လာအိုစတိုင် ငါးရံပေါင်း
လာအိုစတိုင် ငါးရံပေါင်း
လာအိုစတိုင် ငါရံပေါင်း ကို အုန်းနို့နဲ့ ချက်ထားလို့ အရသာက စိမ့်နေသည့် အပြင် ပင်စိမ်းပါလို့ အနံလေးကလည်း သင်းနေပါတယ်။ လာအိုလိုကတော့ မိုပလို့ခေါ်ပါတယ်.. ၀တ်ရည် ဟင်းအစုံချက်ဖူးပါတယ်၊ ဒါပေမယ့် လာအိုဟင်း ကိုတော့ ပထမဆုံး ချက်ဖြစ်လို့ ချက်နည်းလေးကို တင်လိုက်တာပါ။
ပါဝင်သောပစ္စည်းများ
၁။ ငါးရံ – ၃၀ကျပ်သား
၂။ ငါးဖယ် – ၅ကျပ်သား
၃။ ကြက်ဥ – ၁လုံး (ခလောက်ပါ)
၎။ ငရုတ်ပွအနီအနှစ် – စားပွဲတင်ဇွန်း တ၀က် (ငရုတ်ပွ ၄ခုပြုတ်ပြီး၊ ကျေညှပ်အောင် ထောင်းပါ)
၅။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၆။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၇။ အုန်းနို့ (Coconut Cream)
၈။ ငံပြာ၇ည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၉။ သကြား – လက်ဖက်ရည်ဇွန်း တ၀က်
၁၀။ ပင်စိမ်း – ၁စည်း (နှုတ်နှုတ်ဆင်းပါ)
ချက်ပြုတ်နည်း
၁။ ငါးရံကို အရေခွံနွာ၊ အရိုးထုတ်ပြီး ငါးရံအသားများကို နှုတ်နှုတ်ဆင်းပါ။
၂။ ပြီးလျှင် ခွက်တစ်ခုထဲသို့ ထောင်းထားသော ငါးဖယ်ကို နှုတ်နှုတ်ဆင်းထားသော ငါးရံသားများဖြင့်ေ၇ာနုယ်လိုက်ပါ။
၃။ ပြီးလျှင် ငါးရံနုယ်ထားသော ခွက်ထဲသို့ ငရုတ်သီးအနှစ်(စားပွဲတင်ဇွန်း တ၀က်)၊ အုန်းနို့(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ကြက်ဥ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ နှုတ်နှုတ်ဆင်းထားသော ပင်စိမ်း၊ ဆား၊ ကြက်သားမှုန့် တို့ကို ထည့်နုယ်လိုက်ပါ။
၎။ ထို့နောက် ပုံတွင် ပါသည့်အရွယ် အလုံး ၃လုံးလုံးလိုက်ပါ။
၅။ ပြီးနောက် ပေါင်းအိုးထဲထည့်၍ ၁၅မိနစ်ခန့်ပေါင်းပေးပါ။
၆။ ပေါင်းနေစဉ်အတွင်း ဒယ်ထဲသို့ အုန်းနို့(စားပွဲတင်ဇွန်း ၃ဇွန်း)၊ သကြား၊ ငံပြာရည် မီးနည်းနည်းဖြင့် မပျစ်မကျဲ အနေထားသို့ေ၇ာက်အောင် စက္ကန့်အနည်းငယ် တည်ထားပေးပါ။
ရ။ ပေါင်းပြီးလျှင် ငါးရံပေါင်းကို ကို တ၀က်ဝက်ပြီး ပန်းကန်ပြားပေါ်တင်လိုက်ပါ၊ ပြီးမှ ချက်ထားသော အုန်းနို့အရည်ကို အပေါ်မှ လောင်းချလိုက်ပါ။
၈။ စားလို့ကောင်းပြီး အနံသင်းနေသည့် လာအိုစတိုင် ငါးရံပေါင်းကို သုံးဆောင်သွားပါအုန်းနော်…
8 comments
  1. Hmone Gyi says:
    wow i miss that food….wanna eat again…wanna try too heee …last time kha ko har tawe ko ko phyo ko feed lite tar top sar bar tal heee 😉 take care urself too
    • chowutyee says:
      ဟားဟား.. ကိုယ်နောက်တစ်ခါကျရင် ပြန်ချက်ကျွေးပါမယ်… Yes, I will take care my health also.. 🙂
  2. Fatty says:
    Yummy Yummy!!!
  3. ma khaing says:
    အမကလာအိုမှာနေတာပါ။ ဒီမှာကတော့ ငှက်ပျောရွက်ထဲထည့်ပြီး ပေါင်းထားတာတော့ တွေ့တယ်။ ဈေးထဲမှာရောင်းတာလေ။ နောက်နေ့ဈေးသွားမှ မိုပလားလို့မေးကြည့်အုံးမယ် နော်။ အိမ်မှာလဲ လုပ်စားကြည့်ပါအုံးမယ်။ ကျေးဇူး ညီမလေးရေ။
  4. Evelynn says:
    အမရေ ငါးတွေကို အင်္ဂလိပ်လို ခေါ်တာလေး လဲ ရေးပါလား။ သမီး က ငါးကိုမြင်တာနဲ့ မသိလို့ မ၀ယ်တတ်လို့ပါ။
  5. zinzin says:
    အိမ်မှာလုပ်စားအုံးမယ်
Leave a Reply
Your email address will not be published. Required fields are marked *