ဝက်သား တောက်တောက်ကြော်
ဝက်သား တောက်တောက်ကြော်
တရုတ်စားသောက်ဆိုင်တိုင်း လိုလိုမှာ မှာယူစားသာက်နိုင်သော ၀က်သား တောက်တောက်ကြော်ကို အိမ်မှာ ကိုယ်တိုင် ချက်စားကြည့်ကြရအောင်။
ဝက်သားပြားတွင် ပါဝင်သော ပစ္စည်းများ
၁။ ၀က်သား (အဆီမပါ) – ၂၀ကျပ်သား (နှုတ်နှုတ်စင်းပါ)
၂။ ကြက်သွန်ဖြူ – ၃ခု (နှုတ်နှုတ်ဆင်းပါ)
၃။ ဘဲဥ – ၁လုံး (ခလောက်ပါ)
၎။ ပဲငံပြာရည်(အနောက်) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၅။ ကော်မှန့်  – စားပွဲတင်ဇွန်း ၁ဇွန်း
၆။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်
၇။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
၈။ သကြား – လက်ဖက်ရည်ဇွန်း ၃ပုံ ၁ပုံ
ချက်ပြုတ်နည်း
၁။ ၀က်သားပြားတွင် ပါဝင်သော ပစ္စည်း (၀က်သား၊ ကြက်သွန်ဖြူ၊ ဘဲဥ၊ ကော်မှုန့်၊ ပဲငံပြာရည်၊ ဆား၊ ကြက်သားမှုန့်၊ သကြား) အားလုံးကို သမအောင် ရောနုယ်ပေးပါ။
၂။ ပြီးလျှင် ၀က်သားကို ၁လက်မအရွယ် အလုံးလေးများ ရခု လုပ်လိုက်ပါ။
၃။ ထို့နောက် ဒယ်ထဲ ဆီများများထည့်၍ ၀က်သားပြားများကို နီညှိရောင်သန်းလာသည်အထိ ထည့်ကြော်ပေးပါ။
၎။ ပြီးနောက် ၀က်သားပြားကြော်များကို ဇကာဖြင့် ဆယ်ပြီး ဆီပြန်စစ်ထားပေးပါ။
ဆော့အရည်တွင် ပါဝင်သောပစ္စည်းများ
၁။ မုန်လာဥနီ – ၂ခု(အ၀ိုင်းလှီးပါ)
၂။ ဘိုစားပဲ – ၇ခု (အရှည် အစောင်းလှီးပါ)
၃။ ရွှေပဲ – ၁၅ခု (တ၀က်ဝက်ပါ)
၎။ ပန်းပွင့် – တစိတ် (အတုံးလေးများ တုံးပါ)
၅။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၆။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၇။ ပဲငံပြာရည်(အနောက်) – စားပွဲတင်ဇွန်း ၁ဇွန်း
၈။ ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
၉။ ကြက်သွန်ဖြူ – ၁ခု (နှုတ်နှုတ်ဆင်းပါ)
၁၀။ ကြက်ဥ (အကာ) – ၁လုံး (ခလောက်ထားပါ)
ဆော့ရည် ချက်ပြုတ်နည်း
၁။ မုန်လာဥနီ၊ ရွှေပဲ၊ ဘိုစားပဲ၊ ပန်းပွင့် ကို ရေနွေးဖြင့် ၂မိနစ်ခန့် ဖျော်ပေးပါ။ ပြီးလျှင် ရေခဲရေပြန်စိမ်ပေးပါ။
၁။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီး ကြက်သွန်ဖြူထည့် အညှိရောင်သန်းလာသည် အထိ ဆီသပ်ပေးပါ။
၂။ ပြီးလျှင် မုန်လာဥနီ၊ ဘိုစားပဲ၊ ရွှေပဲ၊ ပန်းပွင့် များကို ထည့်ကြော်ပေးပါ။
၃။ ထို့နောက် ဆား၊ ကြက်သားမှုန့်၊ ပဲငံပြာရည် ကိုထည့်ပြီး ၃မိနစ်ခန့် မွှေပေးပါ။
၎။ ပြီးနောက် ဟင်းရွက်ပြုတ်ရည် လက်ဖက်ရည်ပန်းကန်လုံး ၅လုံးထည့်ပေးပါ။
၅။အရွက်များ နူသွားလျှင် ကြော်ထားသော ၀က်သားများကို ထည့်ပြီ မွှေလိုက်ပါ။
၅။ ဆော့ရည် ပွက်ပွက်ဆူလာလျှင် ကော်မှုန့်ကို ရေဖြင့်ဖျော်ပြီး ထည့်ပေးပါ။
၆။ ပြီလျှင် ခလောက်ထားသော ဘဲဥအကာကို ထည့်၍ နာနာမွှေပေးပါ။
၇။ တရုတ်စတိုင် ၀က်သားတောက်တောက်ကြော်ကို ထမင်းပူပူလေးနဲ့ တွဲစားကြရအောင်…
44 comments
  1. Trader begger says:
    looks very nice, sister.
  2. Hmone Gyi says:
    wow look so professional and looking nice and wanna eat…will really try this one..i have pork at home heee
    • chowutyee says:
      ဟားဟား ဒီတစ်ခါတော့ ကိုယ်လုပ်စားပြီးရင် feedback ပြန်ပေးနော်..း)
  3. Pwa says:
    Hi, looks very nice. i’ll definitely try and let you know. thanks.
  4. Evy says:
    Deli…cious….Thanks for sharing. I m going to replace pork with chicken and try it out soon.
    • chowutyee says:
  5. Hmone Gyi says:
    i prefer pork than chicken..chicken also nice…some times..i tried with chicken liver..it taste nice too
    • chowutyee says:
      ကိုယ်ချက်ပြီးပြီးလား.. ဒီနေ့ညချက်မယ်ဆိုး)
      • Hmone Gyi says:
        i cooked but only with other vegetable b/c i was lazy to go supermarket to buy….it taste really nice 😉 very delicious hee 😉
  6. chowutyee says:
    တော်လိုက်တဲ့ ငါ့အမွှာလေးပါလား.. ဟဲဟဲ good job 🙂
  7. Pwa says:
    Hi,
    I have tried last week and it turned very good. thanks for sharing the recipe.
    • chowutyee says:
      Heee .. ဟုတ်တယ် ၀တ်ရည်လည်း ၀က်သားတောက်တောက်ကြော်ကို အရမ်းကြိုက်တယ်.. ခုလိုချက်လို့လည်း အရမ်းကျေးဇူးတင်ပါတယ်နော်..း)
  8. pyayko says:
    ကဲ ဝတ်ရည်.. လုပ်စားလိုက်ပြီဟေ.. ကောင်းတယ်ဗျာ့… ကြော်နေတုန်း တရုတ်မဆာလာလေးထဲ့… ဟင်းရွက်ကြော်ကို အသားနဲ့ပြန်ရောပြီး ငြုပ်ကောင်းမှုန့်လေးထဲ့လိုက်တယ်… ပူပူလေးဆိုတော့ မွှေးနေတာပဲ.. ပြန်တောင်စားချင်လာပြီး …. 😛
    • chowutyee says:
      ကိုပြေကိုလုပ်တာနဲ့ ၀တ်ရည်တောင် ပြန်စားချင်လာပြီး… ငရုတ်ကောင်းနံ့က ဒီကတောင် ရတယ်၊ မွှေးနေတာပဲ.. 😉
  9. moe says:
    I wil try to cook this recipes for dinner .I have tried sweet and sour fried chicken ,it is new recipes for me they said that very good .thanks alot
  10. moe says:
    I would like to know chinese pepper is 5 powder ? I will try to cook it, and pyayko’s recommed with chinese pepper ….may be more nice .thanks for sharing .
    • chowutyee says:
      Moe ရေ chinese pepper က Five Spice Powder နဲ့ မတူပါဘူး။ Chinese Five Spice Powder က supermarket တွေမှာ လွယ်တကူကူ ၀ယ်ယူလို့ရပါတယ်.. Thanks now.. 🙂
  11. ခင်ယမုံ says:
    ညီမလေးရေ..
    အစ်မက ဝက်သားကိုသပ်သပ်မကြော်ပဲ အရွက်ကြော်ထဲဒီအတိုင်းထည့်ပြီး ကြော်စားတာများတယ်..
    ဒီတစ်ခါညီမလေးပြောသလို သေသေချာချာကြော်စားမယ်..
    မွှေးနေမှာပဲ..ကျေးဇူးနော်ညီမလေး
    🙂
  12. နေသွန်းပြည့်စုံ says:
    မမ ၀တ်ရည်ရေ….ညီမလေး ကတော့ အိမ်သားများတော့ ၀က်သားတောက်တောက် ကြော် ဖို. ခပ်သေးသေး လုပ်ပြီး….ကော်ရည် စီးစီး လေး နဲ. အရွက်ကြော်ရောင်စုံ လေး နဲ. ကြော်စားမယ်.
  13. khin thandar says:
    Sis How to call ဘိုစားပဲ and ရွှေပဲ in English ? because I don’t know that.
  14. winnie says:
    sis,what does it mean by “hinn ywet pyote yay”? How can I get it?
    • chowutyee says:
      မုန့်လာဥနီ၊ ဘိုစားပဲတို့ကို ရေနွေးနဲ့ပြုတ်ထားတဲ့ အရည်ကို ပြောတာပါ။
  15. winnie says:
    thanks sis.I will try it 🙂
  16. Mia says:
    sis, 20 kyet thar is how many kg or pound?
  17. […] February 25, 2012 ၀က်သား တောက်တောက်ကြော် […]
  18. Bera says:
    Thank you for u r food house.
  19. phyu says:
    ဒီနေ့ချက်စားတာကလေးတွေအ၇မ်းကြိုက်လို့ကျေးဇူးပါဝတ်ရည်
  20.ဲJunelay says:
    စားချင်စရာတွေချဉ်းပဲနော် မမ ၀တ်ရည်
    • admin says:
  21. thwethwelatt says:
    ဖတ်သွားပါတယ်၊အိမ်မှာပြန်ချက်မယ်နော်
  22. Su hlaing thin says:
    တရုတ်စတိုင် ဝက်သားလုံးချိုချဉ်လုပ်နည်းလေးပြောပြပေးပါလား
  23. Mee says:
    mite 😀
  24. Dr. Khin Yi Oo says:
    I wanted to make this dish and looked it up on your web site. It was there. Thank you. I love your web site. My daughter in law and I like to experiment new dishes for the family.
Leave a Reply
Your email address will not be published. Required fields are marked *