မှို ခရင်(မ်) ဟင်းချို (Mushroom Cream Soup)

မှို ခရင်(မ်) ဟင်းချို (Mushroom Cream Soup)

Mushroom_Cream_Soup3

အနောက်တိုင်းစတိုင် မှို ခရင်(မ်) ဟင်းချို ပါ။ အရသာစိမ့်စိမ့်လေးနဲ့ အရမ်းစားလို့ ကောင်းပါတယ်။ ချက်ရတာလည်း လွယ်တာမို့ ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်များ

  • ကောက်ရိုး မှို – ၂၀ ကျပ်သား (ပါးပါးလှီးထားပါ)
  • Shimeji မှို – ၅ခု (ရေဖြင့် နူအောင် ပြုတ်ပြီ ရေပြန်စစ်ကာ ပါးပါးလှီထားပါ)
  • ထောပတ် (သို့) သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

  • ခရင်(မ်) – ၁၀၀ မီလီလီတာ (cooking cream ကို Supermarket တွင် မေးဝယ်နိုင်သည်)
  • ဂျုံမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ရေ(သို့) ကြက်ပြုတ်ရည် – ၁ခွက် (Measurement ချိန်ခွက်)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • တရုတ်နံနံပင် – စားပွဲတင်ဇွန်း ၁ဇွန်းစာ (ပါးပါးလှီးပါ)
  • ငရုတ်ကောင်းမှုန့် – အနည်းငယ် (ဖြူးရန်)
  • Thyme – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ (အနောက်တိုင်း ဟင်းခတ်အမွှေးအကြိုင် Supermarket တွင် ၀ယ်ယူနိုင်သည်)

Mushroom_Cream_Soup

ချက်ပြုတ်နည်း

၁။ ဒယ်အိုးထဲ ထောပတ်(သို့) သံလွင်ဆီ ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပြီ ဂျုံမှုန့်များ ထည့်ြ့ပီ roux ရအောင် ၁မိနစ်ခန့် အဆက်မပြတ် ရောမွှေပေးပါ။

Mushroom_Cream_Soup1

၂။ ပြီမှ ကောက်ရိုးမှို နှင့် Shimeji မှို တို့ကို ထည့်ပေးပြီ ဆား၊ ကြက်သားမှုန့် ထည့်ပါ။

၃။ ထို့နောက် ကြက်ပြုတ်ရည်(သို့) ရေ ထည့်ပြီ ဆူအောင် တည်ထားပါ။

၎။ ဆူလာလျှင် ခရင်မ်ထည့်ကာ သမအောင်ရောမွှေကာ ဟင်းချို နည်းနည်းပျစ်သွားအောင် ထပ်တည်ပါ။

၅။ အရသာ အနေတော်လျှင် အပေါ်မှ Thyme၊ ငရုတ်ကောင်းမှုန့် နှင့် တရုတ်နံနံများ ဖြူးပေးပြီ မီးပိတ်လိုက်ပါ။

Mushroom_Cream_Soup2

၆။ မှို ခရင်(မ်) ဟင်းချိုကို အရသာရှိစွာဖြင့် သုံးဆောင်နိုင်ပါပြီ…

Mushroom_Cream_Soup3

7 comments

  1. Khin Khin Thwin says:

    Very delicious. Thank you for sharing.

  2. san tun says:

    မစားရသေးဘူး၊ တော်တော်ကောင်းမယ်ပုံပဲ။

  3. မေမြတ်သူ says:

    လုပ်စားကြည့်မယ်နော်..

  4. Antonia says:

    Sis, Thyme တို့  Oregano တို့ က မန်းတလေး City Mart မှာတော့မတွေ့ ဘူး Ocean မှာလည်းမတွေ့ ဘူး ဖြစ်နေတယ် အကြံပေးပါဦး

Leave a Reply

Your email address will not be published. Required fields are marked *