ဝက်သား နှင့် ခရုဆီကြော်

ဝက်သား နှင့် ခရုဆီကြော်

Pork_Oyster7

တရုတ်စတိုင် ၀က်သားနဲ့ ခရုဆီ ကြော်ပါ။ အချိန်တိုအတွင်းမှာပဲ အလွယ်တကူ ချက်စားနိုင်ပါတယ်။ ခုပဲ တူတူ ချက်ရအောင်…

ပါဝင်သောပစ္စည်းများ

  • ၀က်သား – ၂၀ကျပ်သား (အစောင်း ပါးပါးလှီးပါ)
  • ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • ငရုတ်သီးပွစိမ်း – အကြီး ၁ခု (အစေ့ထုတ်ပြီ ၄စိပ်စိပ်ပါ)

  • မုန်လာဥနီ – အကြီး ၁ခု (အစောင်း ပါးပါးလှီးပါ (သို့) သစ်ရွက်ပုံဖော်ပြီ ပါးပါးလှီးထည့်ပါ)
  • ကြက်သွန်နီ – ၂လုံး (၄စိပ်စိပ်ပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • နှမ်းဆီ – စားပွဲတင်ဇွန်း တ၀က်
  • ကော်မှုန့် – စားပွဲတင်ဇွန်း တ၀က် (ရေအနည်းငယ် ရောဖျော်ထားပါ)
  • ကြက်သွန်မြိတ် – တပင် (အရှည်လှီးပါ)

Pork_Oyster4

ပြင်ဆင်နည်း

၁။ အရင်ဆုံး ၀က်သားကို ဆား(လက်ဖက်ရည်ဇွန်း တ၀က်) ဖြင့် ရောနုယ်ပြီ ဂျုံမှုန့်များ ကပ်ပေးပါ။

Pork_Oyster2

၂။ ပြီနောက် ဒယ်ထဲ ဆီများများ ထည့်ပြီ ဆီပူလာလျှင် ၀က်သားများကို အညှိရောင်သန်းအထိ ကြော်ပေးပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ။

Pork_Oyster3

ချက်ပြုတ်နည်း

၁။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)ထည့်ပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။

Pork_Oyster5

၂။ ပြီမှ ကြက်သွန်နီထည့်ပြီ မုန်လာဥနီ၊ ငရုတ်သီးပွ(အစိမ်း) ထည့်ကြော်ပေးပါ။

၃။ ဒယ်ထဲ ရေ(ခွက် ၄ပုံ၁ပုံ)၊ ဆား၊ ကြက်သားမှုန့်၊ ခရုဆီ ထည့်ပြီ ရောမွှေပါ။

၎။ ပြီနောက် ကြော်ထားသော ၀က်သားထည့်ပြီ နှမ်းဆီ ဖြူးပေးပါ။

၅။ ရေအနည်းငယ်ကျန်လျှင် ကြက်သွန်မြိတ် ထည့်ပေးပြီ၊ ကော်မှုန့်ကို ရေအနည်းငယ်ဖြင့် ဖျော်၍ ထည့်ပေးပါ။

Pork_Oyster6

၆။ အရသာရှိသော ၀က်သား နှင့် ခရုဆီကြော်ကို သုံးဆောင်လို့ရပါပြီ..

Pork_Oyster7

16 comments

  1. Chit Phue says:

    မ၀တ်ရည်ရေ… အခုလို အီတတ်တဲ့ ၀က်သားဟင်းမျိုးတွေ… တခြားအီတတ်တဲ့ ဟင်းအချိုမျိုးတွေနဲ့ တွဲစားဖို့အတွက်… အချဉ်ရည်ဖော်စပ်နည်းလေးပါ အချိန်ရရင် တင်ပေးပါနော်…
    တချို့ စားသောက်ဆိုင်တွေမှာ ရတဲ့ဟာမျိုးလေးတွေပါ…
    ဥပမာ- သခွားသီးချဉ်… မုန်လာဥ ပိုးတီချဉ်…. ဂေါ်ဖီထုပ်နဲ့ လုပ်ထားတဲ့အချဉ်မျိုးလေးတွေ…
    အပန်းမကြီးရင် တင်ပေးပါဦးနော်…
    နေ့တိုင်း မ၀တ်ရည်ကိုပဲ အားကိုးပြီး တမျိုးပြီး တမျိုး ချက်စားနေရတာပါရှင်…

    • admin says:

      သခွာသီး ဆော့အတွက် ပါဝင်ပစ္စည်းများ
      ၁။ သခွာသီး – တ၀က် (ပါးပါးအရှည်လှီးပါ)
      ၂။ ကြက်သွန်မြိတ် – ၁ခု (ပါးပါးလှီးပါ) (ပါးပါးလှီးပါ)
      ၃။ ငရုတ်သီးတောင့်ပွ(အရှည်) – ၁ခု(ပါးပါးအ၀ိုင်းလှီးပါ)
      ၄။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
      ၅။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်
      ၆။ ဗီနီဂါ – စားပွဲတင်ဇွန်း ၁ဇွန်း
      ရ။ ရေနွေး – စားပွဲတင်ဇွန်း ၂ဇွန်း

      ပြုလုပ်နည်း
      ၁။ ဆော့အတွက် ပါဝင်ပစ္စည်းများဖြစ်သော (ဆား၊ သကြား၊ ဗီနီဂါ၊ ရေနွေး)တို့ကို ခွက်တစ်ခုထဲ ရောမွှေလိုက်ပါ။
      ၂။ ပြီမှ သခွာသီး၊ ငရုတ်ပွတောင့်၊ ကြက်သွန်မြိတ်ထည့်ထားသော ခွက်ထဲသို့ လောင်းထည့်ခြင်းဖြင့် ဆော့ရရှိပါပြီ။

  2. Chit Phue says:

    ဒီနေ့တော့ ၀က်သားရော မုန်လာဥနီရော… အိမ်မှာ ရှိတယ်ဆိုတော့ အဆင်သင့်ပဲ… အစ်မ၀တ်ရည်ရေ…

  3. Su Wai says:

    Dear Ma,
    I would like to know the meanings of the recipe of GREEN BEAN SOUP (http://www.noobcook.com/green-bean-soup/2/).Could you tell me pls, thanks.

    such as :pandan (screw pine)
    : ginkgo nuts
    : orange peel,,,,,,

    Regards,
    SuWai

    • admin says:

      Ginkgo nuts မြန်မာလို နှစ်တရာပဲလို့ ခေါ်ပါတယ်။ သံဈေးမှာ ရောင်းပါတယ်။ တခါတလေ City Mart မှာ တရုတ်နှစ်ကူးနီးရင် ရောင်းပါတယ်..
      Orange peel ဆိုတာ လိမ္မော်ခွံအခြောက်ကို ပြောတာပါ။ တချို့လည်း ဟင်းအနံ့မွှေးအောင် ထည့်ချက်ပါတယ်…
      Pandan က ဆူးမွှေးအရွက်ကို ပြောတာပါ။ သံဈေးမှာ ၀ယ်လို့ရပါတယ်..

  4. မေမြတ်သူ says:

    အရမ်းကြိုက်တယ်။ လုပ်စားကြည့်မယ်နော်..

  5. ninihan says:

    ကြက်သားနဲ့လုပ်စားကြည့်မယ် ၀က်သားမစားလို့

  6. Phyo says:

    မမ၀တ်ရည် ခုလိုဟင်းချက်နည်းတွေ တင်ပေးတာ ကျေးဇူးတင်ပါတယ်….

  7. Aung Win says:

    Thank you very much for your postings.
    Cooking methods you posted are very nice.

Leave a Reply

Your email address will not be published. Required fields are marked *