ဖက်ထုပ်ကြော်
ကြွပ်ကြွပ်ရွရွ ဖက်ထုပ်ကြော်
ဖက်ထုပ်ကြော်ကို ဆိုင်တော်တော်များမှာ မှာယူစားသောက်နိုင်ပါတယ်။ အိမ်မှာလည်း အစာပြေအနေနဲ့ အလွယ်တကူ ကြော်စားနိုင်အောင် ရည်၇ွယ်ပြီး တင်လိုက်ခြင်းဖြစ်ပါသည်။ ကြွပ်ကြွပ်ရွရွနဲ့ အရသာကောင်းမွန်သော ဖက်ထုပ်ကြော်ကို စားသွားပါအုန်း……
ပါဝင်သောပစ္စည်းများ
၁။ ဖက်ရွက် – ၃၀
၂။ ၀က်သား – ၁၀ကျပ်သား (နှုတ်နှုတ်ဆင်းပါ)
၃။ ပုဇွန် – ၁၀ကျပ်သား (နှုတ်နှုတ်ဆင်းပါ)
၎။ ဘိုစားပဲ – ၅ကျပ်သား (နှုတ်နှုတ်ဆင်းပါ)
၅။ မုန်လာဥနီ – ၁ခု (နှုတ်နှုတ်ဆင်းပါ)
၅။ ကြက်သွန်မြိတ် – ၁ပင် (နှုတ်နှုတ်ဆင်းပါ)
၆။ ကြက်ဥ (အကာ) – ၁လုံး (ခလောက်ပါ)
ရ။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်
၈။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
၉။ သကြား – လက်ဖက်ရည်ဇွန်း တ၀က်
၁၀။ ကော်မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၁၁။ နှမ်းဆီ – လက်ဖက်ရည်ဇွန်း တ၀က်
ချက်ပြုတ်နည်း
၁။ နှုတ်နှုတ်ဆင်းထားသော (၀က်သား၊ ပုဇွန်၊ ကြက်သွန်မြိတ်၊ ဘိုစားပဲ၊ မုန်လာဥနီ)အားလုံးကို ခွက်တစ်ခုထဲသို့ ထည့်၍ ရောနုယ်လိုက်ပါ။
၂။ ပြီးလျှင် ကြက်ဥအကာ၊ ဆား၊ ကြက်သားမှုန့်၊ သကြား၊ ကော်မှုန့်၊ နှမ်းဆီ တိုကို ထည့်ရောထည့်နုယ်ပေးပါ။
၃။ ထို့နောက် အရသာ အပေါ့အငံကိုကြည့်ပြီး အနေတော်လျှင် ဖက်ရွက်ထောင့် စွန်းလေးများကို ကြက်ဥ ၁လုံးကို ခလောက်ပြီး လိုက်သုတ်ပေးပါ။
၎။ ပြီးနောက် ဖက်ရွက်ပေါ်သို့ ရောနုယ်ထားသော အစားပလာ (စားပွဲတင်ဇွန်း တ၀က်) အရွယ် အလုံးလေးများလုပ်၍ ထည့်ပေးပြီး ဖက်ရွက်ကို တြိဂံပုံ တ၀က်ခေါက်လိုက်ပါ။
၅။ ပြီးလျှင် ဒယ်ထဲ ဆီများများထည့်၍ ခေါက်ထားသော ဖက်ထုပ်များကို (အထဲမှ အသားများကျက်အောင်) မီးနည်းနည်းဖြင့် အညှိရောင်သန်းလာသည် အထိကြော်ပေးပါ။
၆။ ကြွပ်ကြွပ်ရွရွဖြင့် စားလို့ကောင်းသော ဖက်ထုပ်ကြော်ကို စားသုံးနိုင်ပါပြီး။
22 comments
  1. Hmone Gyi says:
    sar chin sa yar gyi…lote sar own ma bae…yummy yummy
    • chowutyee says:
      ကိုယ် YKKO မှာမှာစားစားနေတဲ့ ဖက်ထုပ်နဲ့ အရသာခြင်း ခပ်ဆင်ဆင်ပဲ.. ဒါပေမယ့် ငါကြော်တဲ့ ဖက်ထုပ်က အသားပိုများတယ်.. ဟီးဟီး.. 🙂
      • Fatty says:
        YKKO ကကြေးအိုးက ဘယ်တော့သောက်ရမှာတုန်း၊ အလကားသောက်ရမှာလား? ပိုက်ပိုက်ပေးရအုံးမှာလား?
  2. Pwa says:
    thx for the recipe. will definitely soon.
  3. Fatty says:
    Fatty ကိုလဲလုပ်ကျွေးပါအုံး 🙂
    • chowutyee says:
      ဖက်တီး ကတော့ စားမှာပဲ စားမှာပဲ ငါကိုတော့ မတားနဲ့ ဆိုတဲ့ အတိုင်းပဲ :);)
  4. chowutyee says:
    ဖက်တီးက YKKO ဒီနေ့စားရမှာလေ.. free စားရမှာ စိတ်မပူနဲ့..
    • Fatty says:
      ဟီး၊ free စားရမှာဆိုတော့၊ အကင်တွေ၊ အအေးတွေ၊ ရေခဲဂျစ်တွေ၊ တခြားဟာတွေကော အလကားစားရမှာလား?
      • chowutyee says:
        ကြေးအိုး တစ်ခုထဲ ကျန်တာတွေ မပါဘူး..ကျန်တာက ကိုယ်ပိုက်ဆံနဲ့ ကိုယ်ရှင်းရမှာ.. ဟဲဟဲ.. 😉
  5. Hmone Gyi says:
    a sar pote lite tar naw…bal tuu treat mar lae heee..
  6. Angeline Jensen says:
    Dear Wutyee,
    Please may I know, why only must put egg white, and why not whole egg? if I put egg yoke also what will happen? I just asking naw, please don’t missunderstand me.
    Thanks,
    Angeline Jensen.
  7. chowutyee says:
    ဟင်းချက်ရင် ကြက်ဥအကာ ထည့်မယ့်အစား ကြက်ဥအနှစ်ပါ ထည့်ရင် ဘာဖြစ်မလဲ ဆိုတော့ အရသာမတူတော့ဘူးပေါ့… လိုအပ်လို့ရေးထားတာပါ..
ှုဥပမာပြောရရင်။ ။တရုတ်ကော်ရည်ဟင်းချိုမှာ ကြက်ဥအကာ ခလောက်ပြီး ထည့်ရမယ့်အစား အနှစ်ပါထည့်ရင် ဟင်းချိုကနောက်သွားပြီး စားမကောင်းတော့ပါဘူး…
  8. Angeline Jensen says:
    Thanks a lot Wutyee,
    I thought that it will distroy the whole food. I’ll will made this Sonday cuz I have dayoff.
    I would like to say thanks for Myanmar font. I download from your web site and now I can read your comment, but not easy to type it right now, need to practise.
  9. pyone pwint says:
    a ma,
    what’s phat ywat called in english?
    Thanks a ton,
    PP
  10. htoohtoo says:
    မမရေ…NO.3 မှာပါတဲ့(ဖက်ရွက်ထောင့် စွန်းလေးများကို ကြက်ဥ ၁လုံးကို ခလောက်ပြီး လိုက်သုတ်ပေးပါ။) ဆိုတာကြက်ဥအကာပဲလားမမ……ညီမလုပ်ကြည့်မလို့..^_^
    • chowutyee says:
      ကြက်ဥ တစ်လုံးလုံးကို ခလောက်ပြီ အစွန်းလေးတွေကို အနည်းငယ်သုတ်ပေးတာပါ။ ကြက်ဥမသုံးပဲ ရေသုံးမယ်ဆိုလည်း ရပါတယ်.. လုပ်စားကြည့်ပါ
  11. […] February 8, 2010 ဖက်ထုပ်ကြော် […]
Leave a Reply
Your email address will not be published. Required fields are marked *