အညာ ထမင်းသုပ်

အညာ ထမင်းသုပ်

Rice_Salad_Prawn4

အညာစတိုင် ပဲမှုန့် များများနဲ့ ထမင်းအချိုသုပ်လေးပါ။ ထမင်းသုပ်ကို ပုဇွန်ထုပ်ကြော်လေးနဲ့ တွဲဖက် ထားပါတယ်။ လုပ်ရတာလည်း လွယ်ပြီ အရသာရှိတာမို့ ခုပဲ တူတူလုပ်ကြည့်ရအောင်…

ထမင်းသုပ်တွင် ပါဝင်ပစ္စည်းများ

  • ချက်ပြီသား ထမင်း – ၃ယောက်စာ
  • ကြက်သွန်နီကြော် – စားပွဲတင်ဇွန်း ၃ဇွန်း (ကြက်သွန်နီ ၂လုံး ပါးပါးလှီးပြီ ဆီဖြင့် ကြော်ပါ)

  • ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူကြော် – စားပွဲတင်ဇွန်း ၁ဇွန်း (ကြက်သွန်ဖြူ ၃မွှာ နှုတ်နှုတ်စဉ်းပြီ ဆီဖြင့် ကြော်ပါ)
  • ငရုတ်သီး ဆီချက် – စားပွဲတင်ဇွန်း ၂ဇွန်း (ငရုတ်သီး အေ၇ာင်တင်မှုန့်ကို ဆီပေးပါ)
  • ပဲမှုန့် (အကျက်မှုန့်) – စားပွဲတင်ဇွန်း ၂ဇွန်း အမောက်
  • မကျည်းရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ပုဇွန်ခြောက်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်သွန်နီ – ၁လုံး (ပါးပါးလှီးပါ)
  • မြေပဲ – စားပွဲတင်ဇွန်း ၂ဇွန်းခွဲ
  • နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

 

Rice_Salad_Prawn1

သုပ်နည်း

၁။ အရင်ဆုံး ဇလုံ တစ်ခုထဲတွင် ထမင်း(၃ယောက်စာ)ကို လက်ဖြင့် အသာဖွပြီ ထည့်ထားပါ။

Rice_Salad_Prawn2

၂။ ထို့နောက် ဇောက်ပန်းကန်ထဲ ထမင်းသုပ်တွင် ကျန်ပါဝင်ပစ္စည်းများဖြစ်သော (ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ပဲမှုန့်၊ ငရုတ်သီးဆီချက်၊ မကျည်းရည်၊ ပုဇွန်ခြောက်မှုန့်၊ နံနံပင်၊ မြေပဲ၊ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဆား၊ ကြက်သားမှုန့်) တို့ဖြင့် သမအောင် ရောနုယ်ပေးပါ။

Rice_Salad_Prawn3

၃။ အရသာ အနေတော်လျှင် ထမင်းသုပ် အပေါ်မှ ကြက်သွန်နီကြော်၊ ကြက်သွန်ဖြူ ဆီချက်၊ နံနံပင်တို့ကို ဖြူးပေးပါ။

၎။ အညာ ထမင်းသုပ်ကို ပုဇွန်ထုပ်ကြော်နှင့် အရသာရှိစွာ တွဲဖက်သုံးဆောင်နိုင်ပါပြီ…

Rice_Salad_Prawn4

ပုဇွန်ထုပ် ကြော်နည်း

၁။ ပုဇွန်ထုပ် ၄ကောင်ကို (ချေးထုတ်၊ အမြီချန်၊ ခေါင်းချန် အခွံခွာ) ပေးပြီ သန့်စင်ထားပါ။

၂။ ပြီလျှင် ပုဇွန်ထုပ်ကို ဆား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ)၊ ဆနွင်းမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ) တို့ဖြင့် သမအောင် ရောနုယ်ပါ။

၃။ ဒယ်ထဲ ဆီများများ ထည့်ပြီ ဆီပူလာလျှင် ပုဇွန်ထုပ်များ ရွှေညိုရောင်သန်းသည်အထိ ကြော်ပေးပါ။

၎။ အရသာရှိသော ပုဇွန်ထုပ်ကြော်များ ရရှိပါပြီ။

4 comments

  1. yinminthwe says:

    ကျေးဇူးပဲ ဒီတပတ်ပိတ်ရက်မှာလုပ်စားမယ်လေ

  2. natehtwe says:

    လုပ်စားမယ်နော် နွေရာသီမှာ ချက်စားလို့ကောင်းမဲ့ ဟင်းချက်နည်းများ တင်ပေးပါနော် ကျေးဇူးတင် လျက်ပါ

  3. thandamarlar says:

ွှွှဲု

  4. Ei Ei Aung says:

    လုပ်စားအုံးမှာ အိအမျိုးသားက ပုဂံညောင်ဦးသားလေ

Leave a Reply

Your email address will not be published. Required fields are marked *