Valentine Day လက်ဆောင် ဟင်းလျာ

Valentine Day လက်ဆောင် ဟင်းလျာ

Valentine Day ရောက်တော့မှာ ဟုတ်လို့ ချစ်သူအတွက် ဆိုတဲ့ ဟင်းလျာကို အထူးရည်ရွယ်ပြီး တင်လိုက်ခြင်းဖြစ်ပါတယ်။ Valentine Day မှာ ချစ်သူကို ဘာလက်ဆောင် ပေးရမလဲ စဉ်းစားလို့ ခေါင်းရှုပ်နေကြပါသလား။ ချစ်သူအတွက် အထူးလက်ဆောာင် အနေနဲ့ ဒီဟင်းလျာလေးကို ချက်ကျွေးလိုက်ကြပါ။

ပါဝင်သောပစ္စည်းများ

၁။ အမဲသား – ၂၀ကျပ်သား

၂။ Mustard – စားပွဲတင်ဇွန်း ၁ဇွန်း (CityMart ဆိုင်တွင် ၀ယ်ယူနိုင်ပါသည်)

၃။ Barbecue ဆော့ – စားပွဲတင်ဇွန်း ၁ဇွန်း

၎။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၅။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်

၆။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

၇။ ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း

ချက်ပြုတ်နည်း

၁။ အမဲသားကို အရှည် ၂လက်မအရွယ် ပါးပါးလှီးပေးပါ။

၂။ ပြီးလျှင် အမဲသားကို (mustard၊ barbecue ဆော့၊ ငရုတ်ကောင်းမှုန့်၊ ကြက်သားမှုန့်၊ ဆား၊ ဆီ) တို့ဖြင့် ရောနုယ်လိုက်ပါ။

၃။ မိနစ် ၃၀ခန့် ရေခဲသေတ္တာထဲ ထည့်၍ နုပ်ထားပေးပါ။

၎။ မချက်ခင် ၅မိနစ်ခန့် ကြိုထုတ်ထားပါ၊ ပြီးလျှင် ဒယ်(Non-stick fry pan) ထဲ အမဲသားပြားများကို ၃သုတ်ခွဲထည့် မီးနည်းနည်းဖြင့် အညှိရောင်သန်းလာသည်အထိ ကင်ပေးပါ။

၅။ ပြီးလျှင် ကင်ထားသော အမဲသားများကို Oven (၂၀၀ ဒီဂရီ) ဖြင့် ၁၅မိနစ်ခန့် ထပ်ကင်ပေးပါ။

၆။ Oven ဖြင့် ကင်နေစဉ် broccoli ကိုအတုံးလေးများတုံးပြီး ရေနွေးဖြင့် ၅မိနစ်ခန့် ပြုတ်ပေးပါ။ ပြီးလျှင် ဇကာဖြင့် ပြန်ဆယ်ပြီး ရေအေးပြန်စိမ်ပါ။ ပြီးလျှင် broccoli ကို သကြား၊ ဆား (လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ) ထည့်ရောမွှေပေးပါ။

၇။ ထို့နောက် ပန်းကန်ပြားတစ်ခုပေါ်တွင် broccoli နှင့် strawberry များကို ပုံတွင်ပါသည့်အတိုင်း အသဲပုံဖော်စီလိုက်ပါ။

၈။ ပြီးနောက် Oven ဖြင့်ကင်ထားသော အမဲသားများကို အသဲပုံဖော်ထားသော ပန်းကန်ထဲ စီထည့်လိုက်ပါ။

၉။ သင့်ချစ်သူအတွက် Valentine Day အထူးလက်ဆောင် ဟင်းလျာကို ရရှိပါပြီး။

12 comments

  1. Hmone Gyi says:

    wow wow wo so romatic heee 😉 like lote own ma LOL

  2. Trader Begger says:

    i am only interested in grilled beef..

  3. Ma Ei says:

    အသဲပုံလေးနဲ့  မိုက်တယ်ဟေ့…ညီမလေး ရေ။
    မမ ရဲ့  hubby ကို ချက်ကျွေးလိုက်ဦးမယ်…း)

  4. Ma Yee Mon says:

    Wow! It looks delicious! Thanks for your post Yee.

  5. zaw says:

    အဲဒါမျိုးလေးတွေကို တစ်နေ့တစ်နက်စီပဲ စားချင်ပါတယ်နော်
    ချက်ကျွေးတဲ့သူရှိရင်ပေါ့ဗျာ

  6. ခင်ယမုံ says:

    အမိုက်စားလေးပါလား ညီမလေးရေ..
    ချက်ကျွေးရမှာပေါ့ကွယ်..
    🙂
    ကျေးဇူးညီမလေး

  7. […] February 3, 2012 Valentine Day လက်ဆောင် ဟင်းလျာ […]

Leave a Reply

Your email address will not be published. Required fields are marked *