါ။

၃။ ထို့နောက် ထောပတ်၊ ဆား၊ ငရုတ်ကောင်းမှုန့် များကို အားလူးထဲထည့် ရောနုယ်ပေးပါ။

၎။ အားလူးများကို အလုံးငယ်လေးများ လုံးပေးပါ။

၅။ ပြီးလျှင် ပန်းကန်ပြားတစ်ခုထဲ ဂျုံမှုန့်များထည့်ပြီး အားလူးလုံးများကို ဂျုံကပ်ပေးပါ။

၆။ ပြီးနောက် ခလောက်ထားသော ကြက်ဥခွက်ထဲ အားလူးလုံးများကို နှစ်စိမ်ပေးပြီး ပါမုန့်ခြောက် (breadcrumb) ထည့်ထားသော ပန်းကန်ပြားထဲထည့် ပါမုန့်ခြောက်များ ကပ်ပေးပါ။

ရ။ ဒယ်ထဲ ဆီများများထည့်၍ အားလူးလုံးများကို မီးနည်းနည်းဖြင့် အညှိရောင်သန်းလာ သည်အထိ ကြော်ပေးပါ။ အားလူးကက်တလစ်ကြော်ကို မရိုနိစ်ဖြင့် တွဲဖက်၍ စားသုံးနိုင်ပါပြီး။

42 comments

  1. Hmone Gyi says:

    wow it look yummy…thx for posting 😉 i will really try tonight…i tired before but didn’t success 😛

  2. Fatty says:

    Taste so nice! Better than traditional အာလူးကပ်တလိပ်! Perfect match with mayonnaise 😉

  3. Fatty says:

    သိဆို ဒီပုံထဲက ဟင်းကို စားထားတာကိုး 😀

  4. Julio says:

    Not Bad though

    A croquette is a small fried food roll containing usually as main ingredients mashed potatoes, and/or minced meat (veal, beef, chicken, or turkey), shellfish, fish, vegetables, and soaked white bread, egg, onion, spices and herbs, wine, milk, or any of the combination thereof, sometimes with a filling, often encased in breadcrumbs.

    The croquette is usually shaped into a cylinder or disk, and then deep-fried. The croquette (from the French croquer, “to crunch”) was a French invention that gained worldwide popularity, both as a delicacy and as a fast food.

  5. ခင်ယမုံ says:

    လုပ်စားမယ်ညီမလေးရေ..
    ခရစ်စမတ်နဲ့ New Year မှာလုပ်စားဖို့ ဟင်းအမယ်တွေများလာပြီ..
    ကောင်းလိုက်တာ..ညီမလေးကိုကျေးဇူးနော်..
    ညီမလေးနည်းအတိုင်းလုပ်စားတာလေးတွေကိုလည်း ပြန်ကျွေးချင်လိုက်တာ..
    နီးသာနီးရင် ပြေးခေါ်လိုက်တယ်..
    🙂

    • chowutyee says:

      မခင်ယမုံကိုလည်း ၀တ်ရည်က ကျေးဇူးတင်ပါတယ်။ အမြဲအားပေးလို့။ နောက်ထပ် ကင်နည်းလေးတွေ ထပ်တင်ပေးအုန်းမယ်။ ကျွေးချင်တယ် ဆိုတဲ့ စေတနာနဲ့တင် ၀တ်ရည် တကယ် ဗိုက်ပြည့်သွားပြီ။ ကျေးဇူးပါနော်.. 🙂

  6. မဖြိုး says:

    မရိုနိစ်လုပ်နည်းလေးသိရင်ပြောပြပါလား

    • chowutyee says:

      တခါတလေတော့ ၀တ်ရည်လည်း အိမ်မှာပဲ ကိုယ်တိုင် မရိုနိစ် လုပ်စားဖြစ်တယ်။ ဒါပေမယ့် အလွယ်တကူတော့ ၀ယ်ပဲ စားလိုက်တယ်။
      မရိုနိစ် လုပ်နည်း
      – အရင်ဆုံး ကြက်ဥအနှစ်တစ်လုံးကို ခလောက်ထားပါ။
      – ပြီလျှင် French Mustard (လက်ဖက်ရည်ဇွန်း တ၀က်)ခန့် ထည့်ပြီ ကြက်ဥနှင့် ရောမွှေလိုက်ပါ။
      – ထို့နောက် သံလွင်ဆီ နည်းနည်းချင်း ထည့်သည်နှင့် တပြိုင်နက် တဖက်လက်ဖြင့် ကြက်ဥခွက်ကို နာနာလေး ခလောက်ပေးပါ။
      – ဆီများလာလျှင် တဖြည်းဖြည်း မရိုနစ် ဖြူလာလျှင် ကိုယ်ကြိုက်နှစ်သက်သလို ဆား၊ သကြားထည့်ပြီ သုံးဆောင်နိုင်ပါပြီ…

  7. Yan Naung says:

    With Potato powder can do ?

  8. yoe lay says:

    မ၀တ်ရည်ရေ… အာလူးကတ်တလိတ်လုပ်စားကြည့်တာ အရမ်းစားကောင်းပါတယ်.. တစ်ခုပဲ ကိုယ်လုပ်စားတာပဲစနစ်မကျတာပဲလားမသိဘူး.. ကြော်ပီးခါစပဲကျွတ်တယ်.. တအောင့်နေရင် ပျော့သွားရော.. ဘာကြောင့်လဲမသိဘူးနော်..

    • admin says:

      ဟုတ်။ ကြော်ပြီပြီခြင်းတော့ ပျော့မသွားပါဘူး။ ဒါပေမယ့် နည်းနည်းကြာရင်တော့ နည်းနည်းတော့ ပျော့သွားတယ်.. 🙂

  9. Bera says:

    Ma Wutyee, i have already know about how to make coquette potato so i have up-heated. Thank you so much and good wealthy and healthy.

  10. heinminsoe says:

    တစ်ရက်လောက် ချက်ကျွေးစေချင်တယ်
    ဖြစ်နိုင်ရင်ပေါ့

  11. December May says:

    Hi ama,
    Do u know how to cook american fried rice?If u know,pls share the knowledge.
    Thanks

  12. zarzarwint says:

    မ၀တ်ရည်ရဲ့ website အရမ်းကြိုက်ပါတယ်၊ အမြဲဝင်ကြည့်ဖြစ်ပါတယ်၊ အခုမှ comment ရေးဖြစ်တာပါ။ အခုလို ချက်ပြုတ်နည်းတွေကို တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျမတို့လို အချက်အပြုတ် ၀ါသနာပါတဲ့သူတွေအတွက် အရမ်းကိုအသုံးဝင်လို့ပါ။

  13. khinpannuwaioo says:

    ama where can i get ပါမုန့်ခြောက်in ygn ? thk u

  14. […] အားလူးကက်တလိပ်ကြော် […]

  15. Tin Zar says:

    အခုပဲလုပ်စားကြည့်မလို့ မြန်မာဆို ကြက်သားထည့်တယ်နော်

    • admin says:

      ဟုတ်ကဲ့။ မြန်မာ စတိုင်က ကြက်သား၊ ကြက်သွန်နီကို အစားသွပ်ပါတယ်

  16. chaiwilliam says:

    let me read your web page sis .i like your cooking.thanks for sharing

  17. jasmine says:

    ပေါင်မုန့် ခြောက် က ဘယ်မှာဝယ်ရမှာလဲ

  18. Thidar says:

    အမ​ရေလုပ်​စားကြည့်​တာ​တော်​​တော်​​ကောင်းပါတယ်​။ကျေးဇူးပါအမ

  19. cheerry says:

    ဒါလည်း ကလေးတွေအရမ်းကြိုက်မှာ သေချာတယ် ညီမရေ…ညီမလေးကြောင့် ခုတလော အိမ်မှာ နာမည်ကောင်းတွေရနေလို့ ကျေးဇူးနော်…

  20. si han says:

    စာချင်စရာလေးအာလူးကြိုက်တယ်လုပ်စားအုံးမယ်ကျေးဇူးပါ

  21. Lin Htut says:

    မဝတ်ရည်ရေလုပ်စာကြည့်တာ တကယ်ကိုကောင်းပါတယ်။ဒါပေမယ့် ကြော်တဲ့အခါမှာတော့ ပေါက်ထွက်ကုန်တယ်။ဘယ်လိုကြော် ရမလဲ။

    • admin says:

      ဟုတ်ကဲ့ bro.. အာလူးကတ်တလိတ်ကို ပါမုန့်ခြောက်ကပ်ပြီ မကြော်ခင် လက်နဲ့ အထဲသို့ အနည်းငယ် ဖိသိပ်ပေးပါ။ အဲဒါဆိုရင် ကြော်တဲ့အခါလည်း ပိုပြီ ကြွပ်ရွပြီ မပေါက်ထွက်တော့ပဲ စားလို့ ပိုကောင်းပါတယ်.. 🙂

Leave a Reply

Your email address will not be published. Required fields are marked *