ဘဲသားအချိုကြော်

ဘဲသားအချိုကြော်


ဘဲသားအချိုကြော်ကို ဒီနေ့ ညနေစာအဖြစ်လုပ်စားဖြစ်တာနဲ့ တင်လိုက်တာ… အိမ်သားတွေတော့ တော်တော်ကြိုက်ကြတယ်။ ပြင်ဆင်ထားတာ လေးကလည်း စားချင်စဖွယ်လေး၊ ငရုတ်ကောင်းနံလေးကလည်း မွှေးနေတာမို့ မစားသေးခင်ကပင် စားချင်နေမယ့် ဘဲသား အချိုကြော်ကို သုံးဆောင်သွားကြပါအုန်းနော်….

ပါဝင်သောပစ္စည်းများ

၁။ ဘဲ – ၃၀ကျပ်သား (တခြမ်း)

၂။ ငရုတ်ကောင်း – စားပွဲတင်ဇွန်း တ၀က် (ထောင်းပါ)

၃။ ပဲငံပြာရည် အကြည် – စားပွဲတင်ဇွန်း တ၀က်

၎။ ကော်မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၅။ ပျားရည် – စားပွဲတင်ဇွန်း ၁ဇွန်း

၆။ ပဲငံပြာရည် အနောက် – စားပွဲတင်ဇွန်း တ၀က်

၇။ ရေ – စားပွဲတင်ဇွန်း ၂ဇွန်း

၈။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၉။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၁၀။ သကြား – လက်ဖက်ရည်ဇွန်း တ၀က်

ချက်ပြုတ်နည်း

၁။ ဘဲရင်ဗုံသားကို ခွက်တစ်ခုထဲထည့်ပြီး ခရင်းဖြင့် အပျောက်လေးများဖြစ်အောင် ထိုးပါ။

၂။ ပြီးမှ ဘဲသားမှအပ ပါဝင်သော ပစ္စည်းအားလုံးကို(ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ ပျားရည်၊ ကော်မှုန့်၊ ရေ၊ ဆား၊ သကြား၊ ကြက်သားမှုန့်) အားလုံးကို ခွက်တခုထဲ ရောမွှေလိုက်ပါ။

၃။ ထို့နောက် ဘဲသားပေါ် လောင်းချကာ သမအောင် နုယ်ထားပြီး ၁နာရီခန့် ရေခဲသေတ္တာထဲတွင် နုပ်ထားပေးပါ။

၃။ ချက်ခါနီး ၁၅မိနစ် အလိုမှ ရေခဲသေတ္တာထဲမှ ပြန်ထုတ်ထားပေးပါ။

၎။ ဒယ်ထဲ ဆီများများထည့်၍ နုပ်ထားသော ဘဲသားကို အညှိရောင်သန်းလာသည်အထိ မီးနည်းနည်းဖြင့် ကြော်ပေးပါ။

၅။ ကြော်ပြီးလျှင် ဘဲရင်ဗုံသားကို စတီခွက်တစ်ခုထဲထည့်၍ ပေါင်းအိုးဖြင့် ၁၀မိနစ်ခန့်ပေါင်းပေးပါ။

၆။ ပြီးလျှင် ဘဲသားကို လှီးပြီး ပန်းကန်ပြားတွင် ပုံဖော်ထားပါ။  နုပ်ထားသော ဘဲသား အရည်များကို ပျစ်အောင် တည်ပြီး အပေါ်မှ ဖြူးပေးပါ။

ရ။ ပုံဖော်ရန် broccoliကို အတုံးလေးများတုံးပေးပါ။ ပြီးမှ ရေနွေးဖြင့် ၃မိနစ်ဖြင့် ပြုတ်ပေးပြီး ရေအေးပြန်စိမ်ထားပါ။

၈။ ပြီးလျှင် broccoliကို ဆား၊ သကြား အနည်းငယ်ဖြင့် ရောမွှေပေးပါ။

၉။ broccoli များကိုပုံတွင်ပါသည့်အတိုင်း ပန်းကန်ပြားထဲတွင် ပုံဖော်လိုက်ပါ။

၁၀။ အာလူးများကို နူးအောင် ပြုတ်ပြီ ဆား၊ ငရုတ်ကောင်းမှုန့်ဖြင့် သမအောင် နုယ်ထားပေးပါ။

၁၁။ အရသာအလွန်ကောင်းပြီး ငရုတ်ကောင်းနံမွှေးနေသည့် ဘဲသား အချိုကြော်ကို စားသုံးနိုင်ပါပြီး။

25 comments

  1. Hmone Gyi says:

    wow look very yummy yummy it look like roast duck 😀

    • chowutyee says:

      ဘဲကင်နဲ့တော့ ပုံကခပ်ဆင်ဆင်ပဲ.. ဒါပေမယ့် အရသာတော့မတူဘူး.. ဒီဟင်းက ချိုပြီး ငရုတ်ကောင်းနံ့လေးသင်းနေတာ…

  2. Trader Begger says:

    looks very dark

    • chowutyee says:

      ကိုကြီးကလည်း မီးပျက်နေတဲ့ကြားက မရရအောင် ရိုက်ထားတော့ ပုံက မှောင်တာပေါ့… တကယ်က ပိုလှပါတယ်.. 😉

  3. Fatty says:

    I want to eat! 😀

  4. Fatty says:

    yes ချက်ကျွေးပါအုံး 😀

  5. Elisha Yu Saing says:

    I will test it ! Looks yummy.

  6. TTSweet says:

    စားချင်စဖွယ်ပဲ။ ၀တ်ရည်နဲ့ တစ်အိမ်ထဲ အတူနေချင်လိုက်တာ။း)

  7. ခင်ယမုံ says:

    ညီမလေးရေ..
    ဒါလေးတင်ထားတာ မသိလိုက်ဘူး..
    ကြက်ကိုရောလုပ်စားလို့ရတယ်မှလား..ဘဲမရှိဘူးညီမလေးရယ်..
    အစ်မ အရမ်းကြိုက်တာ..
    အခုညီမလေးလုပ်ထားကိုအဝစားသွားပြီနော်..
    🙂

    • chowutyee says:

      မခင်ယမုံ၊ ဒီဘဲသားအချိုကြော်က အရမ်းစားကောင်းတယ်.. ကြက်နဲ့ဆိုရင် အရသာတူမယ် မထင်ဘူး.. ကျေးဇူးပါနော်

  8. yuki says:

    ဟဲဟဲ အကြိုက်ကိုတွေ့နေတာပဲ..လုပ်စားလိုက်ဦးမယ်..ပေါင်းအိုးဆိုတာ pressure cooker ကိုပြောတာလား ညီမလေး ရေ…

    • chowutyee says:

      မရေ ၀တ်ရည်ကတော့ ရိုးရိုး (ပေါက်စီ) တို့ဘာတို့ ပေါင်းအိုးနဲ့ပဲ ပေါင်းတာပါ… လုပ်စားကြည့်ပါနော် မ… Thanks 🙂

  9. […] February 14, 2012 ဘဲသားအချိုကြော် […]

  10. Mee says:

့honey မထည့်ပဲ ချက်လို့ေ၇ာရပါလား

    • admin says:

      ပျားရည်မထည့်ရင် အချိုအတွက် သကြားပိုထည့်ပြီ ချက်လို့ရပါတယ်။

  11. nang says:

    so nice.thanks

  12. Cho Cho Kyaw says:

    THANKFUL TO YOU ALL FOR THIS WEBSITE, GUYS!!!
    BE SUCCESSFUL FOREVER!!!
    🙂

  13. gumiho says:

    စားချင်တယ်..ပေါင်းအိုးမရှိဘူး…ဘယ်လိုလုပ်ရပါ့..:(

  14. Ma moe says:

    just want to know , regularly the duck is hard to cook right? I am trying to cook now, that’s why thinking it will be soft enough!!!

    • admin says:

      ဘဲသားဝယ်တဲ့ အခါ အရမ်းရင့်နေရင်တော့ ချက်ရတာ ကြာပါတယ် sis။ အသားရင့်နေရင် ပေါင်းတဲ့အခါ အသားနုအိသည်အထိ အချိန်ပိုကြာကြာ ပေါင်းပေးပါ..

Leave a Reply

Your email address will not be published. Required fields are marked *