လုပ်ရလွယ်ပြီး စားလို့ကောင်းတဲ့ Pancake
Pancake
Pancake သည် အနောက်တိုင်း အစားသောက်ဖြစ်ပါသည်။ အလွယ်တကူလုပ်စား နိုင်သည့်အပြင် မနက်စာ၊ အစာပြေ အနေနဲ့ အစားများကြပါသည်။ လုပ်ရလည်း လွယ်လို့ ၀တ်ရည်ကတော့ မနက်စာအဖြစ် အစားများတယ်။ အရသာက ချိုစိမ့်သည့် Pancake ကိုမြည်းစမ်းသွားကြပါအုန်းနော်..
ပါဝင်သောပစ္စည်းများ
၁။ ဂျုံ – ၁၅၀ဂရမ်
၂။ baking powder  – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၃။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
၎။ ကြက်ဥ – ၁လုံး
၅။ ဆား  – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၆။ ရေ – ၂၅၀ဂရမ်
ချက်ပြုတ်နည်း
၁။ ပါဝင်သောပစ္စည်းများ အားလုံးကို ရောလိုက်ပါ။ Pancake အရည်ကို ချောမွေသည်အထိ နာနာခလောက်ပေးပါ။ Pancake အရည်သည် မပျစ်မကျဲ အနေထားတွင်ရှိနေရမည်။
၂။ ပြီးလျှင် ဒယ်(non-stick pan) ဆီအနည်းငယ် သုတ်ပြီး Pancake အရည်(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပေးပြီး အညှိရောင်သန်းလာလျှင် တစ်ဖက်ကို ပြန်လှန်ပေးပါ။
၃။ အသင့်စားနိုင်သော Pancake ချိုစိမ့်စိမ့်လေးကို ရရှိပါပြီး။
၎။ ထို့အပြင် Pancake အရည်ထဲသို့ ငပျောသီး (ပါးပါးလှီး) (သို့) ပန်းသီး (နှုတ်နှုတ်ဆင်း) (သို့) blueberries (နှုတ်နှုတ်ဆင်း) ပြီးထည့်ကြော်နိုင်ပါသည်။
11 comments
  1. Hmone Gyi says:
    wow wow wow … actually we fry pan cake at pan cake day at work but it didn’t look nice like urs…wow my twin is so so clever… i will try..
    • chowutyee says:
      ဟီးဟီး လုပ်စားကြည့် ပိုက်ဆံကုန်သက်သာပြီး လုပ်ရလည်း အရမ်းလွယ်တာ.. ငါဆို မနက်စာ အဲဒါပဲ စားစားနေတာ.. 🙂
    • Fatty says:
      Hmone Gyi လုပ်တဲ့ Pancake လဲစားချင်သေးတယ် 😀
      • chowutyee says:
        ဖက်တီးကတော့လေ နံမည်နဲ့ လိုက်အောင် စားဖို့ပဲပြောနေတယ်… 😉
  2. စန္ဒကူး says:
    ကူးကူးလဲခဏခဏလုပ်စားဖြစ်တယ်..အတိကျတော့မချိန်ဘူး..
    လက်မှန်းနဲ့ဘဲ လုပ်လိုက်တာ…
    ဂျုံ၊ နွားနို့၊ ကြက်ဥ၊ ထောပတ် နဲနဲနဲ့၊ ရေကိုသမအောင်တစ်ခါတည်းမွှေပီး
    အိုးပူပူမှာလောင်းထည့်လိုက်တာဘဲ…
    နူးညံ့နေတာဘဲ..ဆီတော့ ထပ်မထည့်တော့ဘူးအိုးထဲမှာ..
    ဆော်ဒါနဲ့ဆားတော့ မထည့်ဖူးသေးဘူး..
    ဒီတစ်ခါနဲနဲစမ်းကြည့်အုံးမှနော်..း)
    • chowutyee says:
  3. Victoria says:
    Hi sis,
    Is the baking soda same with baking powder. I cannot find any baking powder, I only found the pancake mix. Can I use pancake mix instead of baking powder? Thanks alot
  4. cheerry says:
    ညီမလေးရေ… မမလည်း ခုနောက်ပိုင်း ဒီနည်းလေးအတိုင်း ခဏခဏလုပ်ကျွေးဖြစ်တယ်…ကလေးတွေအတွက်သန့်ရှင်းလတ်ဆတ်ပြီးအဟာရလည်းအပြည့်ပဲမို့ အရမ်းကျေးဇူးတင်မိတယ်ညီမရေ…ညီမဆီကပဲအမြဲယူရတဲ့သူပဲဖြစ်နေလို့အားနာမိတယ်နော်…အစ်မကမန္တလေးကမို့ ညီမလေးရောက်ဖြစ်ရင် ဝင်ပါနော်..အစ်မဆီကြိုပြီးမေးပို့နော် …..အစ်မတစ်လှည့်ပြန်ပြီးဧည့်ခံပါရစေ ညီမလေးရေ…
    • admin says:
      ခုလို ဖိတ်တာမို့ အရမ်းကျေးဇူးတင်ပါတယ် အစ်မ။ ၀တ်ရည် မန္တလေးလာလည်ဖြစ်ရင် အကြောင်းလိုက်မယ်နော်.. ကျေးဇူးပါ.. 😉
Leave a Reply
Your email address will not be published. Required fields are marked *