ရွှေညောင်ပင် ကြက်သားသုပ်

ရွှေညောင်ပင် ကြက်သားသုပ်

Chicken_Indian_Salad8

ရွှေညောင်ပင် ကြက်သားသုပ်လို ချဉ်စပ် ကြက်သားသုပ်လေးပါ။ ရွှေညောင်ပင် ကြက်သားသုပ်မှာ အရိုးသုပ်၊ ကြက်ရေပြားသုပ်၊ အစုံသုပ်၊ အသားသုပ်ဆိုပြီ ရှိပါတယ်။ ခု ၀တ်ရည် လုပ်ထားတာက အစုံသုပ်လေးပါ။ လုပ်ရလည်း လွယ်တာမို့ တူတူ လုပ်စားကြည့်ရအောင်..

ပါဝင်ပစ္စည်းများ

  • ကြက်ရိုး၊ ကြက်တောင်ပံ၊ ကြက်ပေါင် – ၅၀ကျပ်သား (အသဲအမြစ်အစုံ ထည့်လိုက ထည့်နိုင်သည်)
  • ပဲမှုန့် (အစိမ်းမှုန့်)- ၃၅ ဂရမ် (ရေ ၂၀၀မီလီလီတာဖြင့် ရောဖျော်ထားပါ)
  • အုန်းနို့နှစ် – ၁ဘူး (၁၆၀ မီလီလီတာ)

  • ဂေါ်ဖီထုပ် – ၁စိပ် (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ – ၅လုံး (ပါးပါးလှီးထားပါ)
  • ငရုတ်သီးစိမ်း – ၆တောင့် (ပါးပါးလှီးထားပါ)
  • ငရုတ်သီး အစိမ်းမှုန့် – ကြိုက်သလောက်
  • သံပရာသီး – ၃လုံး (အ၀ိုင်းလှီးထားပါ)
  • ရှောက်ရွက် – ၃ရွက် (ပါးပါးလှီးပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ငါးငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ဇွန်း

Chicken_Indian_Salad3

ကြက်သားကို နုယ်ရန် ပါဝင်ပစ္စည်းများ

  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆနွင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • မဆလာ – လက်ဖက်ရည်ဇွန်း တ၀က်
  • ကလဝေရွက် – ၁ရွက်

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ကြက်ရိုး၊ ကြက်ပေါင်၊ ကြက်တောင်ပံ များကို နုယ်ထားရန် ပါဝင်ပစ္စည်းများဖြစ်သော (ဆား၊ ဆနွင်း၊ မဆလာ၊ ကလဝေရွက်) တို့ဖြင့် သမအောင် ရောမွှေလိုက်ပါ။

၂။ ပြီလျှင် ဒယ်အိုးထဲ ရေ ၅ခွက်(၁လီတာ) ကြက်သားမြုပ်ရုံ ရေထည့်ပြီ ကြက်သား နူသည်အထိ ပြုတ်ထားပေးပါ။

Chicken_Indian_Salad1

၃။ ပြီနောက် ကြက်သားများကို အတုံးသေးများ တုံးထားပေးပြီ ကြက်ပြုတ်ရည်ကို သက်သက်ဖယ်ထားပါ။

Chicken_Indian_Salad2

၎။ ထို့နောက် ကြက်ပြုတ်ရည် အိုးထဲ ရေနွေး(၃ခွက်(၆၀၀ မီလီလီတာ)) ဆူအောင် ပြန်တည်ထားပါ။

၅။ ဆူလာလျှင် ဖျော်ထားသော ပဲမှုန့်အရည်ကို လောင်းထည့်ပြီ မီးနည်းနည်းဖြင့် တည်ထားပါ။

Chicken_Indian_Salad4

၆။ ပြီနောက် အုန်းနို့နှစ်ထည့်၊ ဆား(လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ သကြား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ငါးငံပြာရည်(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ ၁မိနစ်ခန့် တည်ထားပေးပါ။

ရ။ အရသာကို အနေတော်လျှင် မီးပိတ်လိုက်ပါ။ (အရသာ ခပ်လေးလေးချပါ၊ ဒါမှ ကြက်သားသုပ်ထည့်လျှင် အနေတော်သည်)

Chicken_Indian_Salad5

၈။ ထို့နောက် ပန်းကန်ထဲ ကြက်ရိုး၊ ကြက်သား၊ ကြက်အသဲအမြစ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ရှောက်ရွက်၊ ငရုတ်သီး အစိမ်းမှုန့် တို့ကို ထည့်ပါ။

Chicken_Indian_Salad6

၉။ ပြီမှ အပေါ်က ပဲပြုရည်ကို လောင်းထည့်ပြီ သံပရာသီးညှစ်ထည့်ပြီ ချဉ်ငံ့စပ် ရွှေညောင်ပင် ကြက်သားသုပ်ကို သုံးဆောင်နိုင်ပါပြီ…

Chicken_Indian_Salad8

 

15 comments

  1. Sydney Su says:

    Yes,I try it.

  2. Seng says:

    look delicious I will try to make it.
    Thanks for the post Sis.

  3. aye says:

    စားကောင်းမဲ့ပုံလေးပဲလုပ်စားကြည့်အုံးမယ်

  4. Myat Yi says:

    ပဲမှုန့်က အကျက်မှုန့်လား၊ အစိမ်းမှုန့်လား ပြောပြပေးပါ..

  5. hmone gyi says:

    wow look very nice, i will try for sure…miss that one a lot

  6. yinminthwe says:

    ကျေးဇူးပဲအမရေ ကြိုက်တယ်လုပ်စားကြည့်မယ်

  7. Thawzin Hilal says:

    အုန်းထမင်းချက်နည်းလေးပြောပြပါလာ.. အရမ်းတော့မခက်ဘူးထင်တယ်

  8. ZAW MIN says:

    THANKS A LOT

  9. tinmyatmon says:

    i will try it.

  10. sinnsinn says:

    Sis, may i know where can i buy chicken organs in singapore?

  11. ko aung says:

    ကိုယ်တိုင်လုပ်စားချင်နေတာကြာပြီအခုမှပဲနည်းသိတော့တယ်ကျေးဇူးပဲမဝတ်ရည်ဒီထက်မကအောင်မြင်ပါစေ

  12. kyi zin htut says:

    အုန်းနို့ နှစ် က ဘယ် က ဝယ် ရ မှာလဲ
    ရိုး ရိုး အုန်း သီး နဲ့ ရော ရ လား sis

  13. Myay Hsu Mon says:

    ကျေးဇူးပါနော်

Leave a Reply

Your email address will not be published. Required fields are marked *